BREAKING NEWS

ဆီထွက်မုန်ညင်း စိုက်ပျိုးနည်း

ဆီထွက်မုန်ညင်းမျိုးများ

မြန်မာပြည်တွင် ဒေသအလိုက် စိုက်ပျိုးခဲ့ ကြသော ဒေသမျိုးများကိုသာ အသုံးပြုစိုက်ပျိုးလျှက်ရှိနေပါသေးသည်။ အခြားဆီးထွက်သီးနှံများကဲ့သို့ ကချင်ပြည်နယ် အချို့ ဒေသများ၊ ချင်းပြည်နယ်အချို့ ဒေသ များနှင့် ရခိုင်ပြည်နယ်အချို့ ဒေသများတွင် စားသုံးဆီအတွက် အားထားရသော ဆီထွက်သီးနှံတစ်ခု ဖြစ်ပါသည်။

၁၉၉၆-၉၇ ခုနှစ်မှစ၍ Huile Trading Co., Ltd ၏ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆီထွက်မုန်ညင်းမျိုး၊ မျိုးသစ်တစ်ခုဖြစ်သည့် ကနိုလာ (Canola) ဆီမုန်ညင်း မျိုးသစ်များဖြစ်သည့် Reard, Excel, ST-016, Chinook, Legend, Monty, Grouse မျိုးများအား သြစတြေး လျနိုင်ငံမှ မှာယူတင်သွင်းကာ ဆီထွက်မုန်ညင်း အဓိကစိုက်ပျိုးသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ ပိုင်း၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရခိုင်ပြည်နယ်မြောက်ပိုင်းတို့ တွင် နှစ်စဉ်စမ်းသပ်စိုက်ပျိုးခဲ့ သော်လည်း ဒေသဆီမုန်ညင်းမျိုးများထက် အသက်အရွယ် ကြီးရင့်ခြင်း၊ ပိုးမွှားဖျက်ဆီးမှုဒဏ် ခံနိုင်ရည် နည်းပါးခြင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် အပွင့်၊ အသီးဖြစ်ပေါ်မှု ညံ့ဖျင်းခြင်းတို့ ကြောင့် ပြည်တွင်းဒေသ ဆီမုန်ညင်းမျိုးများလောက် အောင်မြင်မှုမရခဲ့ပါ။

ရာသီဥတု 

ဆီထွက်မုန်ညင်းပင်များသည် သမပိုင်းဒေသတွင်ပေါက်ရောက်ဖြစ်ထွန်းသော သီးနှံပင်အမျိုးအစားများဖြစ်ပါသည်။ အပူချိန်အားဖြင့် မပူ လွန်း၊ မအေးလွန်းသော အခြေအနေကို အပင်ကြီးထွားစဉ် တစ်လျှောက်ရရန်လိုအပ်ပါသည်။ နေ့ အပူချိန် (၂၅) ဒီဂရီစင်တီဂရိတ် (၇၇ံF)အောက်တွင်အပင်ကောင်းစွာဖြစ်ထွန်းနိုင်ပြီး အပင်ကြီးထွားမှု အဆင့်ဆင့်တွင် နှင်းခါးကျသည့်ဒဏ်ကို ခံနိုင်ပါသည်။ မြန်မာပြည်တွင်မှု ဆောင်းရာသီအေးမြ ခြောက်သွေ့ သောအချိန်၌ စိုက်ပျိုးကြပါသည်။ စိုက်ပျိုးချိန်အားဖြင့် စက်တင်ဘာလအတွင်း စိုက်ပျိုးနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။

မြေအမျိုးအစား

ဆီထွက်မုန်ညင်းများကို မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သော်လည်း နုန်းမြေနီ၊ သဲနုံးမြေ၊ မြေစေး အသင့်အတင့်ပါသော မြေများတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ သို့ ရာတွင် မိုးရွာချအပြီး အပေါ်ရံမျက်နှာပြင်တင်းမာသွားသော မြေအမျိုးအစားများ၌ သေးငယ်သော မုန်ညင်းစေ့ကလေးများမှ အညှောင့်ပေါက်၍ မြေပေါ်သို့  ထွက်လာနိုင်သည့်စွမ်းအားနည်းပါးသဖြင့် ယင်းမြေများကို ရှောင်ရှားသင့်ပါ သည်။ စိုက်ပျိုးသည့်မြေတွင် အဓိကရှိအချက်မှာ အောက်ခံမြေမာ(Crust) မရှိစေရပါ။ ထို့ ပြင်ရေစီးရေလာကောင်း၍ ရေထုတ်နိုင်ခြင်း ပြုလုပ်ရန် လွယ်ကူရမည်ဖြစ်ပါသည်။ ရေဝပ်၍ ရေထုတ်ရန်ခက်ခဲပါက အထူးသဖြင့် အပင်ငယ်စဉ် အဆင့်တွင် ကြီးထွားမှုအတွက် အနှောင့်အယှက် အဟန့် အတား ဖြစ်စေပါသည်။ မြေအချဉ်အငံ ဓာတ်အားဖြင့် pH (၅.၅ – ၈) အထိ ပေါက်ရောက်နိုင်ပြီး မြေချဉ်သည့် ဒဏ်ကို မြေညံ့သည့် ဒဏ်ထက် ပိုမိုခံနိုင်စွမ်းရှိပါသည်။ မြန်မာပြည်တွင် ရာသီဥတု၊ ရေ၊ မြေအခြေအနေအရ စိုက်ပျိုးသင့်သော ဒေသ များမှာ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ ပိုင်း) စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့  ဖြစ်ပါသည်။

စိုက်ပျိုးသုတ ပစ္စယ(Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *