BREAKING NEWS

သစ်ခွပင် များကို သိပ္ပံနည်းကျ အစာကျွေးခြင်း

ခေတ်သစ် သစ်ခွဗေဒ နှင့် သစ်ခွ လုပ်ငန်း များနှစ် ၂၀၀ ရှိခဲ့ သော်လည်း သစ်ခွ များ၏ အာဟာရ စားသုံးခြင်း ကို သိပ္ပံနည်းကျ လေ့လာ ခဲ့သည် မှာ နှစ် ၅၀ ကျော်ရုံ မျှသာ ရှိသေး သည်။ သစ်ခွ လုပ်ငန်း များ၏ အစာကျွေး နည်းကို လျှို့ဝှက် ထားကြသည်။ ဤ ကိစ္စနှင့် ပတ်သက်၍ အလွန်နှုတ် လုံကြသည်။ ၎င်း တို့၏ အစာ ကျွေးနည်း စနစ် များမှာ သိပ္ပံပညာ အပေါ် အခြေခံ ခြင်း မဟုတ်ဘဲ မိမိတို့ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက် ရရှိသော လျှို့ဝှက်ချက် များနှင့် မိမိတို့ ကိုယ်တိုင် ယူဆသော ယုံကြည်ချက် များအပေါ် အခြေခံ၍ ကျင့်သုံးသော နည်းများ ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ ထိုအခြေအနေမျိုး နှင့်ပင် နှစ်ပေါင်း ၁၅၀ ကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။ မတူ ကွဲပြားသော သစ်ခွမျိုးစိတ်များ စွာ ရှိနေသော်လည်း ဤဆောင်းပါးတွင် လူအများစိုက်ပျိုးလျက်ရှိသော သစ်ကပ်ပင် နှင့် တစ်ဝက်သစ်ကပ်ပင်များ၏ အာဟာရ စားသုံးပုံကို တင်ပြပါမည်။ အပူပိုင်းမိုးသစ် တောများတွင် ပေါက်ရောက်သော သစ်ကပ် သစ်ခွများမှာ မြေပေါ်တွင် ပေါက်သော အပင်များနှင့် မတူသော အာဟာရ ရရှိမှု၊ စားသုံးမှု ပုံစံကွဲနေသည်။ မိုးရွာသော အခါ သစ်ခွ၏ တစ်ပင်လုံးနှင့် အမြစ်ပေါ်သို့ မိုးရေ များ ရောက်ရှိလာသည်။ ပထမဦးဆုံး ရွာ သွန်းသောမိုးရေတွင် အာဟာရပမာဏမှာ ပို၍ပါလာမြဲဖြစ်သည်။ သစ်ခွမြစ်များမှာ တခြားသော သာမန်အပင်များ၏ အမြစ်မျိုး နှင့်မတူဘဲ ဗေလာမင်ခေါ် ရေမြှုပ်ကဲ့သို့ သော အလွှာတစ်မျိုး ဖုံးလွှမ်းထားသည်။

ထို ရေမြှုပ် အလွှာ များ၏ အထူ အပါးမှာ သစ်ခွမျိုး ပေါ်လိုက်၍ ကွဲပြားသည်။ တချို့ သစ်ခွ များတွင် ဗေလာမင် အလွှာများ၊ ဆဲလ် တစ်လွှာသာ ပါရှိသော်လည်း၊ တချို့သော သစ်ခွ များတွင် ဆဲလ် အလွှာ ၂၈ လွှာ အထိ ပါရှိသည်။ ထိုရေမြှုပ် ကဲ့သို့သော ဗေလာ မင် အလွှာမှာ ပထမဦးစွာရရှိသော မိုးရေကို လျင်မြန်စွာ စုပ်ယူလိုက်သည်။ ၎င်းင်းတို့ အတွင်း ရောက်ရှိလာသော အစိုဓာတ်နှင့် အာဟာရများကို သစ်ခွပင်အား အချိန်ကြာ မြင့်စွာ ထောက်ပံ့နိုင်သည်။ ထိုဗေလာမင် အလွှာမှာ မြူနှင်းများနှင့် ၀န်းကျင်မှ ရေငွေ့ များကိုလည်း စုပ်ယူသိမ်းဆည်းထားနိုင် သည်။

မိုးရွာသောအခါ ထိုသစ်ပင်ကြီးများ ၏ အရွက်တစ်ရွက်စီပေါ်သို့ မိုးရေများ ကျရောက်မည်ဖြစ်သည်။ သစ်ပင်၏ ရွက် အုပ်တစ်စုံ လုံးပေါ်သို့ ကျရောက်သော မိုးရေများမှာ အရွက်များပေါ်ရှိအောင် အော်ဂဲနစ် နှင့် အင်အော်ဂဲနစ် ပစ္စည်းများကို ယူဆောင်ပြီး သစ်ခွ ပင်များအပေါ် ကျရောက် လာမည် ဖြစ်သည်။ ထိုမိုးရေနှင့်ပါ လာသော အာဟာ ရများမှာလည်း သစ်ခွပင်များအတွက် အရေး ကြီးသော အာဟာရထောက်ပံ့မှုတစ်ရပ်ဖြစ် သည်။ သစ်ခေါက်များ၊ သစ်ကိုင်းခွများ နေရာတွင် သစ်ရွက်များ၊ သစ်သီးများ၊ အင်း ဆက်ပိုးများ၏ ရုပ်ကြွင်း များနှင့် အညစ် အကြေးများ စုပုံရောက်ရှိကြမည်ဖြစ်သည်။ ဤအာဟာရနှင့် ရေရရှိမှု အနေအ ထား တစ်ရပ် မှာလည်း သဘာဝ သစ်ခွ များအတွက် အရေး ပါသော ပုံစံ တစ်ရပ် ဖြစ်သည်။

သစ်ခေါက်နှင့် သစ်ပင်ခွကြားများတွင် စုပုံလာ သော အော်ဂဲနစ် ပစ္စည်းများသည် သဘာဝ အတိုင်းရှိနေသော အဏုဇီဝရုပ် များဖြစ် သည့် ဘက်တီးရီးယားနှင့် မှိုများ၏ ချေဖျက် မှုကြောင့် ဟူးမတ်စ်များဖြစ်ပေါ်လာသည်။ ထိုဟူးမတ်စ်များမှ လျှပ်စစ် သဘာဝအရ အမဓာတ်ရှိနေ၍၊ ဓာတ်ဖိုများ Cations များဖြစ်သော ပိုတက်စီယမ် K+၊ ကယ်လ်စီယမ် Ca++၊ မဂ္ဂနီဆီယမ် Mg++ တို့ကို ထိန်းထား မည်ဖြစ်သည်။ ထိုသို့ဟူးမတ်စ်များက ထိန်း ထားသော ဓာတ်ဖိုများကို ရေမှ လည်းကောင်း၊ သစ်ခွ မြစ်များမှ လည်းကောင်း ထွက်ပေါ် လာသော ဟိုက်ဒရိုဂျင် ဓာတ်ဖို H+ နှင့် ဖလှယ်၍ အပင်များ စားသုံး နိုင်သော အဆင့်သို့ ရောက်ရှိ စေသည်။ ထို့ကြောင့် အကြောင်း အမျိုးမျိုး ကြောင့် ဖြစ်ပေါ် လာသော ဟူးမတ်စ် များမှလည်း သစ်ကပ် သစ်ခွပင် များ အာဟာရ စားသုံးခြင်း တွင် အရေးပါ လျက်ရှိသည်။

သစ်ခွ စိုက်ပျိုး သူများ အနေနှင့် မိမိတို့ သစ်ခွများကို အုန်းခွံများ၊ သစ်ခေါက်များ၊ Term Root ၊Sphegnummoss များ အတွင်း စိုက်ပျိုး ကြသည်။ မတူ ကွဲပြားသော ပစ္စည်း အမျိုးမျိုးကြောင့် ထို မီဒီယာ များမှ အာဟာရ ရရှိမှု မတူကြပေ။ တချို့ ကလည်း မီးသွေးများ၊ အုတ်ခဲများ အတွင်း စိုက်ပျိုး ကြသည်။ တချို့က လည်း သစ်ခွ ပင်ကို အာဟာရ လုံးဝ မထောက်ပံ့ နိုင်သော ကျောက်စရစ်ခဲ၊ သဲကဲ့သို့ မီဒီယာ များတွင် စိုက်ပျိုး ကြသည်။

စိုက်ပျိုး ထားသော မီဒီယာ များမှ အာဟာရ လုံးဝမ ရရှိသည် ဖြစ်စေ၊ တစိတ်တစ်ပိုင်း ရရှိသည် ဖြစ်စေ၊ စိုက်ပျိုးသူက အာဟာရ မြေသြဇာ မျိုးကို ပက်ဖျန်း ပေးခြင်း၊ အမြစ်များ ဆီသို့ လောင်းပေး ခြင်းဖြင့် ပံ့ပိုး ကြသည်။ ဤသို့ပြု လုပ်ကြ ရာတွင် သစ်ခွပင် များကို အစာလုံးဝကျွေးရန် မလိုဟူသော အဆိုမျိုးမှာ ၎င်းင်းတို့ကို နေ့စဉ် မပြတ်ကျွေး သောသူမျိုး အထိ ကွဲပြားမှု ကြီးမားစွာ ရှိနေသည်။

တချို့ကလည်း သစ်ခွပင် များ၏ ကြီးထွားမှု အဆင့်တချို့ ၌သာ အစာ ကျွေးခြင်းမျိုး လည်းရှိပါသည်။ အဦးပိုင်းကာလ သစ်ခွ စိုက်ပျိုး သူများက နွားချေး အစို၊ နွားချေး အခြောက် များကို တိုက်ရိုက် အသုံးပြု သကဲ့သို့၊ တချို့က ရေစိမ်ပြီး စိမ်ရည်၊ စစ်ရည် ကိုသာ ပက်ဖျန်း ပေးကြသည်။ တချို့ ကလည်း ထိုနွားချေး များကို ရေစိမ်၊ ကဇော်ဖောက် အပုပ်ခံ ပြီးမှ စစ်ရည်ကို ပက်ဖျန်း ခြင်းပြုလုပ်ကြသည်။

အလားတူ ပင် ကြက်ချေး၊ လင်းနို့ချေး၊ ငှက်ချေးများကို လည်း သစ်ခွများကို အစာကျွေးရာတွင် ကျယ်ပြန့်စွာအသုံးပြုခဲ့ကြ သည်။ စင်ကာပူ၊ မလေးရှားနိုင်ငံများ၏ အဦးပိုင်းသစ်ခွစိုက် ပျိုးသူများကလည်း ၀က်ချေးများကို အမြောက်အများအသုံးပြု ခဲ့သည်။ သို့သော် သိပ္ပံနည်းကျ အာဟာရစားသုံးစနစ်ကို သိ လာကြသောအခါ ထိုကဲ့သို့သော သဘာဝ မြေသြဇာများကို ဖော ဖော သီသီ အသုံးပြု သောစနစ် များကို စွန့်လွှတ် ခဲ့ကြသည်။ ထိုသို့ တိရစ္ဆာန် ချေးများနှင့် သဘာဝမြေ သြဇာ များကို အတိုင်း အဆမရှိ အသုံးပြုခြင်းကြောင့် ရောဂါအမျိုးမျို ကျရောက်နိုင်သော အဖြစ်မျိုးကို သိပြီးသောအခါ၌ ထိုသို့အစာ မကျွေးတော့ခြင်း ဖြစ်သည်။

ဗနီလာ သစ်ခွပင် များကို နိုက်ထရိုဂျင် ၀း ၁၀ နှင့် ၈၀ ppm (သန်းပုံ- pant per million) နှင့် ပိုတက်စီယမ်ကို ၀း ၇ နှင့် ၄၀ ppm ကျွေး၍ လေ့လာရာတွင် နိုက်ထရိုဂျင် နှင့် ပိုတက်စီယမ် နှစ်မျိုးလုံးရရှိသော အပင် များမှာ ပို၍ကြီး ထွားနှုန်း ကောင်း ကြောင်း တွေ့ရှိ ရသည်။ နိုက်ထရိုဂျင် များသော အပင် များ၏ အရွက် များမှာ ပိုစိမ်း သော်လည်း ပိုတက်စီယမ်မှာကား အရွက် များအပေါ် သက်ရောက်မှုမတွေ့ရပေ။ နိုက်ထရိုဂျင်ကို ကျွေးရာတွင် အသွင် သုံးမျိုးဖြင့် စမ်းသပ်ကျွေးကြည့်ခဲ့ကြသည်။

ယူရီးယားမှာ အေမိုက်နိုက်ထရိုဂျင် အမျိုး အစားဖြစ်သည်။ နိုက်ထရိုဂျင်အသွင် နောက်တစ်မျိုးဖြစ်သော အမိုးနီးယမ်းနိုက် ထရိတ်က၊ နိုက်ထရိတ် မြေသြဇာများထက်၊ ပိုကောင်းကြောင်း တွေ့ရသော်လည်း၊ ဗင်ဒါ မျိုးစုတွင်ကား နိုက်ထရိတ်များက ပိုကောင်း ကြောင်း တွေ့ရပြန်သည်။ အချိန်ကြာလာ သောအခါ ပိုတက်စီယမ်ချို့တဲ့မှု ဖြစ်ပေါ် လာနိုင်ပေသည်။

၁၉၇၆ ခုနှစ်တွင် ဇာခရစ်၏ လေ့လာ ချက်အရ သစ်ခွများ၏ NPK နှင့် Mg လိုအပ် မှုမှာ ၁ ဒသမ ၂၅N; 04 P2O5 သုည ဒသမ ၇၅ K2O နှင် သုည ဒသမMgO တို့ ဖြစ်သည်။ နိုက်ထရိုဂျင် ထိုပမာဏထက် တိုးပေးလျှင် လည်း ပိုကောင်း မလာပါ။ အလွန်များ သွားပါက အဆိပ်ပင် ဖြစ်လာ နိုင်သည်။ သုတေသီ များက ကတ်တလေယာ သစ်ခွ များ၏ အာဟာရ စားသုံးခြင်း ကို လေ့လာရာတွင် N ကို ၅၀ppm, P2O5 နှင့် K2O ကို ၅၀ ppm ထက် ပိုမကျွေးဘဲ၊ MgO ကို ၂၅ ppm ကျွေးကြသည်။  သစ်ခွရွက် များပေါ်တွင် ရေစိမ့်ဝင်ရန် ခက်ခဲသော ဖယောင်းလွှာကျူတင် ရှိနေခြင်း ကြောင့် အရွက်များအနေနှင့် အာဟာရစုပ် ယူမှုရှိနိုင်သည်ကို သံသယဖြစ်ကြသည်။ ၁၉၆၇ ခုနှစ်တွင် ပါမောက္ခ ရှီဟန်က၊ ကတ်တလေယာထရိုင်မို့(စ်) အပင်များနှင့် သုတေသနပြုလုပ်ခဲ့သည်။ အဏုဖြူရောင် ခြည်သက်ဝင်နေသော p၃၂ ပါဝင်သည့် ဖော့ ဖိုးရစ်အက်ဆစ်ဖြင့် စမ်းသပ်ခဲ့သည်။

p ကို ၂၊ ၁၂၊ ၂၄ နှင့် ၁၂၀ နာရီအလွန်တွင် အပင် အတွင်း ရှေ့ဘက်ရှိသော ပမာဏကို ဓာတ်ခွဲစမ်းသပ်ခဲ့သည်။ ထိုသို့စမ်း သပ်ရာတွင် သစ်ခွရွက်များနှင့် ဆူဒိုဗပ်(ပင်စည်)အတွင်းသို့ ၂၄ နာရီတွင် ၃၅ ရာခိုင်နှုန်း  ရောက်ရှိနေကြောင်း စမ်းသပ်တွေ့ရှိ ရသည်။ ဤ စမ်းသပ် မှုမှာ အရွက် များမှ အရွက်ဖျန်း မြေသြဇာများ စုပ်ယူနိုင် မှုကို အခိုင် အမာ သက်သေပြခဲ့သည်။

တစ်ကြိမ်က သစ်ခွများနှင့် နာနတ် မျိုးရင်း တို့မှာ သဘာဝ တူညီ နီးစပ်သော အပင်များ ဖြစ်သည်။ သို့သော် သစ်ခွများ၏ ဆင့် ကဲဖြစ်စဉ်တွင် အရွက်များ အားလျော့လာ ပြီး အမြစ်များပိုမိုအောင်မြင်လာသည်။ သို့သော် နာနတ်မျိုးရင်းမှ အပင်များမှာကား သစ်ခွများနှင့် ပြောင်းပြန်ဖြစ်သည်။

၎င်းတို့၏ အမြစ်များ လျော့နည်း ဆုတ်ယုတ်လာပြီး၊ အရွက်များ ပိုမိုဖြစ်ထွန်း အားကောင်း လာကြသည်။ သစ်ခွရွက်များ သည် အစာစုပ်ယူနိုင် သော်လည်း အမြစ်များက အစာစုပ်ယူရေး တွင် ပို၍အဓိကကျသည်။ သစ်ခွပင်များတွင် နှစ်စဉ်အမြစ် များ ထွက်လာသော်လည်း တစ်နှစ်၊ နှစ်နှစ်မှ လေးနှစ်အထိရှိသော သစ်ခွမြစ်များမှာလည်း အာဟာရစုပ်ယူရာ တွင် ထိရောက် လျက်ရှိသည်။

သစ်ခွအရွက်များနှင့် အမြစ်များမှ အာဟာရစုပ်ယူရာတွင် ဓာတ်ဆားများကို အဓိကစုပ်ယူသော်လည်း အပင်အတွင်း ပိုမိုလွယ် ကူလျင်မြန်စွာ စုပ်ယူနိုင်ရန်၊ ချီ လိတ်များနှင့် အမိုင်နိုအက်ဆစ်များ လို အပ်ကြောင်း၊ သုတေသန ပြုလုပ်ရာမှ တွေ့ရှိ ခဲ့ရသည်။ ချီလိတ်များကို စစ်စာရစ်သုတေ သနပြုလုပ်ရာမှ တွေ့ရှိရသည်။ ချီလိတ်များကို စစ်စာရစ်အက်ဆစ်၊ အက်စကောဗစ် အက်ဆစ်၊ အက်ဆစ်တစ်အက်ဆစ်များကို အသုံးပြုကြသည်။ သဘာဝအက်ဆစ်ပျော့ များအနေနှင့် ဇောင်းယားသီး၊ နာနတ်သီး ကဲ့သို့ သစ်သီးရည် များကို အသုံးပြုသည်။ အမိုင်နိုအက်စစ်မျိုးကိုကား ငါးပုပ်၊ ငါး ကြေပျက်ရည်များမှ ရရှိနိုင်သည်။

အောင်မြင်သော သစ်ခွစိုက်ပျိုးရေး တစ်ခု ဖော်ဆောင်ရာတွင် သိပ္ပံနည်းကျ အစာကျွေးနည်းစနစ်၊ အမှန်တကယ်လိုအပ်ပါသည်။ ခိုင်မာမှုမရှိသော ယူဆမှုများဖြင့် အစာကျွေးခြင်းထက် ပို၍ခိုင်မာသော သိပ္ပံနည်းကျ အစာကျွေးနည်းစနစ်အတိုင်း ကျွေးရန်မှာ မလွဲမသွေလိုအပ်ပေသည်။

ဦးဖရက်သိန်းဖေ





Leave a Reply

Your email address will not be published. Required fields are marked *