BREAKING NEWS

07.9.2017 မှ 13.9.2017 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်း တနင်္ဂနွေသားသမီးတွေအနေနဲ့က ဆွတ်ပျံ့ကြည်နူးစရာကောင်းတဲ့ ကာလတွေပါပဲ။ အဘက်ဘက်က စိတ်ချမ်းသာမှု တွေ ရလာပါလိမ့်မယ်။ ကျန်းမာရေးကတော့ အကောင်းဘက်ကို ဦးတည်နေတဲ့အချိန်ပါ။ ဆေးဝါးစတင် မှီဝဲခြင်း ၊ မိမိကျန်းမာရေးအတွက် medical checkup ပြုလုပ်ခြင်းများ လုပ်သင့်ပါတယ်။ ရောဂါရှာဖွေခြင်းများ ပြုလုပ်ခြင်းဖြင့် မှန်ကန်တဲ့ အဖြေကို ရမဲ့ကာလပါ။ လူငယ် လူရွယ်များ အချစ်ရေးကိစ္စများတွင် လှေနံနှစ်ဘက်နင်းမိတာမျိုး ဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲ အချစ်ရေးမှာ စိုးရိမ်ပူပန်စရာတွေ ကြုံရ တတ်ပါတယ်။ စီးပွားလဲကောင်းနေပါတယ်။ ဒါပေမဲ့ မိသားစုစီးပွားရေးဆိုရင်တော့ ရန်များမဲ့ကာလတစ်ခုပါပဲ။ ပညာရေးမှာ ကြုံလာရမဲ့ အခက်အခဲတွေကိုကျော်လွှားနိုင်မှာပါ။

အကျိုးပေးဂဏန်း ၁/၂/၉
အထူးဟော ပျော်စရာကာလပါ။
ယတြာ အင်္ကျီအနီရောင်လေးဝတ်ပြီး တနင်္ဂနွေထောင့်မှာ ပန်းဆီမီး ပူဇော်လိုက်ပါ။

တနင်္လာ

စိတ်အလိုမကျစရာတွေ တစ်ခုပြီးတစ်ခု ကြုံလာရပြီဆိုရင်လဲ သည်းခံစိတ်မွေးပါ။ အရာရာတိုင်းကို စိတ်လိုက်မာန်ပါ ပြုမူပြောဆိုခြင်း မပြုသင့်ပါဘူး။ငွေကြေးအကြပ်အတည်းကြုံရတတ်တဲ့ကာလပါ။ ဝင်စရာရှိတဲ့ငွေတွေ ဝင်ဖို့ ကြန့်ကြာနေတတ်ပါတယ်။ ငွေအဝင်နည်း ပေမဲ့ ကုန်စရာတွေကတော့ တစ်ခုပြီး တစ်ခုပေါ်လာတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ မိမိရဲ့ ပေါ့ဆမှုကြောင့် အပ်နဲ့ထွင်းရမဲ့ ကိစ္စ
ပဆိန်နဲ့ ပေါက်နေရပါလိမ့်မယ်။ ကျန်းမာရေးမပေါ့သင့်ပါ။ အလုပ်အကိုင်ကောင်းပေမဲ့ အောက်လက်ငယ်သားတွေ အမှားလုပ်မိခြင်း ကြောင့် ပြဿ နာက မိမိခေါင်းပေါ်ရောက်လာတတ်ပါတယ်။ အချစ်ရေးမှာ ချစ်သူချင်း မိဘအကြီးအကဲတွေနဲ့ ပက်သက်ပြီး စကားများ ရတတ်ပါတယ်။ ပညာရေးကတော့ ရှေ့လျှောက်ကောင်းလာဖို့ရှိနေတဲ့ အချိန်ပါပဲ။

အကျိုးပေးဂဏန်း ၇/၀/၎
အထူးဟော ကံညံ့နေပါတယ်
ယတြာ ဂုဏ်တော်ကိုးပါးကို ပုတီးစိပ်ပါ။

အင်္ဂါ

ဒီကာလအတွင်း ဘာကိစ္စပဲလုပ်လုပ် ဖြေးဖြေးမှန်မှန်လုပ်ရင် အဘက်ဘက်က အဆင်ပြေပါလိမ့်မယ်။ သူများက လေးတယ်/နှေးတယ်လို့ ပြောရင်ပြောပါစေ အေးအေးဆေးဆေးပဲလုပ်ပါ။ ယာဉ်ကားကအစ မြန်မြန်မောင်းရင် အန္တရာယ်ဖိတ်ခေါ်သလို ဖြစ်မဲ့အချိန်ပါပဲ။ မိခင် အတွက် စိတ်ပူပန်ရခြင်း ၊ စိတ်ဆင်းရဲရခြင်းတွေ ကြုံလာရပါလိမ့်မယ်။ ဒီကာလအတွင်း အလုပ်အတွက် စီးပွားအတွက်တော့ ပူပင်ရမှု နည်းပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဒီကာလအတွင်း အညံ့အဆိုးကင်းနေမဲ့အချိန်ပါပဲ ။ ကျန်းမာရေးညံ့ဖျင်းမှုတွေ မရှိနိုင်ပါဘူး။ အချစ်ရေးအနေနဲ့ လက်ထပ်ဖို့ မိဘတွေရဲ့ သဘောမတူမှုတွေ ကြောင့် ရှေးတိုးရခက်နေတတ်ပါတယ်။ ပညာရေးကတော့ အထူးကောင်း နေတဲ့ကာလပါ။ ကြို စားသမျှအရာထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၃/၆/၉
အထူးဟော စိတ်အေးချမ်းသာစွာ ပြုမူနေထိုင်ပါ။
ယတြာ လူကြီးမိဘတွေကို အစားအစာတစ်ခုခု ဝယ်ပြီးကန်တော့လိုက်ပါ။

ဗုဒ္ဓဟူး

ဒီကာလအတွင်း လုပ်ငန်းစီးပွားအထူးတိုးတတ်ပါလိမ့်မယ်။ မိမိကြိုးစားနိုင်သလောက် အထူးတိုးတတ်သွားပါလိမ့်မယ်။ ကြံစည်ထား တာတွေရှိရင် လက်တွေ့အကောင်အထည်ဖော်လိုက်ပါ။ ဖြစ်လာပါလိမ့်မယ်။ မိတ်ဆွေတွေသစ်တွေ တိုးပွားလာနိုင်သလို မိတ်ဟောင်း ဆွေဟောင်းတွေရဲ့ ကူညီထောက်ပံ့ခြင်းကိုလဲခံရတတ်ပါတယ်။ ရပ်ဝေးနဲ့ ချိတ်ဆက်လုပ်ကိုင်ရသောအလုပ်များ၊ ကုန်သွယ်မှု ဆိုင်ရာ လုပ်ငန်းများအထူးတိုးတတ်ပါလိမ့်မယ်။ အလှူအတန်းလဲပေးရတတ်ပါတယ်။ အလှူမင်္ဂလာကိစ္စများ ကြုံရနိုင်တဲ့ကာလပါပဲ။ ကျန်းမာရေး အနေနဲ့ အကောင်းင်္ကြးမဟုတ်ပေမဲ့ နှားစေး ချောင်းဆိုးလောက်ပဲ ဖြစ်မဲ့ကာလပါပဲ။ အချစ်ရေးကံအထူးကောင်းမဲ့ကာလပါ။
ပညာရေးကတော့ အားနည်းနေချိန်ပါ။ ဝီရိယစိုက်ပြီးကြိုးစားစေချင်ပါတယ်။

အကျိုးပေးဂဏန်း ၄/၈/ဝ
အထူးဟော စီးပွားတိုးတတ်မည်။
ယတြာ ထန်းလျက် ၁၀လုံး ဘုရားကပ်လှူ ဆုတောင်းပါ။

ကြာသပတေး

ဒီကာလဟာ ကျန်းမာရေးအထူးဂရုစိုက်ဖို့ လိုအပ်တဲ့ကာလပါပဲ။ ဗိုက်အောက် ဗိုက်နာဖြစ်ခြင်း၊ ဝမ်းပျက်ခြင်းတွေလဲ ကြုံရနိုင်ပါတယ်။ အနေအထိုင်အစားအသောက်တွေ ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ဒီကာလအတွင်းငွေကြေးအကြပ်အတည်းတစ်ခုကြုံရတတ်ပါတယ်။ သူများ ကိုငွေမချေးသင့်သလို မိမိကိုယ်တိုင်လဲကြွေးယူတာမျိုးမလုပ်သင့်ပါဘူး။ အများပိုင်ငွေတွေ မိမိလက်ထဲအပ်နှံခြင်းမျိုးကိုလဲ ရှောင်ရှားသင့်ပါတယ်။ အချစ်ရေးကိစ္စတွေမှာတော့ မိမိဘက်က မှန်ကန်အောင်နေဖို့လိုပါတယ်။ အဲလိုမှ မဟုတ်ရင်ချစ်သူကမိမိ အမှားကိုအစဆွဲထုတ်ပြီး ပြဿနာရှာခြင်းကိုခံရနိုင်ဖွယ်ရှိပါတယ်။ လူငယ်လူရွယ်များ စိတ်လေစိတ်လွင့် ဖြစ်ရတတ်ပါတယ်။ ပညာရေး အနေနဲ့ စာထဲ စိတ်မပါသလို ဖြစ်နေမဲ့အချိန်ပါပဲ

အကျိုးပေးဂဏန်း ၃/၉/၂
အထူးဟော စိတ်ပျံ့လွင်နေရတတ်ပါတယ်။
ယတြာ ငွေ ၂၀၀ပံ့သကူ ပစ်လိုက်ပါ

သောကြာ

မိမိသွားဖို့ ရည်မှန်းထားသော ခရီးကိစ္စများပျက်ပြယ်သွားတတ်ပါတယ်။ အရင်ကထက် အလုပ်နှစ်ဆပိုလုပ်ရတတ်ပါတယ်။ ဒါကြောင့်ပဲ စိတ်ပန်းလူပန်းဖြစ်ပြီး ကိုယ်လက်မအီမသာဖြစ်နေပါလိမ့်မယ်။ ဒါကြောင့်မိမိအနေနဲ့ ကြံဖန်အနားယူတတ်ဖို့တော့ လိုပါတယ်။ ဒီကာလ ဟာလဲ လုပ်သလောက် အကျိုးမခံစားရတတ်ပါဘူး။ အားနည်းချက်တစ်ခုက ဒီကာလမှာ စကားနည်းတာအကောင်းဆုံးပါပဲ။ စကား အမှားတွေကြောင့် မိတ်ဆွေအချင်းချင်း ၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း ပြဿ နာဖြစ်ရတတ်လို့ပါ။ အချစ်ရေးကိစ္စများ အဆင်ပြေချောမွေ့ပါလိမ့်မယ်။ အချစ်ရေးအတွက်သောကရောက်နေရတာတွေရှိရင်ပြန်ပြီးစိတ်ချမ်းသာမှုတွေ ပြန်ရလာပါလိမ့်မယ်။ ကျန်းမာရေးလဲ ခြူ ခြာလွယ်တဲ့ ကာလပါ။ ကျန်းမာရေးအတွက်မပေါ့သင့်ပါဘူး။

အကျိုးပေးဂဏန်း ၁/၃/၇
အထူးဟော ပင်ပန်းမဲ့ကာလပါ။
ယတြာ ခရီးသွားမဲ့ ရဟန်းတစ်ပါးကို တတ်နိုင်သ၍ နဝကမ္မဝတ္ထူ ငွေကပ်လှူပေးလိုက်ပါ။

စနေ

ဒီကာလအတွင်း စနေသားသမီးတွေရဲ့ ကံကြမ္မာက အကောင်းဘက်မှရှိနေပါတယ်။ ဒါကြောင့်ပဲဒီကာလမှာ အဘက်ဘက်က အဆင်ပြေ မှုတွေကြုံ တွေ့ရမှာပါ။ ရပ်ဝေးကနေသတင်းကောင်းတွေကြားရတတ်ပါတယ်။ကြန့်ကြာနေတဲ့ကိစ္စများ အမြန်ဆုံး ပြီးမြောက်သွား ပါလိမ့်မယ်။ လုပ်ငန်းစီးပွားလဲ အထူးတိုးတတ်မဲ့ကာလပါပဲ။ လုပ်သလောက်အကျိုးဖြစ်ထွန်းနေမှာပါ။ လူမျိုးကွဲ ဘာသာခြားတွေရဲ့ ကူညီထောက်ပံ့ခြင်းတွေကြုံတွေကြုံ တွေရမှာပါ။ ဘာသာရေးနဲ့ပက်သက်ပြီး အားပြုလုပ်ကိုင်ဆောင်ခြင်းဖြင့် ကံအထူးမြင့်လာတတ် ပါတယ်။ ထီဝါသနာပါသူများ ဒီကာလအတွင်း ထီကံစမ်းသင့်ပါတယ်။ အချစ်ရေးကံလဲ အကောင်းဘက်မှာရှိနေပါတယ်။ ကျန်းမာရေးလဲ စိတ်ပူစရာမလိုသေးပါဘူး။ပညာရေးကံတော့ နည်းနည်းညံ့ဖျင်းနေပါတယ်ဗျ။

အကျိုးပေးဂဏန်း ၅/၇/ဝ
အထူးဟော ကံမြင့်မားနေမည်
ယတြာ ထိုးမုန့် ဘုရားကပ်လှူပေးပါ။

၇ရက်သားသမီးအပေါင်း  ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

Source by –  ငြိမ်းအေးလူ (ဗေဒင်သုတေသီ)





Leave a Reply

Your email address will not be published. Required fields are marked *