BREAKING NEWS

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်နှင့်ဆက်သွယ် မေးမြန်းခြင်း

“ဆန်စပါးက ပြည်တွင်းမှာဝယ်ယူသိုလှောင်ရောင်းချတာနဲ့ပတ်သတ်ပြီးတော့ လွတ်လပ်စွာ သယ်ယူရောင်း ဝယ်လို့ရ တယ်။ နယ်စပ်ကိုသွားမှာလား။ နယ်စပ်ကိုရောက်လို့ရှိရင်တော့ မှောင်ခို တရားမဝင်သွားမယ်ဆိုပြီး သတ်မှတ်လို့ ရ တာပေါ့။ လက်ရှိသိတာက အဲဒီစပါးတွေကဘယ်လိုနည်းလမ်း နဲ့သွားမလဲဆိုတာ ထိန်းသိမ်းဖို့ တွေအများကြီး ရှိတယ်။အသင်းအဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်”

ပြည်တွင်းရှိ စပါးများကို  ပြည်ပ ကုန်သည်များအနေနဲ့ တိုက်ရိုက်လာဝယ်နေမှုများ ရှိတဲ့အတွက် မန္တလေးတိုင်းဒေသ ကြီးရဲ့ဆန်စက်အတော်များများ  ရပ်ဆိုင်းထားမှု အခြေ အနေတွေ အခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေပါတယ်။

ဒါနဲ့ပတ်သက်လို့ မကြာခင်ရက်ပိုင်းကပဲ ဆန်စပါးအသင်းချုပ် ၊ ဆန်ကုန်သည်အသင်း Exporter တွေနဲ့ စီးပွားကူး သန်းဝန်ကြီးဌာန တာဝန်ရှိသူတွေ အစည်းအဝေးတစ်ရပ်လည်း ပြုလုပ်ခဲ့ပါတယ်။

စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ဆန်စပါး တင်ပို့ရောင်ချမှုတွေအပေါ် စီစဉ်ဆောင်ရွက် လုပ် ဆောင်နေမှုများနဲ့ပတ်သက်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင် ကို Pissaya Info မှ သတင်းထောက်အေးအေးကျော်က ဆက်သွယ် မေးမြန်းထားတာတွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

မေး။           ။အခုလက်ရှိ ပြည်ပဆန်တင်ပို့မှုအခြေအနေကို ပြောပြပေးပါဦး။

ဖြေ။            ။လက်ရှိမှာတော့ ပြည်ပဆန်တင်ပို့မှုက ဒီဘဏ္ဍာနှစ်မှာ အခုလက်ရှိအခြေအနေက ၁.၆ သန်း လောက် တင်ပို့ပြီးသွားပြီ။ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်ကာလထက်စာလို့ရှိရင် ၁ သန်းကျော်လောက်ပိုပြီး တင်ပို့ ထား တာပေါ့။ လက်ရှိ မှာတော့ ဘင်္ဂလားဒေ့ရှ်နဲ့လည်းဆန်ရောင်းဖို့ လက်မှတ်ရေးထိုးထားတာဆိုတော့ ဒီနှစ်မှာ တော့ ဈေးကွက် အသစ် အနေနဲ့တင်ပို့နေတာပေါ့။ ဘင်္ဂလားဒေ့ရှ်ကိုလည်း ဆန်တန်ချိန် တစ်သိန်းကျော် လောက်ထိ တင်ပို့ပြီးသွားပြီ။

မေး။           ။အခုဆိုရင် ပြည်ပနိုင်ငံများက မြန်မာ့စပါးတွေကို တိုက်ရိုက်ဝယ်ယူရောင်းချမှုတွေ ရှိနေတဲ့ အပေါ် စီးပွား ကူးသန်းဌာနအနေနဲ့ဘယ်လိုကိုင်တွယ်ဆောင်ရွက်သွားမှာပါလဲ။

ဖြေ။           ။မနေ့ကလည်း ဆန်စပါးအသင်းချုပ်တို့ ၊ ဆန်ကုန်သည်အသင်းတို့ Exporter တွေနဲ့ အစည်းအဝေး လုပ် တာ ရှိပါတယ်။ အဲဒီမှာလည်း သူတို့တင်ပြတာပေါ့။ တင်ပြလာတဲ့အပေါ်မှာ ဆန်စပါးကလည်း သူတို့တင်ပြတာ ရှိပါ တယ်။ ပြည်တွင်းမှာတော့ စပါးတွေ ၊ ဆန်တွေက လွတ်လပ်စွာရောင်းဝယ်ခွင့်ရှိတယ်။ ဝယ်ယူခွင့်၊ သယ်ယူခွင့် ၊ သို လှောင်ခွင့် အားလုံးပေးထားတာပေါ့။ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ၊ အသင်းအဖွဲ့တွေနဲ့ ပေါင်းပြီး ဘယ်လို နည်း လမ်း တွေနဲ့ ဆောင်ရွက်ဖို့ဆိုတာ နည်းလမ်းတစ်ခုရှာဖို့အတွက်ကို ဆွေးနွေးကြတာပေါ့။ ဝန်ကြီးဌာနတွေနဲ့ အသင်း အဖွဲ့တွေနဲ့ ဘယ်လိုနည်းလမ်းနဲ့ဆောင်ရွက်မလဲ။ကောင်းတဲ့ နည်းလမ်းကိုသာ အကောင်းဆုံးဆောင်ရွက် ဆွေးနွေး ဖို့ရှိပါတယ်။ လက်ရှိမှာတော့ စီးပွားကူးသန်း အနေနဲ့  ပြည်ပကိုတော့ စပါးအတိုင်း  တင်ပို့ခွင့်မပြုထားဘူး။ သို့သော် လည်း လယ်ယာစိုက်ပျိုးရေးက မျိုးစေ့ ၊ စပါးမျိုး တွေကို စိုက်ကွင်းတွေသုံးပြီး လုပ်နေဆောင်ရွက်တာတွေတော့ရှိ တယ်။ပြည်တွင်းမှာလည်း တစ်ချို့ မျိုးတွေကို ရောင်းတယ်။ ရောင်းလို့ပိုတဲ့ မျိုးတွေကို   ပြည်ပကိုပို့တာတွေရှိတယ်။ စိုက်ပျိုးရေး ၊ မွေးမြူရေး ဆည်မြောင်းဝန်ကြီးဌာနရဲ့  ထောက်ခံချက်နဲ့ တင်ပို့ခွင့်ပေးတယ်။ဒါတွေက အနည်းအကျဉ်း ပါပေါ့။

မေး။           ။စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ ပြည်ပဆန်တင်ပို့ရောင်းချမှုအပေါ် ဘယ်လိုအရာတွေ ခွင့်ပြုထားပြီး ၊ ဘယ်လိုအရာတွေ ခွင့်မပြုထားတာကိုလည်း ပြောပြပေးပါဦး။

ဖြေ။             ။ပြည်ပဆန်ရောင်းမှုကို ခွင့်မပြုထားတာမရှိဘူး။အားလုံးကိုလွတ်လပ်စွာတင် ပို့ခွင့်ပြုထားတယ်။ ပြည်ပ ကိုဆန်တင်ပို့မှုအ တွက်ကို နယ်စပ်ကရော၊ ပင်လယ်ရေကြောင်းကရော မည်သူမဆို လွတ်လပ်စွာ တင်ပို့ခွင့်ပြုထား တယ်။ ဘာမှကန့်သတ်ချက်မရှိဘူး။

မေး။           ။မျိုးစပါး မှ အပ စပါးအတိုင်း ပြည်ပ တင်ပို့ခွင့်ကို ယခင်မူ အတိုင်း ခွင့်ပြုမည် မဟုတ်ဘူးလို့သိရ ပါတယ်။ ဘယ်လိုမျိုးအရေးယူဆောင်ရွက်သွားဖို့ရှိပါလဲ။

ဖြေ။             ။ အရေးယူဖို့ဆိုတာက တရုတ်ကိုသွားတယ်ဆိုတာအကြမ်းဖျဉ်းတော့ တင်ပြကြတာပေါ့။ ဥပမာ သွားနေ တာက တရားမဝင်လမ်းကြောင်းနဲ့ သွားနေတာတွေရှိတယ်။တရားဝင်လမ်းကြောင်းဆိုရင်တော့ တရားဝင်စစ်ဆေး ရေးဂိတ်ဆိုတာရှိတယ်။ မူဆယ်ဂိတ်မှာဆိုရင် ရန်ကုန်ကနေ လာပြီးတော့ တက်သွားလို့မရဘူး။ အဲဒီလိုဟာမျိုးဆို ရင် တော့ အရေးယူလို့ရတာပေါ့။ တရားမဝင်တာအရေးယူလို့ရတယ်။ သို့ သော်လည်း ဆန်စပါးက ဒီနှစ်မှာ ပြည်တွင်းမှာ လွတ်လပ်စွာစီးဆင်းခွင့်ပေးထားတယ်။ ဆန်စပါးက ပြည်တွင်းမှာဝယ်ယူသိုလှောင်ရောင်းချတာနဲ့ပတ်သတ်ပြီးတော့ လွတ်လပ်စွာ သယ်ယူရောင်း ဝယ်လို့ရတယ်။ နယ်စပ်ကိုသွားမှာလား။ နယ်စပ်ကိုရောက်လို့ရှိရင်တော့ မှောင်ခို တရား မဝင်သွားမယ်ဆိုပြီး သတ်မှတ်လို့ ရတာပေါ့။ လက်ရှိသိတာက အဲဒီစပါးတွေကဘယ်လိုနည်းလမ်း နဲ့သွားမလဲဆိုတာ ထိန်းသိမ်းဖို့တွေအများကြီး ရှိတယ်။အသင်းအဖွဲ့တွေလည်း ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။  ဒါကတရားဝင်စပါးကို တင်ပို့ခွင့်မပေးထားတဲ့အတွက်ကြောင့် တရားဝင်လမ်းကြောင်းကတော့  စပါးတွေကထွက် လာမှာမဟုတ်ဘူး။ နိုင် ငံခြားကပစ္စည်းတွေ တရုတ်တို့ ၊ ထိုင်းတို့ကဝင်လာတာပဲ။ တရားမဝင်လမ်းကြောင်းကဝင်လာတာပဲ။ တရားဝင် လမ်း ကြောင်းကဝင်လာတာမဟုတ်ဘူး။  တရားမဝင်လမ်းကြောင်းတွေကလည်း အများကြီးဖြစ်နေတာကို။ အဲဒီထဲကမှ ဆောင်ရွက်ရမယ့်နည်းလမ်းပေါ့ ဘယ်လိုနည်းလမ်းနဲ့အကောင်းဆုံးဆောင်ရွက်ရမလဲဆိုတာ ခုနပြောတဲ့အနေ အထားအရ ဆောင်ရွက်ဖို့ရှိပါတယ်။

မေး။           ။မြန်မာ့ ဆန်ဈေးကွက် ရေရှည်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အရည်အသွေး နဲ့ဈေးနှုန်း မှန်ကန်စေဖို့  အ တွက် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။ ဘယ်လိုဆောင်ရွက်သွားဖို့ရှိလဲဆိုတာပြော ပြပေးပါဦး။

ဖြေ။            ။အဓိကက အခုသွားနေတဲ့အတိုင်းက နိုင်ငံတကာမှာလည်း သွားနေတာက အရည်အသွေး အတွက် ကို သွားနေတာပေါ့။ အိန္ဒိယဆိုလည်း အိန္ဒိယရဲ့စံနှုန်းနဲ့ပါနေတာပေါ့။ မြန်မာမှာလည်း ပေါ်ဆန်းပေါ့။ နိုင်ငံတကာမှ ထိုင်း တို့ဗီယမ်နမ်တို့မှာ သူတို့စိုက်ပျိုးနေတဲ့စပါးက အမျိုးအစားက၂မျိုး၊  ၃ မျိုးရှိတယ်။ မြန်မာနိုင်ငံမှာက ဧရာဝတီတိုင်း တစ် ခုမှာတင် မျိုးပေါင်း ရာကျော်ရှိတယ်။ ရာကျော်ရှိတဲ့ အခါကျတော့ အမျိုးအ စားတစ်ခုတည်းကို ဘယ်လောက်ဧကစိုက် ဘယ်လောက်ရှိရမယ်ဆိုတာ ကန့်သတ်လို့မရဘူးဖြစ်နေတယ်။ ဧည့်မထတော့ ဧည့်မထပဲ ဧည့်မထ မှာ အလုံးအစိုက် ကြီးတာရှိတယ်။သေးတာရှိတယ်။ တိုတာရှိတယ်။ရှည် တာရှိတယ်။ အဲဒီလိုဟာမျိုး မျိုးတွေ အများကြီး ဖြစ်တဲ့အခါကျ တော့ လက်ရှိမှ မြန်မာနိုင်ငံက ပို့တဲ့ ဆန်တွေ အားလုံးသည် တစ်မျိုးထဲကပို့နေတာမဟုတ်ဘူးဖြစ်နေတာ ။ အမျိုးပေါင်း အများကြီးဖြစ်နေတယ်။ ဧည့်မထဆို လည်း မျိုးက ဆင်းသွယ်လတ်ရှိတယ်။ ဇီယာရှိတယ်။ စပါးမျိုးတွေ အများကြီးရှိ တယ်။ ဇုန်ထောင်ဖို့လိုတာပေါ့။ ပေါ်ဆန်းဆိုလည်း ပေါ်ဆန်းဇုန်ထောင်ဖို့လိုတာပေါ့။  ဒါတွေကဝန်ကြီးဌာန တစ်ခု တည်းတင်မရဘူး။ ဝန်ကြီးဌာန တွေရော အသင်းအဖွဲ့တွေ ပေါင်းဖို့လိုတာပေါ့။ Exporter တွေ အနေနဲ့လည်း ဆန် စက်ပိုင်ရှင်တွေအနေနဲ့ လည်း စိုက်ချင်တာစိုက် ရတဲ့စပါးကိုပို့မယ်ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ ကန်ထရိုက် ဖန်းမင်းလို ဟာမျိုးတွေ ၊လိုချင်တဲ့မျိုးတွေ ၊ ပြည်ပတင်ပို့ ချင်တဲ့မျိုးတွေဆောင်ရွက်ရမှာ အများကြီးရှိတယ်။ အဲဒီလိုဟာ မျိုးကို ပြောင်းလဲ သွားဖို့ ဆောင်ရွက်ဖို့ လိုတာပေါ့။ ဒါကဝန်ကြီးဌာန တစ်ခုတည်းနဲ့ မရဘူး၊အစိုးရတစ်ခုတည်းနဲ့ မရ ဘူး၊အားလုံး ဝိုင်း ဝန်းဆောင်ရွက်မှ ရမယ်။ လယ်သမားတွေအနေနဲ့ကတော့ သူ့မှာရှိတဲ့လယ်စိုက်တာပဲလေ။ မြန်မာနိုင်ငံရဲ့ အနေအထားအရရေနက်ကွင်းတွေရှိတယ်။ ရေနက်ကွင်းနဲ့ကိုက်ညီတဲ့ ဒေသမျိုးရင်းပဲစိုက် လို့ရတယ်။ အနေအထားတွေကမတူတော့။

မေး။            ။မြန်မာ့ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ဆန်သင်္ဘောများ အချိန်မှီ တင်ဆောင်နိုင်ရေး နဲ့ အရည်အသွေး မှန်ကန်တဲ့ ဆန်များ တင်ပို့နိုင်ရေးအတွက်ကို  ပူးပေါင်းဆောင်ရွက်မယ်ဆိုတော့ ဘယ်လိုပူးပေါင်း ဆောင်ရွက်သွားမှာ ပါလဲ။

ဖြေ။             ။မြန်မာနိုင်ငံက စားသီးနှံပဲရှိတာပေါ့။ စပါးအသစ်ပေါ်လာပြီပေါ့။ စပါးအသစ်ပေါ်လာလို့ရှိရင် စည်းကမ်း တွေများတဲ့အတွက်ကြောင့် တင်ပို့တဲ့နိုင်ငံတွေသွားတဲ့အချိန် မှာသင်္ဘေင်္ာဆိပ်က တစ်လကျော် ၊နှစ်လ တစ်ချို့ဆို သုံး လလောက်ကြာ တယ်။ အဲဒီကာလတွေမှာ အရည်အသွေးတွေပျက်စီးမှုရှိမရှိ  အရေးကြီးတာပေါ့။ အရင်တုန်းက လည်းဒါမျိုးရှိဖူးပါတယ။်  အင်ဒိုနီးရှားကို တင်ပို့တဲ့အခါ အစိုဓာတ်တွေ များတဲ့အတွက်ကြောင့် သင်္ဘောတစ် ကျင်းလုံး မှိုတက်ပြီးတော့ ခဲသွားတဲ့ အနေအထားရှိတယ်။ ဒါကြောင့်အရည်အသွေးရှိမရှိက အရေးကြီးတာပေါ့။ တာဝန်ရှိ မှု၊ တာဝန်ယူမှုကလည်းအရေးကြီးတယ်။ သတ်မှတ်တဲ့အရည်အသွေးမရှိရင် ကုမ္ပဏီကတင်ပို့တဲ့ ငွေတန်ဖိုးပဲဆုံးရှုံးမှာ။ မြန်မာ့နိုင်ငံကဆန်မှာတော့ ဂရက်ရိုက်တယ်။မြန်မာ့ဆန်အရည်အ သွေးမကောင်းတာတို့ဘာတို့ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အခုအနေအထားအရ မြန်မာနိုင်ငံက ဆန် တော်တော်များများထွက်နေတယ်။ လက်ခံတဲ့အနေအထားမှာရှိ တယ်။ဈေးကွက်တွေလည်းရှိတယ်။ ဒါကြောင့် မို့လို့ သက်ဆိုင်ရာ Exporter တွေပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေး တာပေါ့။

အခုလိုဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

အေးအေးကျော် (Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *