BREAKING NEWS

တစ်ပတ်အတွင်းဆန်⁠ဈေး⁠နှုန်းတင်⁠ပြချက်

ရန်ကုန်မြို့မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ၊ဝါးတန်းလမ်းကုန် စည်ဒိုင်ရဲ့ ယခုတစ်ပတ် ဆန်လက် ကားဈေးနှုန်းများ အရ ဆန်ကြမ်း ၊ ဆန်ချောဈေးနှုန်းများမှာတည်ငြိမ်နေကြောင်း ဝါးတန်းလမ်း ကုန်စည်ဒိုင်မှ သိရပါတယ်။
 
ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ဈေးနှုန်းမှာ ကျပ် ၄၂၀၀၀၊ လတ်စတစ်အိတ်မှာ ကျပ် ၃၉၀၀၀ ကျပ်၊ (မြောင်းမြ၊ပုသိမ်) ပေါ်ဆန်းဆန်ထိပ်စတစ်အိတ်မှာ ကျပ်၄၃၀၀၀၊ လတ်စတစ်အိတ်မှာ ကျပ် ၄၁၀၀၀ ရှိပြီး၊ ဒေးဒရဲပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ဈေးနှုန်း မှာ ကျပ် ၄၂၀၀၀၊လတ်စတစ်အိတ်မှာကျပ် ၃၉၀၀၀ ဖြင့် တစ်ပတ်အတွင်း ဆန်ချောဈေးမှာ တည်ငြိမ်နေကြောင်း သိရပါတယ်။
 
ဧည့်မထမိုးဆန်ထိပ်စတစ်အိတ်ကို ကျပ် ၂၃၅၀၀ ၊ လတ်စ တစ်အိတ် ကို ကျပ် ၂၀၅၀၀၊ငစိန် ထိပ်စ တစ်အိတ်ကို ကျပ် ၂၃၅၀၀ ၊လတ်စ တစ်အိတ်ကို ကျပ် ၂၁၀၀၀ ရှိပြီး ၊ နွေသီးထပ်ရှယ်တစ်အိတ် ကျပ် ၂၅၀၀၀၊ လက်စတစ် အိတ်ကို ၂၄၈၀၀ ရှိပြီးတစ်ပတ် အတွင်း ဆန်ကြမ်း ဈေးနှုန်းများမှာ တည်ငြိမ် နေကြောင်း သိရပါတယ်။
 
မိုးသုခရှယ်တစ်အိတ်ကျပ် ၂၅၅၀၀ ၊လတ်စ တစ်အိတ် ကျပ် ၂၅၃၀၀ နဲ့ပြည်ပပို့ဧည့်မထဆန် ၂၅ မှတ် တစ်အိတ်ကျပ် ၂၁၀၀၀၊ လက်စ တစ်အိတ်ကို ၂၀၅၀၀ ရှိပြီး ဝါးတန်း လမ်းကုန်စည်ဒိုင်ကို ဆန်အဝင်ပုံမှန် ရှိနေကာ အရောင်းအဝယ်ပုံ မှန်ရှိ နေကြောင်း သိရပါတယ်။
 
Commo_Prices
Pissaya_Info




Leave a Reply

Your email address will not be published. Required fields are marked *