BREAKING NEWS

မြန်မာ့ကော်ဖီ ပြည်ပဈေးကွက်များကို စတင်တင်ပို့

ယခုနှစ်အတွင်း ထွက်ရှိတဲ့ မြန်မာ့ကော်ဖီစေ့အသစ်များကိုပြည်ပဈေးကွက်များကို  စတင်တင်ပို့ နေပြီဖြစ်ကြောင်း မြန်မာ နိုင်ငံ ကော်ဖီအသင်းမှ သိရ ပါတယ်။

ကော်ဖီလက်ကျန်များနဲ့အတူ အခုနှစ်အတွင်းထွက်ရှိတဲ့ ကော်ဖီစေ့အသစ်များကိုပါ ပြည်ပဈေးကွက် များ ကို တင်ပို့နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ ဥက္ကဌဦးရဲမြင့်ကပြောပါတယ်။

“တချို့လက်ကျန်လည်းတင်ပို့နေပါပြီ။အသစ်တွေလည်း စပြီးတင်ပို့နေပါပြီ။ ဒီနှစ်အတွင်းမှာ မှာထား တဲ့ တန်ချိန်အတိုင်း တင်ပို့သွားဖို့တော့ရှိပါတယ်။ခန့်မှန်းထားတာတော့မရှိဘူး။ခိုင်မြဲတဲ့ဝယ်လိုအား တွေရထားတော့ သိပ်အပြောင်းအလဲကြီးတော့မရှိပါဘူး”

ယခင်ဘဏ္ဍာနှစ်အတွင်းက မြန်မာ့ကော်ဖီတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၇သန်းဝန်းကျင်ရရှိခဲ့တာ ဖြစ်ကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့ကော်ဖီကို အမေရိကားကိုအဓိကထားတင်ပို့နေပြီး ဂျပန်နဲ့အီးယူနိုင်ငံများကိုလည်းတင်ပို့နေ ကြောင်းအဆိုပါအသင်းမှသိရပါတယ်။

ကော်ဖီသီးထွက်ရှိချိန်မှာ  နိုဝင်ဘာလမှမတ်လထိ ဖြစ်ပြီး ပြင်ဦးလွင်၊နောင်ချို၊ ရွာငံနဲ့မိုးကုတ်ဒေသ များမှာအများဆုံးစိုက်ပျိုးကြောင်းသိရ ပါတယ်။

မြန်မာ့ကော်ဖီမှာတစ်နှစ်လျှင်  မက်ထရစ်တန်ချိန် ၇၀၀၀ မှ ၈၀၀၀ ကြား ထွက်ရှိကြောင်း မြန်မာနိုင်ငံ ကော်ဖီအသင်းမှသိရပါတယ်။





Leave a Reply

Your email address will not be published. Required fields are marked *