BREAKING NEWS

တစ်ပတ်အတွင်း ဆန်ဈေးနှုန်းအခြေအနေတင်ပြချက်

ရန်ကုန်မြို့မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ၊ဝါးတန်းလမ်းကုန်စည်ဒိုင်ရဲ့ ယခုတစ်ပတ် ဆန်လက်ကား ဈေး နှုန်းများအရ ဆန် ကြမ်းဈေးနှုန်းမှအနည်းငယ်မြင့်တက်နေပြီး ဆန်ချောဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း ဝါး တန်းလမ်းကုန်စည်ဒိုင်မှ သိရပါတယ်။

ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ဈေးနှုန်းမှာ ကျပ်၄၁၀၀၀၊ လတ်စတစ်အိတ်မှာ ကျပ် ၃၇၀၀၀ ကျပ်၊ (မြောင်းမြ၊ပုသိမ်) ပေါ်ဆန်းဆန်ထိပ်စတစ်အိတ်မှာ ကျပ်၄၂၀၀၀၊ လတ်စတစ်အိတ်မှာ ကျပ် ၃၈၅၀၀ ဖြစ်ပြီး ၊ဒေးဒရဲ ပေါ်ဆန်းဆန်ထိပ် စတစ်အိတ်ဈေးနှုန်း မှာ ကျပ် ၄၁၀၀၀၊လတ်စတစ်အိတ်မှာကျပ် ၃၇၀၀၀ ကျပ် ဖြင့် တစ်ပတ်အတွင်း ဆန်ချောဈေးတည်ငြိမ်လျက်ရှိကြောင်း သိရပါတယ်။

ဧည့်မထမိုးဆန်ထိပ်စတစ်အိတ်ကို ကျပ် ၂၃၅၀၀၊ လတ်စတစ်အိတ်ကို ကျပ် ၂၀၅၀၀ ၊ငစိန် ထိပ်စ တစ်အိတ်ကို ကျပ် ၂၃၅၀၀ ၊လတ်စ တစ်အိတ်ကို ကျပ် ၂၁၅၀၀ ဖြစ်ပြီးတစ်အိတ်ကို ကျပ် ၃၀၀၀ဝန်းကျင်မြင့်တက်လာပြီး ၊နွေသီးထပ် ရှယ်တစ်အိတ် ကျပ် ၂၃၆၀၀ နဲ့နွေဆန် ရက် ၉၀ တစ်အိတ် ကျပ် ၂၄၃၀၀ကျပ်နဲ့ဈေးနှုန်းများ မြင့်တက် လာကြောင်း သိရပါတယ်။

မိုးသုခရှယ်တစ်အိတ်ကျပ် ၂၅၀၀၀ ၊လတ်စ တစ်အိတ် ကျပ် ၂၄၅၀၀ နဲ့ပြည်ပပို့ဧည့်မထဆန် ၂၅ မှတ်တစ်အိတ် ကျပ်  ၂၀၃၀၀ ဖြင့်   ဈေးနှုန်းများတည်ငြိမ်နေပြီး  ဝါးတန်း လမ်းကုန်စည်ဒိုင်ကို ဆန်အဝင်ပုံ မှန်ရှိနေကာ အရောင်း အဝယ်ပုံမှန်ရှိနေကြောင်း သိရပါတယ်။

အေးအေးကျော်(Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *