BREAKING NEWS

ဆန်သစ်အဝင်များနေသော်လည်း ရွှေဘိုပေါ်ဆန်းဈေးနှုန်းများ မြင့်တက်နေ

ယခုတစ်ပတ်အတွင်း ဆန်သစ်အဝင်များနေသော်လည်း ရွှေဘိုပေါ် ဆန်းဈေးနှုန်းများမှာ မြင့်တက် နေ တယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းဝါးတန်းလမ်း၊ကုန်စည်ဒိုင်မှသိရပါတယ်။

ဆန်သစ်များအဝင်များနေသော်လည်း ရွှေဘိုပေါ်ဆန်းမှာအဝင် နည်းနေ တာကြောင့် ရွှေဘိုပေါ်ဆန်း ဈေးနှုန်းမှာ မြင့် တက်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းဝါးတန်လမ်း၊ကုန်စည်ဒိုင်မှကုန်သည်တစ်ဦးကပြောပါတယ်။

“အခုတစ်ပတ်အတွင်းဆန်သစ်တွေက အရမ်းအဝင်များနေ ပါတယ် ။ရွှေဘိုပေါ်ဆန်းကတော့ အဝင် နည်းနေတဲ့ အ တွက် ဈေးတော်တော်တက် သွားပါတယ်။ ပေါ်ဆန်းအသစ်တွေလည်းဈေးထိုးကျတယ်။ ဆန်ကြမ်းဈေးတွေလည်း ဈေးတွေကျနေပါတယ်”

ရွှေဘိုပေါ်ဆန်းဈေးနှုန်းများမှာ ယခင်တစ်ပတ်က တစ်အိတ်ကို ၅၄၀၀၀ ကျပ် နဲ့ ၅၅၀၀၀ ကျပ် ရှိနေ ရာမှာ ယခု တစ် ပတ်အတွင်း တစ်အိတ်ကို ၆၂၀၀၀ ကျပ် ဝန်းကျင်အထိ မြင့်တက်လာပြီး တစ်အိတ်ကို ကျပ် ၈၀၀၀ အထိ မြင့် တက် လာကြောင်း ဝါးတန်းလမ်းကုန်စည်ဒိုင်မှသိရပါတယ်။

ယခင်တစ်ပတ်ကဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ် အိတ်ဈေးနှုန်းမှာ ကျပ် ၄၁၀၀၀၊ လတ်စတစ်အိတ်မှာ ကျပ် ၃၇၀၀၀ ကျပ်၊ (မြောင်းမြ၊ပုသိမ်) ပေါ် ဆန်းဆန်ထိပ်စတစ်အိတ်မှာ ကျပ်၄၂၀၀၀၊ လတ်စတစ်အိတ်မှာ ကျပ် ၃၈၅၀၀ ရှိပြီး၊ ဒေးဒရဲပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ဈေးနှုန်း မှာ ကျပ် ၄၁၀၀၀၊လတ်စတစ်အိတ်မှာကျပ် ၃၇၀၀၀ ရှိခဲ့ ကြောင်းသိရပါတယ်။

ဧည့်မထမိုးဆန်ထိပ်စတစ်အိတ်ကို ကျပ် ၂၃၅၀၀ ၊ လတ်စ တစ်အိတ် ကို ကျပ် ၂၀၅၀၀၊ငစိန် ထိပ်စ တစ်အိတ်ကို ကျပ် ၂၃၅၀၀ ၊လတ်စ တစ်အိတ်ကို ကျပ် ၂၁၅၀၀ ရှိပြီး ၊ နွေသီးထပ်ရှယ်တစ်အိတ် ကျပ် ၂၄၅၀၀၊ လက်စတစ် အိတ်ကို ၂၄၃၀၀ ကျပ်ရှိခဲ့ကြောင်းသိရပါတယ်။

မိုးသုခရှယ်တစ်အိတ်ကျပ် ၂၅၀၀၀ ၊လတ်စ တစ်အိတ် ကျပ် ၂၄၅၀၀ နဲ့ ပြည်ပပို့ဧည့်မထဆန် ၂၅ မှတ် တစ်အိတ်ကျပ် ၂၁၀၀၀၊ လက်စ တစ် အိတ် ကို ၂၀၅၀၀ ရှိခဲ့ရာမှ ယခုတစ်ပတ်အတွင်း ကျပ် ၁၀၀၀ ဝန်းကျင် ဈေးနှုန်းကျဆင်းလာ ကြောင်း သိရပါတယ်။

အေးအေးကျော် (Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *