BREAKING NEWS

ေႏြစပါးေစ်းႏႈန္းက်ဆင္းမႈနဲ႕ပတ္သတ္ၿပီး  ေဆြးေႏြးညိွႏိႈင္းေန

ေႏြစပါးေစ်းႏႈန္းက်ဆင္းမႈနဲ႕ပတ္သတ္ၿပီး ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ အစိုးရနဲ႕ ေဆြးေႏြးညိွႏိႈင္း မႈမ်ားျပဳလုပ္လ်က္ရွိေနေၾကာင္း အဆိုပါအသင္းခ်ဳပ္မွသိရပါတယ္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ေႏြစပါးေစ်းႏႈန္းက်ဆင္းမႈ တင္ျပခ်က္အရႏိုင္ငံေတာ္အစိုးရဘက္မွ  ေစ်းႏႈန္း ေစ်းကြက္ဆိုင္ရာအၾကံေပးအဖြဲ႕ နဲ႕ေဆြးေႏြးညိွႏိႈင္းမႈမ်ားလုပ္ေဆာင္လ်က္ရွိေနေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္မွ ရံုးအဖြဲ႕မွဴး ဦးျမင့္လြင္ကေျပာပါတယ္။

“ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ကတာဝန္ရွိသူေတြက အစိုးရဘက္က အဖြဲ႕နဲ႕ သြားေရာက္ေတြ႕ဆံု ၿပီး ေဆြးေႏြးညိွႏိႈင္းေနပါတယ္။ မေန႔က သြားေရာက္ေတြ႕ဆံုတာပါ။ ေရွ႕ဆက္ၿပီးေဆာင္ရြက္မယ့္လုပ္ ငန္းစဥ္ေတြခ်မွတ္သြားမယ္။အေသးစိတ္ကေတာ့ ဆံုးျဖတ္ခ်က္မခ်ရေသးပါဘူး”

ေႏြစပါးေစ်းႏႈန္းက်ဆင္းမႈကိုထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ဆန္စပါးေစ်းကြက္နဲ႕ ေစ်းႏႈန္းဆိုင္ရာသံုးသပ္ အၾကံျပဳတင္ျပေရး အဖြဲ႕ ဖြဲ႕ကာ ဆန္စပါးေစ်းႏႈန္းမ်ား သတ္မွတ္ႏုိင္ေရးအတြက္ စီစဥ္ေဆာင္ရြက္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းလည္းသိရပါတယ္။

၂၀၁၉ ခုႏွစ္ ေႏြစပါးေပၚခ်ိန္မွာ စပါးေစ်းက်ဆင္းေနျခင္း နဲ႕ ေတာင္သူမ်ားအခက္အခဲျဖစ္ေနျခင္းကို ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ပါဝင္ကူညီ ပူးေပါင္းေဆာင္ရြက္ေပးရန္ ၂၀၁၉ ခုႏွစ္ ေမလ(၁၈) ရက္ေန႕ က ထုတ္ျပန္ေၾကျငာခဲ့ေၾကာင္းသိရပါတယ္။

အဆိုပါေႏြစပါးေစ်းႏႈန္းက်ဆင္းမႈနဲ႕ပတ္သတ္၍ ၂၀၁၈ ခုႏွစ္ မွစတင္ကာ သက္ဆိုင္ရာ ဝန္ႀကီး ဌာန မ်ားကို အၾကံျပဳတင္ျပထားေၾကာင္းလည္း ျမန္္မာႏိုင္ငံဆန္စပါးအသင္း ခ်ဳပ္ထုတ္ျပန္ခ်က္အရသိရ ပါတယ္။

ယခုလက္ရွိ ေႏြစပါးေစ်းႏႈန္းမွာ တင္းတစ္ရာကို က်ပ္ ငါးသိန္းေအာက္ေရာက္ရွိေနတာျဖစ္ေၾကာင္း လည္း သိရပါတယ္။

Unicode ျဖင့္ဖတ္ရန္

နွေစပါးဈေးနှုန်းကျဆင်းမှုနဲ့ပတ်သတ်ပြီး ဆွေးနွေးညှိနှိုင်းနေ
နွေစပါးဈေးနှုန်းကျဆင်းမှုနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အစိုးရနဲ့ ဆွေးနွေးညှိနှိုင်း မှုများပြုလုပ်လျက်ရှိနေကြောင်း အဆိုပါအသင်းချုပ်မှသိရပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ နွေစပါးဈေးနှုန်းကျဆင်းမှု တင်ပြချက်အရနိုင်ငံတော်အစိုးရဘက်မှ ဈေးနှုန်း ဈေးကွက်ဆိုင်ရာအကြံပေးအဖွဲ့ နဲ့ဆွေးနွေးညှိနှိုင်းမှုများလုပ်ဆောင်လျက်ရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။
“ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကတာဝန်ရှိသူတွေက အစိုးရဘက်က အဖွဲ့နဲ့ သွားရောက်တွေ့ဆုံ ပြီး ဆွေးနွေးညှိနှိုင်းနေပါတယ်။ မနေ့က သွားရောက်တွေ့ဆုံတာပါ။ ရှေ့ဆက်ပြီးဆောင်ရွက်မယ့်လုပ် ငန်းစဉ်တွေချမှတ်သွားမယ်။အသေးစိတ်ကတော့ ဆုံးဖြတ်ချက်မချရသေးပါဘူး”
နွေစပါးဈေးနှုန်းကျဆင်းမှုကိုထိန်းချုပ်နိုင်ရေးအတွက် ဆန်စပါးဈေးကွက်နဲ့ ဈေးနှုန်းဆိုင်ရာသုံးသပ် အကြံပြုတင်ပြရေး အဖွဲ့ ဖွဲ့ကာ ဆန်စပါးဈေးနှုန်းများ သတ်မှတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။
၂၀၁၉ ခုနှစ် နွေစပါးပေါ်ချိန်မှာ စပါးဈေးကျဆင်းနေခြင်း နဲ့ တောင်သူများအခက်အခဲဖြစ်နေခြင်းကို နိုင်ငံတော်အစိုးရအနေဖြင့် ပါဝင်ကူညီ ပူးပေါင်းဆောင်ရွက်ပေးရန် ၂၀၁၉ ခုနှစ် မေလ(၁၈) ရက်နေ့ က ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရပါတယ်။
အဆိုပါနွေစပါးဈေးနှုန်းကျဆင်းမှုနဲ့ပတ်သတ်၍ ၂၀၁၈ ခုနှစ် မှစတင်ကာ သက်ဆိုင်ရာ ဝန်ကြီး ဌာန များကို အကြံပြုတင်ပြထားကြောင်းလည်း မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်ထုတ်ပြန်ချက်အရသိရ ပါတယ်။
ယခုလက်ရှိ နွေစပါးဈေးနှုန်းမှာ တင်းတစ်ရာကို ကျပ် ငါးသိန်းအောက်ရောက်ရှိနေတာဖြစ်ကြောင်း လည်း သိရပါတယ





Leave a Reply

Your email address will not be published. Required fields are marked *