BREAKING NEWS

အပူရှိန်တွေ တိုးဖို့ ရှိနေသည့်အတွက် အပူဒဏ်ကို သတိထားကြရန်လိုအပ်

အပူရှိန်တွေတိုးဖို့ ရှိနေသည့်အတွက် မိဘပြည်သူများ အပူဒဏ်ကို သတိထားကြရန် လိုပါတယ်။ နွေအပူချိန်တွေဟာ အရှိန်ယူတိုးဖို့ရှိနေပါတယ်။ (၁၈-၃-၂၀၁၆) ရက်နေ့ တိုင်းတာချက်အရ အိန္ဒိယနိုင်ငံတောင်ပိုင်း နဲ့ ထိုင်းနိုင်ငံတောင်ပိုင်းတို့မှာ အပူချိန်ဟာ 45°C( 113°F) ကိုကျော်လွန်တဲ့ နေရာတွေ ရှိနေပါပြီ။ ပူပြင်းလွန်းတဲ့အခါ မြေတြွေပေါ်မှာ လေဖိအားကျဆင်းတဲ့နေရာတွေ Heat Lows ဖြစ်ပေါ်တတ် ပါတယ်။ မြေပြင်မိုးလေ၀သ မြေပုံပေါ်မှာ အပူချိန်မြင့်ဆုံး ဒေသတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်း နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း တို့မှာ Heat Lows တွေ ဖြစ်ပေါ်နေတာကိုတွေ့နေရပါတယ်။ ဒီလိုဖြစ်စဉ်ကို အလွန်ပူပြင်းတဲ့ အယ်လ်နီညိုနှစ်တွေမှာ ကြုံတွေ့ရတတ်လေ့ရှိပါတယ်။

ဒေါက်တာထွန်းလွင်





Leave a Reply

Your email address will not be published. Required fields are marked *