BREAKING NEWS

မကွေးတိုင်းဒေသကြီး ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်း ချသူများ အစုအဖွဲ့ ဖွဲ့စည်း

မကွေးတိုင်းဒေသကြီး ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်၊ တင်ပို့ရောင်းချသူများ အစုအဖွဲ့ ကိုဖွဲ့စည်းခဲ့တယ် လို့ စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွား စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့မှ သိရပါ တယ်။

အဆိုပါ အစုအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ဒီကနေ့နံနက် ပိုင်းက မကွေး တိုင်းဒေသကြီး မကွေးမြို့ ၊ ဖောင်တော်ဦးဘုရားကျောင်းတိုက် ဓမ္မာရုံ မှာကျင်းပပြုလုပ်၊ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပြည်ပပို့ကုန်မဟာဗျူဟာ ဖရဲ၊သခွားတန်ဖိုးမြင့်ထုတ်ကုန်ထုတ်လုပ်နိုင်ရေးနဲ့ ဈေးကွက်ချဲ့ ထွင်နိုင်ရေး အတွက် အခုလို ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့ တွေဖွဲ့စည်းရတာဖြစ် တယ်လို့ အဆိုပါ အစု အဖွဲ့ ဖွဲ့စည်းပွဲကို တက်ရောက်ခဲ့တဲ့ စစ်ကိုင်း တိုင်းဒေသကြီး ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအစု အဖွဲ့ရဲ့  ဥက္ကဌ ဦးစိုးလွင်ကပြောပါတယ်။

“မကွေးတိုင်းဒေသကြီးမှာရှိတဲ့ မြို့ နယ်လေးမြို့ နယ်ရဲ့ အပေါ်မှာ တိုင်းအဖွဲ့ဖွဲ့ စည်းတာပါ။ အခုလိုဖွဲ့စည်း တော့ တိုင်းနဲ့ပြည်နယ်တွေက စိုက်ပျိုးမှုတွေ ဖရဲ၊ သခွားနဲ့ပတ်သက်တဲ့ သတင်းတွေဖလှယ်နိုင်တယ် တစ်ဦး တစ်ယောက်လုပ်တာထက် အခုလိုအဖွဲ့အစည်း နဲ့ဆိုတာ ပိုကောင်းတာပေါ့ ပြည်ပပို့ကုန်မဟာဗျူ ဟာ ဖရဲ၊ သခွား တန်ဖိုးမြင့်ထုတ် ကုန်ထုတ် လုပ်နိုင်ရေးနဲ့ ဈေးကွက်ချဲ့ ထွင်နိုင်ရေးကိုလည်း ပိုမိုလုပ် လာနိုင်မယ် တောင်သူတွေအတွက်လည်း ပိုကောင်းမှာပါ”

ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ်၊ တင်ပို့ရောင်းချသူများအစုအဖွဲ့ကို မကွေး တိုင်းဒေသကြီးအပြင် ရန်ကုန် တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်း တိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာဖွဲ့စည်းထားပြီး ဧရာဝတီတိုင်းဒေသကြီး နဲ့ မွန်ပြည်နယ်တို့မှာလည်း ဆက်လက်ဖွဲ့စည်း သွားမှာဖြစ် တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအစုအဖွဲ့မှ သိရပါတယ်။

#Agro_News
#Pissaya_Info ဝေဖြိုးနိုင်





Leave a Reply

Your email address will not be published. Required fields are marked *