BREAKING NEWS

နှင်းသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူး ငါးချက်

နှင်းသီးမှာ ဗီတာမင် စီ၊ ဗီတာမင်အေ၊ ကယ်လ်ဆီယမ်၊ သီရာမင်၊ နီကာတင်၊ သံဓာတ်၊ ဆာလဖာနဲ့ ပိုတက်ဆီယမ် ဓာတ်တွေ ပါဝင်နေ ပါတယ်။ နှင်းသီးမှာ အော်ဂဲနစ်ဓာတ် ပေါင်းတွေဖြစ်ကြတဲ့ jambosine, betulini အက်ဆစ်နဲ့ frie-delolactone တို့ ပါဝင်နေပါတယ်။

ဆီးချိုထိန်းချုပ်ပေးခြင်း

နှင်းသီးမှာပါတဲ့  Jambosine က အယ်ကာလွိုက်တစ်မျိုးဖြစ်ပြီး ကစီဓာတ် ကို သကြားဓာတ်အဖြစ် ပြောင်းလဲတာကို ထိန်းညှိပေးတာနဲ့ တားဆီးပေးတာတွေ လုပ်ဆောင်ပေးပါတယ်။
သည်လုပ်ငန်းစဉ်က ဆီးချိုဝေဒနာ သည်တွေနဲ့ ဆီးချိုဝေဒနာ ဖြစ်နိုင်ခြေရှိ တဲ့ သူတွေအတွက် အရမ်းကို အရေးပါတဲ့ အ ချက်တစ် ချက်ပါ။ သွေးတွင်း သကြားဓာတ် အပေါ် jam-bosine ရဲ့ အကျိုးသက်ရောက်မှုကို ဆက်လက် လေ့လာနေဆဲပါ။

အစာကြေညက်အောင် ကူညီပေးခြင်း

နှင်းသီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာချေလမ်းကြောင်းမှာအစာတွေပို့ဆောင်မှုကိုလွယ်ကူချောမွေ့ စေပြီး ဝမ်းချုပ်တာ ကိုသက်သာစေသလိုအခြားရောဂါကြီးကြီးမားမားမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

နှင်းသီးစေ့ကို ဝမ်းလျှောတာနဲ့ ဝမ်းကိုက်တာတွေကို ကာကွယ်တဲ့ဆေးအဖြစ် အသုံးပြုခဲ့ကြပါတယ်။

ကင်ဆာမဖြစ်အောင် ကာကွယ်ပေးခြင်း

နှင်းသီးမှာပါဝင်တဲ့ ဗီတာမင်အေ နဲ့ ဗီတာမင်စီ ပေါင်းစပ်ထားတဲ့ အော်ဂင်းနစ် ဓာတ်ပေါင်းတွေက ကင်ဆာကာကွယ် ကုထုံးတွေမှာ အရမ်းကိုအရေးပါတဲ့ ဓာတ်တွေဖြစ်ကြပါတယ်။ အစောပိုင်းလေ့လာမှုတွေအရ နှင်းသီးကို ဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာတွေ ဖြစ်နိုင်ခြေ လျော့ကျ အောင် နေ့စဉ်စားသုံးပေးသင့်တယ်လို့ အကြံပြုထားပါတယ်။

အဆိပ်အတောက်ကို လျော့ကျစေခြင်း

နှင်းသီးက အသည်းနဲ့ ကျောက်ကပ် က အဆိပ်အတောက်တွေကို  ဖယ်ရှားရာမှာ အထောက်အကူပြုသလို ခန္ဓာကိုယ်ရဲ့ ဇီဝလုပ်ငန်း စဉ်ကို ထိထိရောက်ရောက် ဖြစ်စေဖို့လည်း မြှင့်တင်ပေး ပါတယ်။

ကိုလက်စထရောပမာဏကို ထိန်းညှိပေး ပြီး နှလုံး ကျန်းမာသန်စွမ်းစေခြင်း

နှင်းသီးမှာပါတဲ့ အမျှင်ဓာတ်နဲ့ အာဟာဓာတ်တွေ ပေါင်းစုလိုက်တဲ့အခါ ကို လက်စထရောပမာဏကို သိသိသာသာ ကျဆင်းသွားစေ တာကို တွေ့ရှိရပါတယ်။ နှင်းသီးက နှလုံးသွေးကြောကျဉ်းတာနဲ့ နှလုံးသွေးကြောတွေ မာတာ ဖြစ်နိုင်ခြေကို လျော့ကျစေသလို ရုတ်တရက် နှလုံး ရပ်တာ၊ လေဖြတ်တာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေလိုမျိုး ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း

နှင်းသီးမှာပါဝင်တဲ့ ဓာတ်တွေက ပိုးမွှားတွေကို တိုက်ဖျက်နိုင်တာကြောင့် အရေပြားမှာ ဖြစ်တတ်တဲ့ မှိုပိုးကူးစက်မှုတွေကို မဖြစ်အောင် ကာကွယ်ပေးသလို ကူးစက်ရောဂါတွေ မဝင်ရောက်နိုင်အောင်လည်း ကိုယ်ခံအားစနစ်ကို တိုးမြှင့် ပေးပါတယ်။

သတိပြုရမယ့်အချက်

နှင်းသီးပင်စည်၊ အရွက်နဲ့ အစေ့တွေမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တွေနဲ့ ဆိုက်ရာနိုက်ဓာတ်တွေ ပါဝင်နေတတ်ပါတယ်။ နှင်းသီးစားသုံးမယ်ဆိုရင် အသားကိုပဲ စားသုံးသင့်ပါတယ်။ နှင်းသီး ရဲ့ အခြားအစိတ်အပိုင်းတွေကို မစားသုံးသင့်ပါဘူး။

source_kumudra





Leave a Reply

Your email address will not be published. Required fields are marked *