BREAKING NEWS

ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်းပါဝဲလ် အတ္ထုပ္ပတ္တိကို ရိုက်ကူးမယ့် မော်ဂန်ဖရီးမန်း

အမေရိကန်မင်း သားကြီး မော်ဂန်ဖရီးမန်းသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟောင်း ကောလင်းပါဝဲလ်၏ အ တ္ထုပ္ပတ္တိကို ရိုက်ကူး မည့် ရုပ်ရှင် ဇာတ်ကားသစ်တွင် ပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။

အသက် (၈၀) အရွယ် မော်ဂန်ဖရီးမန်းသည် အဆိုပါ ‘Powell’ အမည်ရ ဇာတ်ကားတွင် ကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်းပါ ဝဲလ် နေရာက သရုပ် ဆောင်မည်ဖြစ်သည်။

ယင်းဇာတ်ကားသည် (၆၅) ဦးမြောက် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးအဖြစ် ကောလင်းပါ ဝဲလ်   တာဝန်ထမ်းဆောင်စဉ် အတွေ့အကြုံ များ အကြောင်း အဓိကရိုက်ကူးမည်ဖြစ်သည်။

အဆိုပါရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ရီဂီနယ်ဟတ်လင်းက ရိုက်ကူးမည်ဖြစ်ပြီး Hyde Park Entertainment ကုမ္ပဏီနှင့် မော် ဂန်ဖရီးမန်း၏ ကိုယ်ပိုင်ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီ Revelations Entertainment တို့ ပူး ပေါင်းဆောင်ရွက်မည်ဖြစ်သည်။

၁၉၆၄ ကတည်းက သရုပ် ဆောင်လောကသို့ ဝင်ရာက်လာ ပြီး လက်ရှိတွင် အနားယူရမည့် အသက်အရွယ် ရောက်နေသော် လည်း မော်ဂန်ဖရီးမန်းသည် ရုပ် ရှင်ဇာတ်ကားများ ဆက်လက် ရိုက်ကူးနေဆဲဖြစ်သည်။

source_7 days





Leave a Reply

Your email address will not be published. Required fields are marked *