တရုတ်ဝယ်လိုအားကြောင့် မိုးစပါးတင်းတစ်ရာကို ကျပ် နှစ်သိန်းနီးပါး ထိဈေးနှုန်းမြင့်တက်လာ

တရုတ်ဘက်မှ ဝယ်လိုအားမြင့်တက်လာတဲ့အတွက် မိုးစပါးဈေးနှုန်းများမှာ ယခင်နှစ်ကထက် တင်းတစ်ရာကို ကျပ် နှစ်သိန်းနီးပါးထိ မြင့်တက် လာကြောင်း မန္တလေးတိုင်းဒေသကြီး ၊ ဆန်စက်လုပ်ငန်းရှင်များအသင်းမှ သိရ ပါတယ်။
 
တရုတ်ကုန်သည်များက စပါးများကို တိုက်ရိုက်လာဝယ်ယူတဲ့အတွက် မိုးစပါးများဈေးနှုန်းများမှာ အရင်နှစ်ကထက် တင်းတစ်ရာကို ၂သိန်းနီးပါးထိ ပိုမိုမြင့်တက်လာတယ်လို့ မန္တလေးတိုင်းဒေသကြီး ၊ ဆန်စက်လုပ်ငန်း ရှင်များအသင်းမှ ဥက္ကဌ ဦးငွေအောင် ကပြော ပါတယ်။
 
“တရုတ်နိုင်ငံဘက်က ကုန်သည်တွေက စပါးတွေကို တိုက်ရိုက်ဆင်းပြီး လာဝယ်တယ်။ ဆန်တွေအစား စပါးအတိုင်းဝယ်ယူ သွား တာပေါ့။ပြီးတော့ ဝယ်ယူတဲ့နေရာကနေ ဈေးကောင်းတွေပေးပြီးဝယ်တယ်။ သူတို့တွေက ဈေးကောင်းတွေပေးပြီးဝယ်တော့ ရောင်းတဲ့ သူတွေကလည်းရောင်းဆိုတော့ မိုးစပါး က ပြည်တွင်းမှာ လက်ကျန်တော်တော်နည်းသွားတဲ့အတွက် ဆန်ဈေးတွေရော၊စပါးဈေးတွေရော မြင့် တက်လာတာပါ”
 
တရုတ်ကုန်သည်များမှာ မိုးစပါးပေါ်ချိန်ကစပြီး စပါးများကို တိုက်ရိုက် ဝယ်ယူများရှိနေတာကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆန်စက်လုပ်ငန်းများမှာ အခုလက်ရှိအချိန်ထိ ၂၀ရာခိုင်နှုန်းအောက် သာ စက်များလည်ပတ်နေရကြောင်း သိရပါတယ်။
 
အရင်နှစ်က မိုးစပါးတင်းတစ်ရာကို ကျပ် ၅၄၀၀၀၀ နဲ့ ကျပ် ၅၅၀၀၀၀ ဝန်းကျင်သာရရှိခဲ့ပြီး ယခုနှစ် တွင် တရုတ်ကုန်သည်များက စပါးများကို ဈေးကောင်းပေးဝယ်ခြင်းကြောင့် မိုးစပါးတင်းတစ်ရာကို ကျပ် ၇၀၀၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ၊ဆန်စက်လုပ် ငန်းရှင် များအသင်းမှသိရပါတယ်။
 
#Agro_News
#Pissaya_Info အေးအေးကျော်




Leave a Reply

Your email address will not be published. Required fields are marked *