BREAKING NEWS

မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အီးယူနိုင်ငံ များနဲ့ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အီးယူနိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲကို မနေ့က နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံးမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ ပြည် ထောင်စု ဝန် ကြီးဒေါက်တာအောင်သူ နဲ့ ဥရော ပသမဂ္ဂသံအမတ်ကြီး တို့ တွေ့ဆုံခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာ နမှလက်ထောက်အတွင်းဝန် ဦးမျိုးတင့်ထွန်း ကပြောပါတယ်။

“လယ်ယာကဏ္ဍမှာ အီးယူနိုင်ငံတွေကို တင်ပို့နေ တဲ့မြန်မာ့ ထွက်ကုန်တွေကို တင်ပို့တဲ့အခါ အရည်အ သွေးတို့၊ဓါတုဆေးဝါး ပါဝင် မှုရှိမရှိ ဆိုတဲ့ကိစ္စတွေမှာ အကန့်အသတ်တွေရှိတဲ့အတွက် ဖြေလျှော့ပေးဖို့ လုပ်ငန်းစဉ်တွေကို အကြံပြုဆွေးနွေးထားပါတယ်။
အသေးစိတ်ဆွေးနွေး ညှိနှိုင်းတာတွေတော့ လုပ်ရ ဦးမှာပါ”

မြန်မာနိုင်ငံ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး လုပ်ငန်းများမှာ ပူးပေါင်းဆောင် ရွက်မယ့် လုပ်ငန်းစဉ်များ ၊စိုက် ပျိုးရေး ၊ မွေးမြူရေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ၊အီးယူနိုင်ငံများကို မြန်မာ့ လယ်ယာ သား ငါး ထွက်ကုန်များ တင်ပို့နိုင်ရေးအတွက် ဈေးကွက်ရရှိနိင်မှုများကို ဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။

#Agro_News
#Pissaya_Info အေးအေးကျော်





Leave a Reply

Your email address will not be published. Required fields are marked *