BREAKING NEWS

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှဦးလှထွန်းနှင့်ဆက်သွယ်မေးမြန်းမှု

“သတင်းအချက်အလက်တွေကို တောင်သူတွေအနေနဲ့သတိထားနားထောင်ပြီးတော့ ကြိုတင် ပြင်ဆင်မှုလုပ်ပါ။ မိုးရွာမယ်ဆိုမိုးရွာ မယ့်သတိ ပေးချက်တွေထုတ်ပြန်တယ်။ဒီအပေါ်မှာ ဘာတွေများ ဖြစ်နိုင်လဲဆိုပြီးတော့ကြိုတင်ပြင်ဆင်မှု လုပ်ပါ။ အကြံပေးချင်တာ ကတော့ သတင်းတွေကိုမပျက် နား ထောင်ပေးပါ။ နားထောင်တဲ့သတင်းတွေ အပေါ် မှာလည်းအရေးတယူဆောင်ရွက်ပေးပါ။ စပါးတွေ ရိတ်ထားမယ်ဆိုရင် မိုးရွာနိုင်တယ်ဆို ရွှေ့ထားမယ် ဆိုရင်ပျက်စီးဆုံးရှုံးမှုနည်းတာပေါ့”

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်ဟာ သိသိသာသာလျော့နေပြီး လက်ရှိဖြစ်ပေါ်နေသော လေထုဖြစ်စဉ်များမှာလည်း လာနီညာအခြေအနေကို ရောက်ရှိနေကြောင်း မိုးဇလက ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားပါတယ်။

လာနီညာ ရာသီဥတုကြောင့် ယေဘူယျ အားဖြင့် မုန်တိုင်းများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ညအပူအချိန်များလျော့နည်းလာခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ်မိုးရွာသွန်းမှုဖြစ်စဉ်များဖြစ်ပေါ်လာနိုင်ပါတယ်။

လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်နေတဲ့တောင်သူများအနေနဲ့ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် အပျက်အစီးဆုံး ရှုံးမှုနည်းပါးစေ ရန်အတွက် အခုလက်ရှိရာသီဥတုအခြေအတွေနဲ့ ထူးခြားမိုးလေဝသ အခြေအနေတွေအရ ရာသီဥတုပြောင်းလဲ လာမှုတွေနဲ့ ပတ် သတ်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ ဦးလှထွန်းကို Pissaya Info မှ သတင်းထောက်အေးအေးကျော်က မေးမြန်းဆက်သွယ်ခဲ့ သည်များကို ဖော်ပြလိုက်ပါတယ်။

မေး။            ။အခု လက်ရှိရာသီဥတုအခြေအနေကိုပြောပြပေးပါဆရာ။

ဖြေ။            ။အခုလက်ရှိရာသီဥတု အနေအထားကတော့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေ လေတွေတိုက်မယ်။ မိုးတွေရွာမယ်။မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ၊မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေရောအပူများ တာပေါ့။အဲဒါကတော့အခုလက်ရှိ ရာသီဥတုမိုးလေဝသအခြေအနေ ရာသီဥတုအနေအထားပေါ့နော်။

မေး။            ။အခုလက်ရှိရာသီဥတုအနေအထားအရ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဘယ်လိုအကျိုး သက်ရောက်မှုတွေဖြစ်ပေါ် လာနိုင်ပါလဲ။

ဖြေ။            ။လက်ရှိရာသီဥတုအနေအထားအရ မိုးတွေရွာတာကတော့ မနေ့ကတော့ ပိုများတာ ပေါ့။ အဲဒီမတိုင်ခင်အထိတော့ နိုဝင်ဘာလ (၁၉)ရက်နေ့နေ့လည်ပိုင်းထုတ်ပြန်ချက်အရ (၂၀)ရက် ကနေ(၂၅) ရက်အထိ ထူးခြားမိုးလေဝသအခြေအနေအရ မိုးရွာမယ်အနေအထား ကိုထုတ်ပြန်ထား တာပေါ့။ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ပြင်ဆင်ဆောင်ရွက်ဖို့အတွက် ကျွန်တော်တို့ ထုတ်ထား တာ ပေါ့နော်။ မိုးရွာတဲ့အခါမှာ စိုက်ပျိုးရေးလုပ်ငန်းတွေထိခိုက်တာပေါ့။ ရေလိုတဲ့လုပ်ငန်းတွေတော့ မထိ ခိုက်ဘူးပေါ့။ရေလို တဲ့သီးနှံတွေ အတွက်ကျတော့ အဆင်ပြေတယ်။ ရေမလိုတဲ့ အသီးအနှံတွေ၊ နောက်ကျစိုက်တဲ့စပါးတွေအတွက်တော့ အနည်းအများတော့ထိခိုက်မှု တော့ရှိနိုင် တာပေါ့။

မေး။            ။၂၀၁၇ခုနှစ်ရာသီဥတုဖြစ်စဉ်ကိုလည်းသုံးသပ်ပေးပါဦး။

ဖြေ။             ။၂၀၁၇တစ်နှစ်လုံးရဲ့ရာသီဥတုဖြစ်စဉ်ကတော့ ၂၀၁၆ လောက်တော့မဆိုးဘူးပေါ့ နော်။ ထူးခြားတာကတော့ မုတ်သုန်ကုန်သွားပြီနောက်ပိုင်းတော့မိုးတွေရွာနေတာကထူးခြားတာပေါ့နော်။ အဲဒါက၂၀၁၇ရဲ့ထူးခြားမှုပေါ့နော်။ တောင်တရုတ်ပင်လယ်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းတွေကြောင့် လည်းပါတယ်။

မေး။            ။ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်နိုင်တဲ့သဘာဝဘေးကြိုတင်ကာကွယ်ရေးအစီအ စဉ်တွေနဲ့ပတ်သတ်ပြီး ဆရာတို့ဌာနအနေနဲ့ ဘာတွေလှုပ်ရှားဆောင်ရွက်မှုရှိနေလဲ။

ဖြေ။             ။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့တာဝန်ခံမှု၊တာဝန်သိမှုအတိုင်း သတိပေး ချက်တွေထုတ်တယ်။ မီဒီယာတို့၊ ရုပ်မြင်သံကြားတို့၊ရေဒီယိုတို့ မိုးလေဝသရဲ့ဝက်ဆိုဒ်နဲ့ ဖေ့ဘုတ်ပေ့ခ်ျ တွေမှာလည်း ထုတ်ပြန်တဲ့သတင်းတိုင်းကိုအချိန်နဲ့ တပြေးညီ တင်ပေးနေတယ်။ သတင်းမီဒီယာ၊ သက် ဆိုင်ရာဝန်ကြီးဌာနတွေ ကလည်းဖြန့်ဝေပေးတယ်။ ရာသီဥတုပြောင်းလဲမှု ကြောင့်ဖြစ် ပေါ်လာတဲ့ သဘာဝဘေး အန္တရာယ်တွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေလျော့ပါးစေဖို့အတွက် ကြိုတင်သတိပေး ချက်က အဓိကအခန်းကဏ္ဍ တစ်ခုအဖြစ်ပါ တာပေါ့။အခုလိုရာသီဥတုကြောင့် မိုးရွာသွန်းမှုဖြစ်ကြ တဲ့အခါမှာ ကြိုတင်သတိပေးချက်တွေရရင် ကြိုတင်ဆောင် ရွက်နိုင်တယ်ပျက်စီးဆုံးရှုံးမှုတွေ လျော့တာ ပေါ့။ ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ထမ်းဆောင်နေတာတွေပေါ့။

မေး။              ။စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့တောင်သူတွေအနေနဲ့ ဘယ်လိုတွေပြင်ဆင်ထားရမလဲ ဆိုတာအကြံ ပြုပေးပါဦး။

ဖြေ။              ။ထူးခြားမိုးလေဝသအခြေအနေဖြစ်စဉ်တွေအရ မိုးရွာတဲ့အခြေအနေတွေကြောင့် ၊ရာသီဥတုအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာမယ့်ဘေးအန္တရာယ်တွေကြောင့်ဖြစ်တဲ့ ပျက်စီးဆုံး ရှုံးမှုတွေ မဖြစ်ပေါ်အောင် အချိန်နဲ့တစ်ပြေးညီထုတ်ပြန်တယ်။ သတင်းအချက်အလက်တွေကို တောင် သူတွေအနေနဲ့သတိထားနားထောင်ပြီးတော့ ကြိုတင်ပြင်ဆင်မှုလုပ်ပါ။ မိုးရွာမယ် ဆိုမိုးရွာ မယ့်သတိ ပေးချက်တွေထုတ်ပြန်တယ်။ဒီအပေါ်မှာ ဘာတွေများဖြစ်နိုင်လဲဆိုပြီးတော့ကြိုတင်ပြင်ဆင်မှု လုပ်ပါ။ အကြံပေးချင် တာကတော့ သတင်းတွေကိုမပျက်နားထောင်ပေးပါ။ နားထောင်တဲ့သတင်းတွေ အပေါ် မှာလည်းအရေးတယူဆောင်ရွက်ပေးပါ။ စပါးတွေရိတ်ထားမယ်ဆိုရင် မိုးရွာနိုင်တယ်ဆို ရွှေ့ထားမယ် ဆိုရင်ပျက်စီးဆုံးရှုံးမှုနည်းတာပေါ့။  အချိန်အခါမဲ့မိုးရွာသွန်းတာတွေကို လိုက်လျောညီထွေရှိအောင် ဆောင်ရွက်ပေးပါ။

မေး။            ။အခုဆိုရင်ဆောင်းရာသီဝင်တော့ပေမယ့် မိုးရွာနေတော့ ဆောင်းပျောက်မယ်လို့ပြော နေတဲ့အပေါ်ဆရာ အနေနဲ့ သုံးသပ်ပေးပါဦး။

ဖြေ။            ။ဆောင်းကတော့မပီပြင်တော့တာကြာပြီ။ပြောချင်တာက နိုဝင်ဘာပဲရှိသေးတာလေ။ ဆောင်းရာသီစပေါ်တာက မုတ်သုန်ကုန်လောက်မှ ဖြစ်တာပါ။ ဒါကြောင့် ဆောင်းရာသီ ရောက်မ ရောက်ကိုတော့ စောင့်ကြည့်ပေးကြပါ။

မေး။            ။လက်ရှိမုန်တိုင်းအခြေအနေကိုလည်းသုံးသပ်ပေးပါဦး။

ဖြေ။             ။အခုလက်ရှိမုန်တိုင်းအခြေအနေက လေဖိအားနည်းရပ်ဝန်းမှာပဲအခြေအနေပဲရှိသေးတယ်။ ဘင်္ဂလားပင်လယ် အော်အနောက်တောင်ပိုင်းမှာအားကောင်းလာနိုင်ရင်မုန်တိုင်းဖြစ်နိုင်တဲ့ အခြေအနေရှိတယ်။(၂၆နဲ့၂၇)ရက်မှာခန့်မှန်းတာပေါ့။

ဖြေကြားမှုကိုကျေးဇူးတင်ပါတယ်။

အေးအေးကျော် (Interview)

 





Leave a Reply

Your email address will not be published. Required fields are marked *