တနင်္ဂနွေ
ဒီကာလဟာ ကံအင်အားမြင့်မားနေတဲ့ အချိန်ပါပဲ။ အခက်အခဲ ပြဿ နာတွေ ဒီကာလမှာဖြေရှင်းနိုင်ပါလိမ့်မယ်။ အရင်ကာလတွေက ကြုံခဲ့ရတဲ့ စိတ်ညစ်မှုတွေကို ဒီကာလမှာ စိတ်ချမ်းသာမှုတွေနဲ့ အစားထိုးနိုင်ပါလိမ့်မယ်။ အလုပ်သစ်၊ စီးပွားသစ်တွေလဲ တိုးတတ်မှု တွေရှိပါလိမ့်မယ်။ စီးပွားချဲ့ထွင်ခြင်း ၊ဆိုင်းဘုတ်တင်ခြင်းတွေလဲ စတင်ပြုလုပ်လို့ကောင်းပါတယ်။ အမိအဘတွေကို ကောင်းစွာ ထောက်ပံ့နိုင်မဲ့ကာလအပိုင်းအခြားပါပဲ။ အလှူအတန်းတွေလဲကုသိုလ်တွေလဲ ပြုရတတ်ပါတယ်။ ကျန်းမာရေးကတော့ နည်းနည်းခြူ ခြာနိုင်ပါတယ်။ အဆိုးကြီးတော့ မဟုတ်ပါဘူး။ ပညာရေးအထူးကောင်းပါတယ်။ဆရာသမားအသစ် ဆိုတာမျိုးလဲ ကြုံရတတ်ပါတယ်။ အချစ်ရေးကတော့ မိမိကိုယ်တိုင်လဲ အချစ်ရေးအပေါ် စိတ်မပါသလို ဖြစ်နေတတ်ပါတယ်။
အကျိုးပေးဂဏန်း ၁၊၅၊၉
အထူးဟော ကံကောင်းနေပါပြီ။
ယတြာ အုန်းထမင်း ဘုရားကပ်လှူပါ။
တနင်္လာ
ဒီကာလအတွင်း မိမိအတွက်တော့ အံ့သြစရာများ ၊မထင်မှတ်ထားသောကိစ္စများ ကြုံလာရတတ်ပါတယ်။ ပျော်ရွှင်စရာ ၊ စိတ်ကြည်နူး စရာကိစ္စရပ်တွေပဲဖြစ်မှာပါ။ ပျော်ရွင်စရာခရီးများ မိတ်ဆွေတွေနဲ့ အပန်းဖြေခရီးများသွားရတတ်ပါတယ်။ ချစ်သူရည်စားရဲ့ အမှတ်တရ လက်ဆောင်ပေးအပ်ခြင်းမျိုး ကြုံရပါလိမ့်မယ်။ စေ့စပ်ကြောင်းလမ်းခြင်း၊ မင်္ဂလာကိစ္စများ လဲကြုံရတတ်တဲ့ကာလပါ။ ငွေလဲရွှင်နေ တတ်ပါတယ်။ ရစရာရှိတဲ့ ငွေကြေးတွေ၊ ရပိုင်ခွင့်တွေ ရလာနိုင်တဲ့အချိန်ပါပဲ။ လုပ်ငန်းစီးပွားတိုးတတ်လာတတ်ပါတယ်။ အလုပ်ကံအထူး ကောင်းလာပါလိမ့်မယ်။ ကျန်းမာရေးလဲ အပြစ်ပြောစရာ သိပ်မရှိပါဘူး။ ပညာရေးက ပညာရပ်အသစ် စတင်သင်ကြားလို့ အထူးကောင်းတဲ့အချိန်ကာလပါပဲ။
အကျိုးပေးဂဏန်း ၂/၄/၈
အထူးဟော စိတ်ညစ်စရာကင်းဝေးနေပါလိမ့်မယ်။
ယတြာ ငွေထီးလေးတစ်လက် ဘုရားလှူလိုက်ပါ။
အင်္ဂါ
ဒီကာလမှာ ကာယထက် ဉာဏ်နနဲ့ ဆုံးဖြတ်လုပ်ကိုင်ရမဲ့ အရေးကြီးကိစ္စတွေရှိရင် ချင့်ချိန်ပြီးမှ ဆုံးဖြတ်ပါ။ ဒါကြောင့်ဘာလုပ်လုပ် ဒီကာ လမှာ အလောတကြီးမလုပ်မိပါစေနဲ့။ စိတ်အေးအေးချမ်းချမ်းနဲ့ ဒေါသရှေ့မထားဘဲ နေသင့်တဲ့ကာလပါပဲ။ စက်ပစ္စည်းအသစ်များ ဝယ် ဖို့မသင့်သေးပါဘူး။ မိမိလက်ဝယ်ရှိသော စက်ပစ္စည်းတွေတောင်မကြာခဏ ပျက်မဲ့ကာလပါ။ အောက်လက်ငယ်သားတွေကို အယုံ မလွယ်သင့်ပါ။ အရေးကြီးတဲ့ကိစ္စတွေတိုင်း မိမိကိုယ်တိုင်ပဲ လုပ်ကိုင်ဆောင်ရွက်ပါ။ အိမ်ထောင်သည်များစုတ်ကိစ္စနဲ့ပက်သက်ပြီး ပြဿ နာဖြစ်ရတတ်ပါတယ်။ ဆင်ခြင်ဖို့ပါ။ ကျန်းမာရေးအနေနဲ့ အိပ်ရေးပျက်တော့ မခံစေချင်ပါ။ အချစ်ရေးကံကတော့ အကောင်းဘက်မှာ ရပ်တည်နေပါတယ်။
အကျိုးပေးဂဏန်း ၆/၉/၃
အထူးဟော ပညာရေးကံကောင်းပါတယ်။
ယတြာ ရဟန်းသံဃာတွေကို ဆပ်ပြာလှူပါ။
ဗုဒ္ဓဟူး
ဘာကြောင့်မှန်းမသိ အတိုက်အခိုက်များနေတတ်ပါတယ်။ မိမိမှန်တာလုပ်ပေမဲ့ မနာလိုသူတွေ ဝန်းရံနေတတ်ပါတယ်။ မိမိအနေနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့လိုပါတယ်။ နောက်ဆုံး မိမိသာအနိုင်ရမှာပါ။ အလုပ်ပြောင်း နေရာပြောင်းတာမျိုး မလုပ်ပါနဲ့။ လုပ်ငန်းပြိုင်များ ရှိရင်သတိထားပါ။ မိမိကိုယ် အပုတ်ချပြောဆိုတာမျိုးလဲ ကြုံရတတ်လို့ပါ။ ရွှေငွေလက်ဝတ်ရတနာများ ထွက်တတ်ပျောက်တတ်ပါတယ်။ အလုပ်မှာ ရာထူးတိုးတာမျိုး ၊နေရာကောင်းရတာမျိုးကြုံရတတ်ပါတယ်။ အထက်လူကြီးတွေရဲ့ အရေးပေးခြင်းခံရတတ်ပါတယ်။ အချစ် ရေးကံ မကောင်းသေးပါ။ မိမိကိုယ် တကယ်မချစ်ဘဲ လိုချင်တာတစ်ခုကြောင့် မိမိနားဝန်းရံနေတာမျိုးကြုံရတတ်ပါတယ်။ ကျန်းမာရေး အားနည်းနေချိန်ဖြစ်တဲ့ အထူးဂရုစိုက်ဖို့တော့လိုအပ်ပါတယ်။
အကျိုးပေးဂဏန်း ၄/၅/၆
အထူးဟော သတိတရားလက်ကိုင်ထားပါ။
ယတြာ ၂၄ ပစ္စည်း အခုကစလို့ ၇ရက်တိတိသက်စေ့ရွတ်ပါ။
ကြာသပတေး
ဒီကာလအတွင်း ကံကြမ္မာက မိမိဘက်မှာ ရှိနေမှာပါ။ အဘက်ဘက်က အဆင်ပြေနေမဲ့ အချိန်ပါပဲ။ အထူးသဖြင့် လုပ်ငန်းစီးပွားလဲ အထူးတိုးတတ်နေပါလိမ့်မယ်။ ပညာရေးနဲ့သက်ဆိုင်သောလုပ်ငန်းများ၊ ဖြန့်ချီရေးလုပ်ငန်းများ ၊ဖြန့်ဖြူးရေးလုပ်ငန်းများ
အထူးအောင်မြင်မဲ့ကာလပါပဲ။ အားနည်းချက်ကတော့အချစ်ရေးပါ။ အချစ်ရေးကံအလွန်ညံ့ပါတယ်။ ချစ်သူနဲ့လမ်းခွဲရသည်အထိ ဖြစ်တတ်လို့ပါပဲ။ ချစ်သူနဲ့စကားအပြောအဆို ဆင်ခြင်ပါ။ ကြားစကားတွေကိုလဲ မယုံပါနဲ့ ။ စီးပွားသစ် အလုပ်သစ်လဲ တိုးချဲ့လို့ကောင်း ပါတယ်။ မိတ်ဆွေတွေရဲ့အကူအညီအများကြီးရလာမဲ့အချိန်ပါ။ လုပ်ငန်းတူမိတ်ဆွေတွေရဲ့ထောက်ခံမှုတွေလဲရလာပါလိမ့်မယ်။ ကျန်းမာရေးကတော့ အထူးကောင်းနေမှာပါ။ ပညာရေးအတွက်လဲ စိတ်ချမ်းမြေ့ရပါလိမ့်မယ်။
အကျိုးပေးဂဏန်း ၅/၂/၁
အထူးဟော တိုးတတ်မဲ့ကာလပါ
ယတြာ ဘာသာရေးစာအုပ်တစ်အုပ် မိတ်ဆွေတစ်ယောက်ကို ဓမ္မဒါန လှူဒါန်းလိုက်ပါ။
သောကြာ
သတိထားစရာပါ ။ မိတ်ဆွေတွေထဲက မထင်မှတ်တဲ့သူက မိမိကို ချောက်ချနိုင်ပါတယ်။ နောက်ကျောကို ဓားနဲ့ ထိုးမဲ့သူတွေနဲ့ကြုံရနိုင် ပါတယ်။ မိမိအနေနဲ့ လျှို့ဝှက်ထားသင့်တဲ့ကိစ္စတွေ ရှိပါက ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး ထုတ်မပြောမိပါစေနဲ့။ ခရီးတွေလဲသွားရတတ် ပါတယ်။ ရုတ်တရက် မစီစဉ်ထားဘဲ သွားရတာမျိုးပါ။ စက်ပစ္စည်းတွေ ခဏခဏပျက်နေလို့ စိတ်ညစ်ရလိမ့်မယ်။ လျှပ်စစ်ကိုင်တွယ်ခြင်း အထူးသတိရှိပါ။ ဓာတ်လိုက်တတ်ပါတယ်။ ငွေကုန်ကြေးကျ များနေရတတ်ပါတယ်။ မိမိလဲ အလုပ်များ ကိစ္စများနေရတဲ့ အချိန်ပါ။ အိမ်မှာ ဖင်ပူအောင် မနေရဘဲအလုပ်ရှုပ်နေရတတ်ပါတယ်။ ကျန်းမာရေးကောင်းနေမှာပါ။ ပညာရေးလဲ သင့် အနေအထားရှိပါတယ်။ ချစ်သူနဲ့ကတော့ ဝေးနေရမဲ့ ကာလပါပဲဗျ။
အကျိုးပေးဂဏန်း ၇/၀/၎
အထူးဟော လူမှုရေးကိစ္စတွေ လုပ်နေရမည်။
ယတြာ သစ်သီး ၆မျိုး ဘုရားကပ်လှူပါ။
စနေ
လူငယ်လူရွယ်များ အပေါင်းအသင်းမှားတတ်သည်။ ညဥ့်နက်သန်းခေါင် အပြင်ထွက်ခြင်းမျိုးရှောင်သင့်ပါတယ်။ ဒီကာလအတွင်း အလုပ် အတွက် ပင်ပန်းခြင်း ၊မိသားစုအတွက်ပင်ပန်းခြင်းမျိုးကြုံရတတ်ပါတယ်။ လူမျိုးခြားဘာသာခြားတွေက ဒုက္ခပေးနိုင်သည်။ ရပ်ဝေးမှ ဆွေမျိုးများ အိမ်မှာ ဆေးလာကုတာမျိုးကြုံရတတ်ပါတယ်။ လုပ်ငန်းခွင်တွင် အထက်လူကြီးက အလုပ်တာဝန်တွေအများကြီး ပေးထား တာကြောင့် အလုပ်ဝန်ပိနေတတ်ပါတယ်။ ငွေက အဝင်ကြမ်း အထွက်ကြမ်းဖြစ်နေလိမ့်မယ်။ အရမ်းတစိမ်းဆန်သူများ၏ စကားကို ချင့်ယုံပါ။ အချစ်ရေးကံကကောင်းနေပါလိမ့်မယ်။ အိမ်ထောင်သည်များ ဆန့်ကျင်ဘက်လိင်တွေရဲ့ မြူ ဆွယ်ခြင်းမျိုးကြုံရတတ်ပါတယ်။ သွေးတိုးနေတာမျိုး ၊ခေါင်းကိုက်တာမျိုး ကြုံရလိမ့်မယ်။
အကျိုးပေးဂဏန်း ၅/၉/၁
အထူးဟော ပညာရေးကံ မကောင်းသေးပါ။
ယတြာ ဖိနပ်ပျက်/ထီးပျက်ရှိရင် အိမ်နဲ့ခပ်ဝေးဝေးတစ်နေရာကို စွန့်ပစ်လိုက်ပါ။
Source by – ငြိမ်းအေးလူ (ဗေဒင်သုတေသီ)