BREAKING NEWS

ကိုယ်စားလှယ်တွေအာပေါက်တော့မယ် ဝန်ကြီးဌာနကသဘော မပေါက်သေးဘူးလို့ပြည်သူ့လွှတ်တော်ဥက္ကဌပြောပြီ

လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရမှုတွေနဲ့ပတ်သက်ပြီး အောက်ခြေမှာ ဖြစ်ပျက်နေတာတွေကို လွှတ်တော်ကိုယ်စား လှယ်တွေ ဆွေးနွေးနေတာအာပေါက်တော့မယ် ဝန်ကြီးဌာနတွေသဘောမပေါက်သေးဘူး ဆိုပြီး နိုဝင်လာ ၂၂ ရက်မှာ ပြုလုပ်တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ ၂၂ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကနီ မဲဆန္ဒနယ်ကိုယ်စားလှယ် ဦးထွန်းထွန်း နိုင်ရဲ့ “သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ် တောများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် လုပ်ပိုင်ခွင့် ခွင့်ပြုချက် အမျိုးမျိုးဖြင့် မြေလက်ဝါးကြီးအုပ် ရယူထားမှုများ၌ ကာလအတန်ကြာ လုပ်ကိုင်ခဲ့ကြသော မူလတောင်သူများနှင့် လုပ်ပိုင်ခွင့် ရထားသူများအကြား မြေယာအငြင်းပွားမှုများကို လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများဖြင့် ပြန်လည် စိစစ်ဖြေရှင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေး အပြီး စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက ရှင်းလင်းပြီးနောက်မှာ လွှတ်တော်ဥက္ကဌက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေက လယ်ယာမြေနဲ့ အခြားမြေတွေ သိမ်းဆည်းခံရမှုတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက် အောက်ခြေမှာ ကြုံတွေ့ရတဲ့ တောင်သူတွေရဲ့ အခက်အခဲတွေ တရားရင်ဆိုင်နေရတာတွေ ကိုတင်ပြဆွေးနွေးခဲ့ကြတာပါ။
ဒါပေမယ့်ဝန်ကြီးဌာနဘက်က မူဝါတွေမပြတ်မသားချပြီး လွှတ်တော်မှာတိတိကျကျမဖြေခဲ့တဲ့အပြင် အပေါ်ယံရှပ်ပြီး လယ်ယာမြေ သိမ်းဆည်းခံရမှုတွေကို ဆောင်ရွက်နေကြောင်း ကိုသာ တင်ပြခဲ့တဲ့ အတွက် ဥက္ကဌက အခုလိုပြောခဲ့ တာလည်းဖြစ်ပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ဘယ်လောက်ပြန်ပေးပြီးပြီ ဘယ်နှစ်ရာခိုင်နှုန်းစွန့်လွှတ်ပြီးပြီဆိုတာကို လွှတ်တော်မှာ တိတိ ကျကျဖြေဖို့လိုအပ်ပြီး လယ်သိမ်းခံ တရားစွဲခံ ထောင်ကျခံနေရတဲ့ လယ်သမားတွေကို ကိုယ်ချင်းစာဖို့ကိုလည်းပြော ခဲ့ပါတယ်။

ဒုတိယအကြိမ်ပြုလုပ်တဲ့ လွှတ်တော်သက်တမ်း နှစ်နှစ်တာနီးပါးရှိလာပြီး ဒီကာလအတွင်းမှာ လယ်ယာမြေနှင့် အခြားမြေများသိမ်း ဆည်းခံရမှုတွေကိုဆွေးနွေးနေတာ ယိုသူမရှက်မြင်သူရှက် ဖြစ်နေပြီလို့ ဥက္ကဌကဆိုပါတယ်။

စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက လယ်ယာမြေ သိမ်းဆည်းခံရမှုတွေကို ဆောင်ရွက်နေကြောင်း ရှင်းလင်း တင်ပြတာနဲ့ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စီစစ်ရေးနဲ့ပတ်သတ်ပြီး တင်ပြတာ တွေကို လွှတ်တော်က မှတ်တမ်းတင်ကာ မျက်ခြေမပြတ် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ လွှတ်တော်အစည်း အဝေးမှတ်တမ်းတွေအရသိရပါတယ်။

source_ myanmaplatform





Leave a Reply

Your email address will not be published. Required fields are marked *