၃၅ နှစ်ပြည့် မွေးနေ့မှာ ပရိသတ်တွေဆီ က မယ်လိုဒီ လိုချင်တဲ့ လက်ဆောင်

 
နာမည်ကျော် သရုပ်ဆောင် မယ်လိုဒီ စက်တင်ဘာလ ၆ ရက်နေ့ ( ယနေ့) မှာတော့ အသက် ၃၅ နှစ်ပြည့် ခဲ့ ပြီ ဖြစ်ပါတယ်။ မွေး နေ့ မှာ ပရိသတ်တွေဆီက လိုချင်တဲ့ မွေးနေ့.လက်ဆောင် ကို မယ်လို ဒီ က သူ့ရဲ့ Facebook Page မှာရေးသား ထားပါတယ်။
 
“ဒီနေ့ မျိုး အသက် ၃၅နှစ်ပြည့်တဲ့နေ့
ချစ်ခင်သူများအားလုးံကို လက်ဆောင်လေးတောင်းပါရစေရှင်
အဲ့ဒီလက်ဆောင်ကတော့
🎁ချစ်တဲ့သူအားလုးံ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ကြပါ
ရေများများသောက်ကြပါ အိပ်ရေးဝဝအိပ်ဖို့ကြိုးစားကြပါရှင်🎁
အဲ့ဒီလက်ဆာင်လေးကို နေ့တိုင်းပေးကြပါနော်
အားလုးံ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒပြည့်စုံကြပါစေရှင်🙏🙏🙏
ချစ်ခြင်းမေတ္တာများစွာဖြင့်
မေမေမျိုး@မယ်လိုဒီ”လို့ ရေးသား ထားပါတယ်။

source_The Radar





Leave a Reply

Your email address will not be published. Required fields are marked *