BREAKING NEWS

ပြည်တွင်းပဲစားသုံးသည့်အလေ့အထကောင်းများ တိုးမြှင့်ရေး ပဲစားသုံးမှု မြှင့်တင်ပွဲ အခမ်းအနား ကျင်းပ ပြုလုပ်

ပြည်တွင်းပဲစားသုံးတဲ့ အလေ့အထကောင်းများ တိုးမြှင့်ရေး ပဲစားသုံးမှု မြှင့်တင်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၁၆)ရက်နေ့၊ နံနက် (၁၀)နာရီမှ (၁၂) နာရီထိ အမှတ်(၆၄) ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီ လမ်းထောင့်ရှိ သက်ကြီးရွယ်အို များနေ့ပိုင်းစောင့်ရှောက် ရေးဂေဟာ မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ပဲစင်းငုံ ခွဲကြမ်း ၊ ကုလားပဲခွဲကြမ်းတွေကို ပြည်တွင်းမှာ အစားထိုးသုံးစေရန်၊ ပြည်တွင်းမှာ ပဲစားသုံး တတ်တဲ့ အလေ့အထကောင်းများ ရရှိစေရန်၊ ပြည်တွင်းစားသုံးမှု များလာပါက ပြည်တွင်းဈေးအား ကောင်းဖို့နဲ့ ပဲဈေးကွက် မနိမ့်ကျဖို့အတွက်ကို ရည်ရွယ်ကျင်းပပြုလုပ် ခဲ့တာပဲ ဖြစ်ပါတယ်။

အဲဒီ့အခမ်းအနားကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေး ရာဦးစီးဌာန ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ၊လူမှုဝန်ထမ်းဦးစီးဌာန ၊ မြန်မာနိုင်ငံပဲ မျိုးစုံနှင့်နှမ်းကုန်သည်များအသင်းနဲ့ ဘုရင့်နောင်ကုန် စည်ဒိုင်တို့ ပူးပေါင်းဆောင်ရွက် ကျင်းပတာဖြစ်ကြောင်းသိရပါတယ်။

#Agro_News
#Pisssaya_Info ဝေဖြိုးနိုင်





Leave a Reply

Your email address will not be published. Required fields are marked *