BREAKING NEWS

စိတ်ဖိစီးမှုကြုံနေရင် ဒီနေရာတွေကိုနှိပ်ပေးပါ

စိတ်ဖိစီးမှုဆိုတာလူတိုင်းလိုလိုကြုံရတာမို့ အားကစားခန်းမသွားတာတို့၊ ယောဂကျင့်၊ သီချင်းနားထောင်၊ တီဗီ ကြည့်၊ ၀ိုင်လေးသောက်စတဲ့နည်းမျိုးစုံနဲ့သက်သာရာရဖို့ကြိုးစားနေချိန်မှာ နှိပ်ပေးရုံလေးနဲ့စိတ်ဖိစီးမှု သက်သာစေနိုင်တယ်ဆို တာသိထားရအောင်ဖော်ပြလိုက်ပါတယ်။

– ခြေထောက်ကိုအနှိပ်ခံပြီး စိတ်ဖိစီးမှုသက်သာဖို့နည်းလမ်းကိုသဘောကျတယ် ဆိုရင်တော့  ခြေမနဲ့ ခြေညှိုး ကြားကို ဖိနှိပ်ပေးကြည့်ပါ။

– လမ်းလျှောက်နေရင်းပဲဖြစ်ဖြစ်၊ ဓာတ်လှေကားစီးဖို့စောင့်နေရတဲ့အချိန်လေးမှာ တောင်လုပ်လို့ရတဲ့ လက်မနဲ့လက် ညှိုးကြားကို နှိပ်ပေးရင်လည်း စိတ်ဖိစီးမှုကိုသက်သာစေမှာပါ။

– နောက်ပြီးလက်ကောက်ဝတ်နားကိုနှိပ်နယ်ပေးတာမျိုးလုပ်ပေးနိုင်ပါတယ်။

– မျက်ခုံးအလယ်တည့်တည့်ကိုနှိပ်ပေးမယ်ဆိုရင်လည်း စိတ်ဖိစီးမှုသာမက ခေါင်းကိုက်၊ ခေါင်းမူးတာ တွေကိုလည်း သက်သာစေပါတယ်။

– ရင်ဘတ်အလယ်တည့်တည့်ကို လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်သုံးချောင်းနဲ့ ဖိနှိပ်ပေးနိုင်ပါတယ်။

Source by_ 7 day news





Leave a Reply

Your email address will not be published. Required fields are marked *