BREAKING NEWS

လယ်ယာစိုက်ပျိုးရေးနဲ့သစ်တော ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲကျင်းပ

လယ်ယာစိုက်ပျိုးရေးနဲ့သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆွေးနွေးပွဲကိုဧရာဝတီတောင်သူလယ်သမားဖွံ့ဖြိုးရေးသင်တန်းကျောင်းအဖွဲ့မှ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲကို ဒီကနေ့ မနက်ပိုင်းက ဟင်္သာတမြို့ မြို့တော်ခန်းမှာ ကျင်းပခဲံ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ရေလုပ်ငန်းနဲ့ လယ်ယာမြေနယ်နိမိတ်များရဲ့ အခက်အခဲများ၊ လယ်ယာမြေ ဥပဒေ နဲ့ မြေယာအရှုပ်အရှင်းများ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနဲ့ လျောက်ထားမှုပုံစံများ၊ တောင်သူလယ်သမား များဥပဒေ အခွင့်အလမ်း၊ အခွင့် အရေးနဲ့ အတူ ဖွံ့ ဖြိုးတိုး တက်ရေးနဲ့ ပူးပေါင်းဆောင် ရွက်နိုင်ရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဆွေးနွေးပွဲကိုဟသာင်္တခရိုင်အတွင်းရှိ ဟသာင်္တ၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဇလွန်မြို့ နယ်များမှ မြို့ နယ်အုပ် ချုပ်ရေးမှူး များ၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဧရာဝတီတောင်သူလယ်သမား ဖွံ့ ဖြိုးရေးသင်တန်းကျောင်း အဖွဲ့ မှတာဝန်ရှိသူများ၊ တောင်သူ လယ်သမားအဖွဲ့ အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်းများ၊ စိတ်ပါဝင်စားသူ များတက်ရောက် ခဲ့ကြကြောင်းသိရှိရပါတယ်။

#Agro_News
#Pissaya_Info ဝေဖြိုးနိုင်





Leave a Reply

Your email address will not be published. Required fields are marked *