BREAKING NEWS

အကျိုးတူလယ်ယာစနစ်အတွက်⁠ကြီး⁠ကြပ်ကွပ်ကဲ⁠ရေးအဖွဲ့ဖွဲ့စည်း⁠နိုင်ရန် တင်⁠ပြ⁠တောင်းဆိုထား

အကျိုးတူလယ်ယာစနစ်(Contract Farming) အတွက် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဖွဲ့စည်ရန်ကို စိုက်ပျိုးရေး၊ မွေးမြုရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာနနှင့်သက်ဆိုင်ရာဝန်ကြီးဌာနများသို့ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။

အကျိုးတူလယ်ယာစနစ်ဖော်ဆောင်တဲ့အခါမှာတိုင်းနဲ့ပြည်နယ်အလိုက် အချက်အလက်များတိကျစွာ သိရှိနိုင်ရန်နဲ့ စာချုပ်ပါအချက် အလက်များကို ညှိနှိုင်းပေးနိုင်ရန်အတွက် အကျိုးတူလယ်ယာစနစ် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်းရန် တင်ပြထာတားဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ရုံးအဖွဲ့မှူး ဦးမြင့်လွင်ကပြောပါတယ်။

“အကျိုးတူလယ်ယာစနစ်ကို တိုင်းနဲ့ပြည်နယ်တွေမှာ အကောင်အထည်ဖော်နေတာတွေရှိပါတယ်။ ဒါပေမယ့် ဘယ်တိုင်းမှာတော့ ဘယ်နှဧကလုပ်နေသလဲဆိုတာတိတိကျကျမသိရပါဘူး။အခုဆိုတောင် သူတွေနဲ့ကုမ္ပဏီတွေညှိပြီးစာချုပ်ချုပ်တဲ့အခါမှာ အဆင်မပြေ တာလေးတွေရှိနေတဲ့အတွက် အစိုးရ ကနေ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့လေးဖွဲ့ပေးဖို့အတွက်အစိုးရကို တင်ပြထားတာပါ”

အကျိုးတူလယ်ယာစနစ် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဖွဲ့စည်းရန် သက်ဆိုင်ရာစည်းမျဉ်းစည်း ကမ်း ၊စံနှုန်းများနဲ့အညီရေးဆွဲနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရပါတယ်။

အဆိုပါအဖွဲ့ဖွဲ့စည်းနိုင်ရန်အတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနဲ့သက်ဆိုင် ရာဌာနများကို တင်ပြတောင်းဆို ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှသိရပါတယ်။

အေးအေးကျော် (Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *