BREAKING NEWS

ဆီထြက္မုန္ညင္းအထြက္တုိး⁠ေစရန္ ⁠ေဆာင္ရြက္ရမည့္ အခ်က္မ်ား

(၁)  ဆီထြက္မုန္ညင္းေစ့မ်ားသည္ ေသးငယ္သျဖင့္ အပင္ေပါက္ေကာင္းေစရန္အတြက္ စုိက္ခင္းေျမမ်ား ညက္ေညာေအာင္ ျပဳျပင္ပါ။ ေျမမ်က္ႏွာျပင္ ညီညာေအာင္ညိွေပးပါ။ စုိက္ခင္းအတြင္း ေရမဝပ္ေစရန္ ဂရုစုိက္ပါ။

(၂)  စိုက္ပ်ဳိးရန္ ေျမျပဳျပင္ခ်ိန္တြင္ တစ္ဧကလွ်င္ ႏြားေခ်း လွည္း (၅-၁၀)စီး၊ ယူရီးယား (၅၄) ေပါင္၊ တီစူပါ (၉၀) ေပါင္၊ ပုိတက္ရွ္ (၃၆) ေပါင္ႏႈန္း ထည့္ေပးပါ။

(၃)  တစ္ဧကလ်ွင္ မ်ဳိးေစ့ႏႈန္း (၄) ျပည္ ကုန္က်ပါသည္။ မ်ဳိးေစ့အပင္ေပါက္ရာခုိင္ႏႈန္း (၈၀) အထက္ရိွသင့္ပါသည္။

(၄)  အမ်ားအားျဖင့္ ၾကဲပက္စုိက္ပ်ဳိးၾကပါသည္။ သုိ ့ရာတြင္ တန္းၾကား (၁၀) လက္မ၊ ပင္ၾကား (၄) လက္မကြာ အတန္းလုိက္ စိုက္ပ်ဳိးႏုိင္ လွ်င္ အထြက္ႏႈန္း ပုိမုိလာႏုိင္ပါသည္။ မ်ဳိးေစ့ေျမတြင္းက်ရမည့္ အနက္မွာ (၁-၁ .၅) လက္မအတြင္း ရွိသင့္ပါသည္။

(၅)  မ်ဳိးေစ့မ်ားကုိ မႈိသတ္ေဆးတစ္မ်ဳိးမ်ဳိးႏွင့္ လူးနယ္စုိက္ျခင္းျဖင့္ ေျမေအာင္းေရာဂါမ်ား၊ မ်ိဳးေစ့ေဆာင္ေရာဂါ၊ မ်ားအား ကာကြယ္ႏွိမ္နင္း ႏိုင္ပါသည္။

(၆)  ၾကဲပက္စုိက္ခင္းမ်ားတြင္ျဖစ္ေစ၊ အတန္းစုိက္ စုိက္ခင္းမ်ားတြင္ျဖစ္ေစ အပင္ေပါက္ျပီး (၂၀) ရက္သားအတြင္း တစ္ပင္ႏွင့္တစ္ပင္ အကြာအေဝး (၄)လက္မ ခန္ ့ျခား၍ သားခဲြေပးပါ။

(၇)  မ်ဳိးေစ့မ်ားသည္ ေသးငယ္သျဖင့္ အပင္ငယ္စဥ္ကာလက အပင္ေပါက္ငယ္အဆင့္မွာပင္ ေပါင္းျမက္ႏွင့္ ယွဥ္ျပိဳင္စြမ္းအားနည္းပါး ေသာေၾကာင့္ စုိက္ခင္းေျမျပဳျပင္စဥ္ကပင္ ေပါင္းျမက္ကင္းစင္ေအာင္ ျပဳလုပ္ခဲ့ရန္ အေရးၾကီးပါသည္။ ေပါင္းျမက္မ်ားသည္ မုန္ညင္းပင္ မ်ားႏွင့္ အစုိဓာတ္၊ အာဟာရဓာတ္မ်ားအား ယွဥ္ျပိဳင္စားေသာက္သည္သာမက ရိတ္သိမ္းရာတြင္လည္း အခက္အခဲ ျဖစ္ေစႏုိင္ပါသည္။

(၈)  ဆီထြက္မုန္ညင္းပင္မ်ားအား ပ်ပုိး၊ ရြက္စားခူ၊ သီးလုံးေဖာက္ပုိးႏွင့္ ေျမတြင္းေအာင္းပုိးမ်ား ဖ်က္ဆီးတတ္ပါသည္။ ပုိးမႊားအမ်ဳိးအစား အလုိက္ သင့္ေလ်ာ္ေသာ ပုိးသတ္ေဆးမ်ားျဖင့္ စနစ္တက် ကာကြယ္ႏွိမ္နင္းပါ။ ေျမတြင္းေအာင္းပုိးမႊားမ်ားအား ကာကြယ္ရန္ မစုိက္မီ ကပင္ ေလာ့စ္ဘင္ကဲ့သုိ ့ေသာ ေျမေအာင္းပုိးသတ္ေဆးမ်ားျဖင့္ လူးနယ္စုိက္ပ်ဳိးပါ။

(၉)  ေယဘုယ်အားျဖင့္ ပန္းပြင့္ခ်ိန္၊ အသီးျဖစ္ခ်ိန္မ်ားတြင္ ေရငတ္ပါက အထြက္ႏႈန္း ေလ်ာ့နည္းတတ္သျဖင့္ ေရငတ္ခံရပါက ေရသြင္းေပး ပါ။ ေရအရွိန္ျပင္းပါက အပင္မ်ား နာႏုိင္ပါသျဖင့္ ေရကုိျဖည္းညင္းစြာ သြင္းေပးပါ။

(၁၀)  ပန္းပြင့္ခ်ိန္တြင္ အစုိဓာတ္ အလုံအေလာက္ရွိပါက ယူရီးယား (၃၆) ေပါင္ထပ္မံထည့္ေပးပါ။

(၁၁)  အေလအလြင့္နည္းေအာင္ စနစ္တက် ရိတ္သိမ္းပါ။ ရင့္မွည့္ခ်ိန္တြင္ ပင္စည္ႏွင့္ အသီးမ်ား အဝါေရာင္ျဖစ္ေပၚလာျပီး၊ အေစ့မ်ား အနက္ေရာင္ျဖစ္ထြန္းလာသည္။ အေစ့တြင္းအစုိဓာတ္ (၁၅) ရာခုိင္ႏႈန္း ရွိေနမည္ျဖစ္ပါသည္။ မုန္ညင္းအသီး၊ အေစ့မ်ားသည္ ရင့္မွည့္ မႈျမန္ဆန္သျဖင့္ သင့္ေလ်ာ္ေသာ ရိတ္သိမ္းခ်ိန္ကုိ တစ္ပတ္ ထက္ပုိ၍ မၾကာေပ။ ပင္စည္အေျခပုိင္းရွိ အသီးမ်ားစတင္ရင့္မွည့္လာျပီး အေပၚပုိင္းရွိအသီးမ်ား တျဖည္းျဖည္း ရင့္မွည့္သြားရာ အပင္ေအာက္ေျခရွိအသီးမ်ား ေျခာက္လာလ်ွင္ စတင္ရိတ္သိမ္းႏုိင္ပါသည္။ အေလ အလြင့္နည္းေစရန္ နံနက္ပုိင္း၊ ညေနပုိင္းမ်ားတြင္ ရိတ္သိမ္းသင့္ပါသည္။ အပင္မ်ားကုိ တလင္းတြင္ အေျခာက္လွမ္းျပီး ေျခာက္ေသြ ့လာ ပါက အပင္မ်ားကုိ တုတ္ျဖင့္ရုိက္၍ ေခြ်ကာရလာေသာ အေစ့မ်ားအား ျပာေလွ ့ သုိေလွာင္ႏုိင္ပါသည္။ 

Unicode ျဖင့္ဖတ္ရန္   

ဆီထွက်မုန်ညင်းအထွက်တိုး⁠စေရန် ⁠ဆောင်ရွက်ရမည့် အချက်များ

========================================

(၁) ဆီထွက်မုန်ညင်းစေ့များသည် သေးငယ်သဖြင့် အပင်ပေါက်ကောင်းစေရန်အတွက် စိုက်ခင်းမြေများ ညက်ညောအောင် ပြုပြင်ပါ။ မြေမျက်နှာပြင် ညီညာအောင်ညှိပေးပါ။ စိုက်ခင်းအတွင်း ရေမဝပ်စေရန် ဂရုစိုက်ပါ။

(၂) စိုက်ပျိုးရန် မြေပြုပြင်ချိန်တွင် တစ်ဧကလျှင် နွားချေး လှည်း (၅-၁၀)စီး၊ ယူရီးယား (၅၄) ပေါင်၊ တီစူပါ (၉၀) ပေါင်၊ ပိုတက်ရှ် (၃၆) ပေါင်နှုန်း ထည့်ပေးပါ။

(၃) တစ်ဧကလျှင် မျိုးစေ့နှုန်း (၄) ပြည် ကုန်ကျပါသည်။ မျိုးစေ့အပင်ပေါက်ရာခိုင်နှုန်း (၈၀) အထက်ရှိသင့်ပါသည်။

(၄) အများအားဖြင့် ကြဲပက်စိုက်ပျိုးကြပါသည်။ သို့ရာတွင် တန်းကြား (၁၀) လက်မ၊ ပင်ကြား (၄) လက်မကွာ အတန်းလိုက် စိုက်ပျိုးနိုင် လျှင် အထွက်နှုန်း ပိုမိုလာနိုင်ပါသည်။ မျိုးစေ့မြေတွင်းကျရမည့် အနက်မှာ (၁-၁ .၅) လက်မအတွင်း ရှိသင့်ပါသည်။

(၅) မျိုးစေ့များကို မှိုသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ခြင်းဖြင့် မြေအောင်းရောဂါများ၊ မျိုးစေ့ဆောင်ရောဂါ၊ များအား ကာကွယ်နှိမ်နင်း နိုင်ပါသည်။

(၆) ကြဲပက်စိုက်ခင်းများတွင်ဖြစ်စေ၊ အတန်းစိုက် စိုက်ခင်းများတွင်ဖြစ်စေ အပင်ပေါက်ပြီး (၂၀) ရက်သားအတွင်း တစ်ပင်နှင့်တစ်ပင် အကွာအဝေး (၄)လက်မ ခန့်ခြား၍ သားခွဲပေးပါ။

(၇) မျိုးစေ့များသည် သေးငယ်သဖြင့် အပင်ငယ်စဉ်ကာလက အပင်ပေါက်ငယ်အဆင့်မှာပင် ပေါင်းမြက်နှင့် ယှဉ်ပြိုင်စွမ်းအားနည်းပါး သောကြောင့် စိုက်ခင်းမြေပြုပြင်စဉ်ကပင် ပေါင်းမြက်ကင်းစင်အောင် ပြုလုပ်ခဲ့ရန် အရေးကြီးပါသည်။ ပေါင်းမြက်များသည် မုန်ညင်းပင် များနှင့် အစိုဓာတ်၊ အာဟာရဓာတ်များအား ယှဉ်ပြိုင်စားသောက်သည်သာမက ရိတ်သိမ်းရာတွင်လည်း အခက်အခဲ ဖြစ်စေနိုင်ပါသည်။

(၈) ဆီထွက်မုန်ညင်းပင်များအား ပျပိုး၊ ရွက်စားခူ၊ သီးလုံးဖောက်ပိုးနှင့် မြေတွင်းအောင်းပိုးများ ဖျက်ဆီးတတ်ပါသည်။ ပိုးမွှားအမျိုးအစား အလိုက် သင့်လျော်သော ပိုးသတ်ဆေးများဖြင့် စနစ်တကျ ကာကွယ်နှိမ်နင်းပါ။ မြေတွင်းအောင်းပိုးမွှားများအား ကာကွယ်ရန် မစိုက်မီ ကပင် လော့စ်ဘင်ကဲ့သို့သော မြေအောင်းပိုးသတ်ဆေးများဖြင့် လူးနယ်စိုက်ပျိုးပါ။

(၉) ယေဘုယျအားဖြင့် ပန်းပွင့်ချိန်၊ အသီးဖြစ်ချိန်များတွင် ရေငတ်ပါက အထွက်နှုန်း လျော့နည်းတတ်သဖြင့် ရေငတ်ခံရပါက ရေသွင်းပေး ပါ။ ရေအရှိန်ပြင်းပါက အပင်များ နာနိုင်ပါသဖြင့် ရေကိုဖြည်းညင်းစွာ သွင်းပေးပါ။

(၁၀) ပန်းပွင့်ချိန်တွင် အစိုဓာတ် အလုံအလောက်ရှိပါက ယူရီးယား (၃၆) ပေါင်ထပ်မံထည့်ပေးပါ။

(၁၁) အလေအလွင့်နည်းအောင် စနစ်တကျ ရိတ်သိမ်းပါ။ ရင့်မှည့်ချိန်တွင် ပင်စည်နှင့် အသီးများ အဝါရောင်ဖြစ်ပေါ်လာပြီး၊ အစေ့များ အနက်ရောင်ဖြစ်ထွန်းလာသည်။ အစေ့တွင်းအစိုဓာတ် (၁၅) ရာခိုင်နှုန်း ရှိနေမည်ဖြစ်ပါသည်။ မုန်ညင်းအသီး၊ အစေ့များသည် ရင့်မှည့် မှုမြန်ဆန်သဖြင့် သင့်လျော်သော ရိတ်သိမ်းချိန်ကို တစ်ပတ် ထက်ပို၍ မကြာပေ။ ပင်စည်အခြေပိုင်းရှိ အသီးများစတင်ရင့်မှည့်လာပြီး အပေါ်ပိုင်းရှိအသီးများ တဖြည်းဖြည်း ရင့်မှည့်သွားရာ အပင်အောက်ခြေရှိအသီးများ ခြောက်လာလျှင် စတင်ရိတ်သိမ်းနိုင်ပါသည်။ အလေ အလွင့်နည်းစေရန် နံနက်ပိုင်း၊ ညနေပိုင်းများတွင် ရိတ်သိမ်းသင့်ပါသည်။ အပင်များကို တလင်းတွင် အခြောက်လှမ်းပြီး ခြောက်သွေ့လာ ပါက အပင်များကို တုတ်ဖြင့်ရိုက်၍ ချွေကာရလာသော အစေ့များအား ပြာလှေ့ သိုလှောင်နိုင်ပါသည်။





Leave a Reply

Your email address will not be published. Required fields are marked *