BREAKING NEWS

တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာလအတွင်းပြုလုပ်ဖို့ စီစဉ်နေတဲ့ ချမ်းချမ်း

အဆိုတော် ချမ်းချမ်းက သို့ အမည်ရှိ စတုတ္ထမြောက် တေးစီးရီးထွက်ရှိဖို့အတွက်စီစဉ်နေသလိုတေးသီချင်း ပုံစံအသစ်တွေနဲ့အတူ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဒီဇင်ဘာလအတွင်းမှာပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အစ်မရဲ့ တစ်ကိုယ်တော် Solo One Lady Show ကို ဒီဇင်ဘာလလောက်မှာလုပ်ဖို့ စိတ်ကူးထားတယ်၊ သီချင်းတွေကိုတော့ရွေးထား တယ်၊ အပုဒ်ရေတော့ မသတ်မှတ်ရသေးဘူး၊ အဓိက ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ အများကလက်ခံတဲ့သီချင်းမျိုးတွေပေါ့နော်၊ အစ်မကို ချမ်းချမ်းလို့တွဲသိကြတဲ့ သီချင်းလေးတွေကိုအများဆုံးထည့်သွင်းပြီး သီဆိုသွားမှာပါ၊ ရှိုးအတွက်ကိုတော့ အစ်မသေချာပြင်ဆင်နေပါ တယ်၊ နောက်အစ်မရဲ့ စတုတ္ထမြောက်တေးစီးရီးထွက်ဖို့လဲရှိပါတယ်၊ သီချင်းပုံစံတွေကအစ ကိုယ်တိုင်အားရကျေနပ်မိတယ်၊ ပရိသတ်လဲ ကြိုက်နှစ်သက်မယ် ယုံကြည်ပါတယ်လို့ အဆိုတော်ချမ်းချမ်းက ပြောပါတယ်။

source_kumudra





Leave a Reply

Your email address will not be published. Required fields are marked *