BREAKING NEWS

တရုတ်အဝယ်လိုက်နေခြင်းကြောင့် ဆန်ဈေးနှုန်းများအနည်းငယ်မြင့်တက်

တရုတ်ဘက်ကအဝယ်လိုက်နေတဲ့အတွက် ဆန်ဈေးနှုန်းများအနည်း ငယ်မြင့်တက်နေ တယ်လို့ ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံဆန်စပါးကုန် သည်များအသင်း ၊ ဝါးတန်းလမ်းကုန်စည်ဒိုင်မှ သိရပါ တယ်။

တရုတ်ဘက်က ကုန်သည်များက ဆန်များအဝယ်လိုက်နေတာကြောင့် ဆန်ဈေးနှုန်းများအနည်းငယ် မြင့်တက်နေတယ်လို့ ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ၊ ဝါးတန်းလမ်းကုန် စည်ဒိုင်မှ ကုန်သည်တစ်ဦးကပြောပါတယ်။

“ဆန်ဈေးတွေမြင့်တက်နေတာကတော့ တရုတ်ဘက်ကနေ အဝယ် လိုက်နေတဲ့ ဆန်တွေက ဈေးနှုန်းအနည်းငယ်မြင့် တက်နေတာပါ။ တစ်အိတ်ကို ကျပ် ၅၀၀ ဝန်းကျင်ကနေ ကျပ် ၁၀၀၀ ဝန်း ကျင်အထိ ဈေးနှုန်းတွေမြင့်တက်သွားတာပါ”

ယခင်တစ်ပတ်က ဧည့်မထဆန်ကွဲ (၂,၃,၄) ထိပ်စတစ်အိတ်ကို ကျပ် ၁၆၈၀၀ မှ ၁၇၂၀၀ ကျပ် ဖြင့် တစ်အိတ်ကို ၄၀၀ ကျပ် တက်လာ ကြောင်း ၊ ဧည့်မထဆန်ကွဲ ( ၁,၂)ထိပ်စတစ်အိတ်ကို ကျပ် ၁၇၅၀၀ မှ ၁၇၈၀၀ ဖြင့် တစ်အိတ်ကို ၃၀၀ ကျပ် တက်လာကြောင်း ၊ မိုးသုခ ရှယ် ထိပ်စတစ် အိတ်ကို ကျပ် ၂၅၅၀၀ မှ ၂၆၀၀၀ဖြင့်တစ်အိတ်ကို ၅၀၀ ကျပ်တက် လာကြောင်း ၊နွေသီးထပ်ရှယ်ထိပ်စတစ်အိတ်ကို ကျပ် ၂၅၀၀၀ မှ ၂၅၅၀၀ ကျပ် ဖြင့်တစ်အိတ်ကို ၅၀၀ ကျပ်တက်လာကြောင်း ၊ နွေဆန်ရက် (၉၀) လတ်စတစ်အိတ်ကို ကျပ် ၂၅၀၀၀ မှ ၂၆၀၀၀ ကျပ် ဖြင့် တစ်အိတ်ကို ကျပ် ၁၀၀၀ မြင့်တက်လာ ကြောင်း ရန်ကုန်မြို့ ၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည် များအသင်း ၊ ဝါးတန်း လမ်းကုန်စည်ဒိုင်ရဲ့ ဆန်ဈေးနှုန်းများအရသိရပါတယ်။

အေးအေးကျော် ( Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *