BREAKING NEWS

ပြည်ပဝယ်ယူမှုများနေသော်လည်း ဖရဲဈေးနှုန်းမြင့်တက်လာခြင်းမရှိ

မြန်မာ့ဖရဲကိုပြည်ပမှဝယ်ယှုမှုများနေသော်လည်း ဖရဲဈေးနှုန်းမှာ ထင်သလောက်မြင့်တက်ခြင်းမရှိဘူးလို့ မြန်မာ နိုင်ငံ ဖရဲ၊သခွား စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရပါတယ်။

ရာသီဥတုအခြေအနေကြောင့် ဖရဲများအရည်အသွေးကျဆင်းပြီး ဈေးနှုန်းမြင့် တက်မယ့်အချိန်ဖြစ်သော်လည်း ထင်သလောက် မတက်ခြင်းမှာ မိုးများ တဲ့ဒေသများမှခူးဆွတ်ထားတဲ့ ဖရဲများကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဖရဲ၊သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းရဲ့ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။

“အခုဖရဲဈေးက အရင်နှစ်နဲ့ အတူတူလောက်ဖြစ်နေတယ်ဗျ၊ အမှန်ကဒီ အချိန်ကဈေးတက်ရမှာ ဝယ်တဲ့တရုတ် ဘက်ကလည်း အဝယ် များလာတယ် ဈေးနှုန်းကလည်းတက်ချင်တယ်။ ဒါပေမယ့်မတက်သေးတာက ဖရဲ အရည် အသွေးကြောင့်ပါ မိုးမိထားတဲ့ဖရဲက တကယ် ဆို ၁၀ရက်လောက်နေ ပူခံပြီးမှခူးမှအရည်အသွေးပိုကောင်း တာ မိုးရွာပြီး ၄၊၅ရက်နဲ့ ခူးတဲ့အသီး ကမှုဆယ်ရောက်တော့ ပုပ်တာများ တယ်အရည်အသွေးညံ့တယ် အမှန်ဆိုဒီအချိန်က ဈေးတက်သင့်နေတာ အခုကရာသီဥတု အခြေအနေ မကောင်းတာ ကအဓိကဖြစ်နေ တာပါလာမယ့်လတွေမှာတော့ဈေးနှုန်းမြင့်တက်လာဖို့ များပါတယ်”

၂၀၁၈ခုနှစ်၊ဖေဖော်ဝါရီလဒုတိယပတ်မှာဈေးကွက်ချဲ့ ထွင်မှုအဖြစ်ဒူဘိုင်း မှာသွားရောက်ပြသပြီးရောင်းချသွားနိုင် အောင်စီစဉ်ထားပြီး စင်ကာပူနဲ့ မလေးရှားနိုင်ငံကိုလည်း တင်ပို့ ရောင်းချသွားနိုင်အောင်လုပ်ဆော င်နေကြောင်း လည်းသိရပါတယ်။

မြန်မာ့ဖရဲကို အခုလက်ရှိ တရုတ်နိုင်ငံကိုအဓိကတင်ပို့နေပြီးဟောင်ကောင် ကိုလည်းတင်ပို့ နေတာဖြစ်ပါတယ်။ ဖရဲဈေးနှုန်းအနေနဲ့ အမျိုး အစားပေါ် မှုတည်ပြီး အမြင့်၊အလတ်၊အနိမ့်အနေနဲ့ ဖရဲတစ်တန်ကို ၃၈၀၀၀၀၊ ၃၀၀၀၀၀၊ ၂၀၀၀၀၀ ထိရှိနေကြောင်းအဆိုပါအသင်းမှ သိရပါတယ်။

#Trade_News
#Pissaya_Info ဝေဖြိုးနိုင်





Leave a Reply

Your email address will not be published. Required fields are marked *