BREAKING NEWS

ဧရာဝတီတိုင်းမှ လယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆန်စပါးအသင်းချုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ဆွေးနွေးပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဧရာဝတီတိုင်း   ဒေသကြီး၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲအား မေလ ၂၇ ရက်နေ့တွင် ပုသိမ်မြို့ ၊ ပုသိမ်ဟိုတယ် မင်္ဂလာခန်းမတွင် ကျင်းပလျက်ရှိသည်။ ယင်းဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေး ၊သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးရာဝန်ကြီးဌာန ဝန်ကြီးဦးဘဟိန်းမှ တက်ရောက်ကာ  အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊   မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်က ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍  ဆောင်ရွက်ပးနိုင် မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။

လယ်သမားများအနေဖြင့် မျိုးကောင်းမျိုးသန့်ရရှိရေးသည် အလွန်အရေးကြီးကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တောင်သူလယ်သမား များမှာ လိုအပ်မှုများရှိနေသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးရာ ဝန်ကြီးဌာန ဝန်ကြီးဦးဘဟိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ “ပြီးခဲ့တဲ့ အစိုးရ သက်တမ်းအတွင်းမှာလည်း လုပ်ခဲ့ပါတယ်၊ နောက်ကြောင်းပြန်မပြောချင်တော့ပါဘူး၊ ဒီကနေ့ လယ်ယာကဏ္ဍဖွံ့ဖြိုးရေး အတွေ့အကြုံ   တွေကို ပြောပြကြမယ်၊ ပွင့်ပွင့်လင်းလင်းပြောကြပါ၊ အဲဒါမှ ကျွန်တော်တို့ သိရမယ်၊ အရင်တုန်းကလို မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ လည်း လယ်သမားတွေအတွက် တတ်နိုင်တာတွေ လုပ်နေပါတယ် ၊ အခုလည်း လယ်သမားတွေအနေနဲ့က စိုက်ပျိုးမှုတစ်ခုထဲက စားလောက်ရုံပဲ ရှိမယ်။ လူတန်းစေ့နေနိုင်ဖို့ မလွယ်ပါဘူး။ အခုတော့ ကွဲပြားနေတဲ့ ဝန်ကြီးဌာနဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတ ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေကို ပူးပေါင်းလိုက်တာ အင်မတန်ကောင်းပါတယ်၊ စိုက်ပျိုးရုံတစ်ခုနဲ့ လယ်သမားတွေ အဆင်မပြေနိုင်ဘူး၊ မွေးမြူရေးအတွက်လည်း လုပ်ပေးသင့်တယ် ” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်က ပြောကြားခဲ့ သည်။ ပုသိမ်ဟိုတယ် မင်္ဂလာခန်းမတွင် ကျင်းပသည့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်း ဒေသကြီး ဆန်စပါးအသင်းချုပ်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူလယ်သမားများအပါအဝင် လူပေါင်း ၂၆၀ ကျော် တက်ရောက်ခဲ့ကြပြီး၊ အကြံပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

Credit – Pissaya





Leave a Reply

Your email address will not be published. Required fields are marked *