ဟင်းသီးဟင်းရွက်များကို အာဟာရဓာတ်များမပျက်⁠စေ⁠အောင် ချက်⁠ပြုတ်နည်းလမ်းများ

(က) ဟင်းသီးဟင်းရွက်များကို ရေတွင် ကြာရှည်စွာ စိမ်ပြီး မထားသင့်ပါ။ ချက်ပြုတ်ခါနီးမှ ရေဆေးပြီး လှီးဖြတ်၍ ချက်ပြုတ်သင့်ပါတယ်။ ရေတွင် ကြာရှည်စွာ စိမ်ထားလျှင် ဗီတာမင် ဘီ နဲ့ စီဓာတ်များ ရေတွင် ပျော်ဝင်ပြီး ဆုံးရှုံးသွားနိုင်ပါတယ်။

(ခ) ဟင်းသီးဟင်းရွက်များကို အပူဓာတ်များစွာ မပေးသင့်ပါ။ အရည်ကို ဦးစွာကြိုချက်ထားပြီး ကျက်ခါနီးမှ ဟင်းသီးဟင်းရွက်ကို ခတ်ရပါတယ်။ ကျက်ပြီးနောက် မီးဖိုပေါ်တွင် ဆက်လက်မထားဘဲ ပူပူနွေးနွေးစားသုံးသင့်ပါတယ်။ ကျန်ရှိသောဟင်းကို ပန်းကန်တွင် လှယ်၍ ထားသိုရပါမယ်။ ဗီတာမင်စီကို အပူဓာတ်က ပျက်စီးစေပါတယ်။

(ဂ) ဆလတ်ရွက်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ မြင်းခွာရွက် စသော ငါးပိရည်နှင့်တို့စရာတို့ကို အစိမ်းအတိုင်းစားသောက်ကြသည်။ ရေမစမ် ဘဲ လှုပ်ခါ၍ ရေဆေးပြီး စားရပါတယ်။ အရွက်နုများတွင် အရွက်ရင့်များထက် အဟာရဓာတ်ပိုမိုပါဝင်ပါတယ်။

(ဃ) ပဲပင်ပေါက်တွင် ဗီတာမင်ဘီတူး ပါဝင်တာကြောင့် အစိမ်းအတိုင်း စားခြင်း သို့မဟုတ် ၂ မိနစ်သာ ချက်ပြုတ် / ကြော်ခြင်း ပြုသင့် ပါတယ်။

(င) သစ်သီးများကိုလည်း စားခါနီးမှ အခွံခွာခြင်း လှီးဖြတ်ခြင်းပြုရသည်။ အခွံမရှိသော အသားပေါ်မှ ဗီတာမင်ဓာတ်များဟာ လေထိလျှင် ပျက်စီးပျောက်ဆုံးသွားတတ်ပါတယ်။

(စ) ဟင်းသီးဟင်းရွက်သည် လတ်ဆတ်မှ ဗီတာမင်ဓာတ်ပြည့်ဝစွာရရှိပါတယ်။ ဒါ့ကြောင့် ညှိုးနွမ်းနေသော ဟင်းသီးဟင်းရွက်ကို မစားသင့်ပါ။

(ဆ) ဗီတာမင်ဓာတ်ရေသို့ပါသွားပြီး ဆုံးရှုံးနိုင်သောသီးနှံများကို ဆီနဲ့ လူးပြီးမှ ချက်ခြင်း၊ ဆီးသတ်၍ ချက်ပြုတ်ခြင်း၊ ပြုလုပ် စားသုံးသင့် ပါတယ်။

(ဇ) ပဲစင်းငုံ ကုလားပဲကဲ့သို့ နူးနပ်လွယ်အောင် ရေစိမ်ရမည်ဖြစ်လျှင် နောက်ဆုံးစိမ်သော ရေကိုပါ ဟင်းထဲထည့်၍ ချက်သင့်ပါတယ်။ သို့မှသာ စိမ်ထားသောရေတွက် ပျော်ဝင်သွားတဲ့ ဗီတာမင်ဘီဓာတ်ကို ပြန်လည်ရရှိမည်ဖြစ်ပါတယ်။ သို့သော် ပဲကြီးကို ရေစိမ်ထားလျှင် ထိုရေတွင် အဆိပ်အတောက်ပျော်ဝင်နေသဖြင့် ပြန်လည်မသုံးသင့်ပါ။

(ဈ) ဟင်းသီးဟင်းရွက်များကို နုတ်နုတ်စင်းပစ်လျှင် သြဇာဓာတ်ပျက်စီးဆုံးရှုံးတတ်ပါတယ်။ အတက်နိုင်ဆုံး အဖတ်ကြီးကြီး ချက်ပြုတ် သင့်ပါတယ်။

(ည) ဟင်းသီးဟင်းရွက်များချက်ပြုတ်လျှင် ဆိုဒါထည့်၍ ချက် ပြုတ်လျှင်သြဇာဓာတ် အချို့ ဆုံးရှုံးတတ်ပါတယ်။

(ဋ) ဆန်ကိုလည်းရေတစ်ထပ်သာဆေးပြီး ထမင်းရည်မငှဲ့ဘဲ ရေခမ်းချက်သင့်ပါတယ်။ ထမင်းရည်ငှဲ့၍ ချက်လျှင်လည်း အရည်သောက်ဟင်းတစ်မျိုးမျိုးတွင် ထိုအရည်ကို ပြန်၍ သုံးသင့်ပါတယ်။ ဆန်လုံးညိုစားနိုင်လျှင် ပို၍ကောင်းပါတယ်။

Source – စားဖို့ စိုက်ဖို့ ဈေးကွက်တိုးချဲ့ဗျို့





Leave a Reply

Your email address will not be published. Required fields are marked *