BREAKING NEWS

⁠ဆေးဖက်ဝင် သစ်ခွမျိုးများ စီးပွား⁠ဖြစ် စိုက်ပျိုးထုတ်လုပ်နည်း

ဆေးဖက်ဝင်သစ်ခွမျိုးများ

သဘာဝပေါက် သစ်ခွများအနက် (Dendrobium) မျိုးရင်းအတော်များများသည် ဆေးဖက်ဝင်သစ်ခွများ ဖြစ်သည်။ အောက်ပါသစ်ခွများ သည် ဆေးဖက်ဝင်သစ်ခွများအဖြစ် စိုက်ပျိုးနိုင်ပါသည်။

(၁) သစ်ခွနီ               D.devonianum

(၂) ရွှေတူမောက်ခမ်းဝါ  D.chrysanthum

(၃) အာမဲလက်တံတို     D.fimbriatum

(၄) ၀ါဆိုပန်း              D.candidum

(၅) ဒေါင်းမြီးသစ်ခွ       D.nobile

(၆) ပန်းဖြူသစ်ခွ                   D.eniiflorum

(၇) မဟာဒေ၀ီ            D.williamsonin

(၈) မြေသစ်ခွ             D.densiflorum

(၉) အဆစ်သစ်ခွ         D.falconeri

(၁၀) သစ်ခွခါး            D.crepidatun

(၁၁) ရေသစ်ခွ           D.parashii

ကြိုက်နှစ်သက်သည့် ရာသီဥတုနှင့် အခြေအနေ

ဆေးဖက်ဝင်သစ်ခွများသည် အလွန်အေးသော ပူတာအိုမြောက်ဖျား ချင်းပြည်နယ်မှ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးရိုးမအထိ ပေါက် ရောက်သည်ကို တွေ့ရှိရပါသည်။ အများအားဖြင့် အပူချိန် (၂၀ံ) မှ (၃၀ံ) စင်တီဂရိတ်ကြားမှာ ကောင်းစွာရှင်သန်ပေါက်ဖွားပြီး အများ အားဖြင့် သစ်ပင် (သို့မဟုတ်) ကျောက်ကမ်းပါးများတွင် ပေါက်ရောက်ကြပါသည်။ လေကောင်းလေသန့်ကောင်းစွာရရှိမှုကို ကြိုက်နှစ် သက်ပြီး ရေအမြဲစိုစွတ်နေခြင်းကိုလည်းကောင်း၊ အလွန်ခြောက်သွေ့နေခြင်းကိုလည်းကောင်း မနှစ်သက်ကြောင်း တွေ့ရှိရပါသည်။

ပျိုးပင်များစုဆောင်းခြင်းနှင့် မျိုးနှုန်း

စိုက်ခင်းတွင် စိုက်ပျိုးနိုင်မည့်မျိုးကို အပင်တစ်သျှူးနည်းဖြင့် ပွားများထားသော ပျိုးပင်များ (သို့မဟုတ်) သဘာဝတောတောင်များမှ ပေါက် ပွား နေသော သစ်ခွအုံများမှဖဲ့၍ ရှာဖွေစုဆောင်းနိုင်သည်။ သစ်ခွခြောက်မက်ထရစ် တစ်တန်ရရှိရန် ပျိုးပင်သစ်ပင်လျှင် (၃)ကျပ်သားရှိ ပျိုးပင် (၂၀၅၀၀) ခန့် စိုက်ပျိုးရန် လိုအပ်မည်ဟု ခန့်မှန်းပါသည်။

စိုက်ခင်းပြုပြင်နည်း

ဆေးဖက်ဝင် သစ်ခွများကို စီးပွားဖြစ် စိုက်ပျိုးလိုလျှင် မြေပြင် (အများအားဖြင့် ၃၀ံ ထက် မစောင်းသော တောင်စောင်း) များတွင် အရိပ်ပေး၍ စိုက်ပျိုးနိုင်ပါသည်။

သစ်ခွစိုက်ပျိုးမည့်မြေသည် ပေါင်းမြက်ကင်းရှင်းရမည်။ ရေ၀ပ်ဧရိယာ မဖြစ်စေရ။ သွားလာရေးလွယ်ကူပြီး သဘာဝအန္တရာယ်များ ကျရောက်သည့်ဒေသမဖြစ်ရပါ။ ရေကောင်းစွာရရှိပြီး လေ၀င်လေထွက် ကောင်းမွန်ရပါမည်။

သစ်ခွပင်များသည် ကပ္ပါးပင်များဖြစ်သဖြင့် တွယ်ကပ်ရန် အမြစ်မွားများသာ ထွက်လေ့ရှိပါသည်။ ထို့ကြောင့် စိုက်ခင်းများတွင် စိုက်ပျိုး မည် ဆိုလျှင် (၆လက်မ x 4လက်မ) အရွယ်ရှိကျောက်ခဲများ၊ (၄လက်မ x 2လက်မ) ရှိ ကျောက်ခဲနှင့် အုတ်ခဲကျိုးများ၊ အုန်းဆံဖတ်   ခြောက် သစ်ဆွေးသစ်စများ (ထင်းရှူးပင်၏ အခေါက်နှင့် သစ်များ လုံးဝ မသုံးရပါ) (၂ပေ)ရှိ အရှည်နှင့် (၁လက်မ) အကျယ်ရှိ ၀ါးခြမ်းပြား၊ လျှော်ကြိုး  နှင့် ရေညှိ၊ မြက်ခြောက်များ လိုအပ်ပါမည်။

စိုက်ပျိုးမည့် မြေသည် တောင်စောင်းတွင် ဖြစ်လျှင် (၃၀)ထက် မစောင်းသော တောင်စောင်းမြေ ဖြစ်ရမည်။ ကွန်တိုအလိုက် ဘောင်များ ဆွဲထားလျှင် ပိုကောင်းပါသည်။ ရေနှုတ်မြောင်းများရရှိရန် လိုအပ်ပါသည်။ လိုအပ်လျှင် (၇၀%) အရိပ်ရအောင် အရိပ်စများ အသုံးပြုပြီး အမိုးမိုးရပါမည်။ မြေပြင်တွင် (၃ပေ) အကျယ်၊ အလျား (၁၀၀ပေ) နှင့် အမြင့် (၆လက်မ) ရှိ မြေဘောင်များပြုလုပ်ပါ။

၎င်းဘောင်တစ်ခုနှင့် တစ်ခု (၂ပေ)ခြားရှိပါစေ။ ၄င်းဘောင်ပေါ်တွင် (၂ပေ) ရှည်သော ၀ါးခြမ်းများကို ပင်ကြားတန်းကြား (၁ပေ)စီခြားပြီး မြေ၀င် (၄လက်မ) စီ စိုက်ထားပါ။ ၄င်းနောက် (၆ လက်မ x ၄လက်မ) ကျောက်တုံးများကို ဘောင်ပေါ်တွင် ခင်းပေးပါ။ (၄ပေ x ၂ပေ) ကျောက်ခဲများ၊ အုတ်ကျိုး (လက်အုတ်) များ၊ သစ်ဆွေးသစ်ခေါက်များကို အပင်စိုက်ပြီးလျှင် အသုံးပြုရန် စုဆောင်းထားပါ။

ပျိုးပင်များ စိုက်ပျိုးနည်း

ဆေးဖက်ဝင်သစ်ခွများကို အရိပ်ရ သစ်ပင်များပေါ်တွင် လည်းကောင်း၊ နေရောင်ကျရောက်မှုနည်းသော ကျောက်ကမ်းပါးများတွင် လည်းကောင်းကပ်၍ စိုက်ပျိုးနိုင်ပါသည်။

စိုက်ခင်းများတွင် စိုက်ပျိုးလိုလျှင် စုဆောင်းထားသော သစ်ခွအုံကိုခွဲ၍ စိုက်ပျိုးနိုင်သည်။ အုံကြီးလျှင် အနည်းဆုံး (၄)ပိုင်းခွဲနိုင်သည်။ ခွဲ လိုက်သော အုံသည် (Cane)ခေါ် ရိုးတံဟောင်းအနည်းဆုံး(၃)ခုပါသောအုံဖြစ်ရမည်။ ၄င်းထက်နည်းလျှင် အပင်ရှင်သန်မှုရာခိုင်နှုန်း နည်း ပါးပါမည်။ ထို့ပြင် Keikes ခေါ်ရိုးတန်ပေါ်တွင်ပွားလာသော သားတက်များကိုဖြတ်၍ ပျိုးအဖြစ် စိုက်ပျိုးနိုင်ပါသည်။

ဓာတ်ခွဲခန်းမှ အပင်တစ်သျှူးနည်းဖြင့် ထွက်ရှိလာသော ပျိုးပင်များကိုလည်း စိုက်ပျိုးနိုင်ပါသည်။

သားခွဲထားသော ပျိုးပင်များကို  မှိုသတ်ဆေးထည့်ထားသော ပုံထဲသို့ အပင်ခြေခေါင်းများကို (၁၀)မိနစ်ခန့် စိမ်ပါ။ ၄င်းနောက် ပျိုးပင် များကို အသင့်ပြင်ထားသော ပျိုးဘောင်ရှိ ၀ါးခြမ်းပြားတွင် ချည်ထားရပါမည်။ ၄င်းနောက် အပင်ခြေတွင် (၄လက်မ x ၂လက်မ) အုတ်ခဲကျိုးများ၊ ကျောက်ခဲများ၊ သစ်ဆွေး၊ သစ်ခေါက်များ ဖုံးပေးရပါမည်။ ၄င်းနောက် (၇၀%) ရှိ အရိပ်မိုးပေးရပါမည်။ ရေကောင်းစွာ လောင်းပေးပြီး ရေမ၀ပ်စေရန် သတိထားပါ။ စိုက်ခင်းတွင် စိုက်ပျိုးခြင်းလုပ်ငန်းကို မေ၊ ဇွန်လများတွင် စိုက်ပျိုးသင့်ပါသည်။

အပင်ပြုစုထိန်းသိမ်းနည်း

အလွန်ခြောက်သွေ့သောရာသီတွင် တစ်ရက် ရေ(၃)ကြိမ် လောင်းပေးပါ။ သို့သော် ရေသိပ်စွတ်စိုမှုမရှိပါစေနှင့်။ သားတက်များ (၄လက်မ) အရှည်၊ အရွယ် (၄)ရွက်ရှိလျှင် ရွက်ဖျန်းမြေသြဇာများ စတင်ပက်ဖျန်းနိုင်ပါသည်။ မနက် (၉) နာရီထက် နောက်မကျ၊ ညနေ (၄)နာရီ ထက်မစောဘဲ မြေသြဇာမဖျန်းရပါ။

သစ်ခွပင်များသည် အပင်အဖြစ် ရိတ်သိမ်းဆွတ်ခူးသဖြင့် အများအားဖြင့် နိုင်ထရိုဂျင်ကဲသော ရွက်ဖျန်းမြေသြဇာများ ပက်ဖျန်းနိုင်ပါသည်။ အပင်တောင့်တင်းမှုနှင့် ရောဂါခံနိုင်မှုအတွက်  ပိုတက်ဓါတ်မြေသြဇာနှင့် အမြစ်အားကောင်းရန် တီစူပါဓါတ်မြေသြဇာ အချိုးပါဝင်သော (၂၁း ၂၁း ၂၁) (သို့မဟုတ်) (၂၂း ၁၀း ၅) အချိုးပါသော ရွက်ဖျန်းမြေသြဇာကို တစ်ပတ် (၂)ကြိမ် ဖျန်းပေးပါ။ အခြားအနည်းလို အဟာရ ဓါတ်မြေသြဇာများလည်း ပက်ဖျန်းပေးရန် လိုအပ်ပါသည်။ ဈေးနှုန်းတွက်ခြေကိုက်၍ ဆန်၊ ငါး EM တို့မှ ပြုလုပ်သော သဘာဝ မြေသြဇာ အရည်များ အသုံးပြုနိုင်ပါသည်။

မိုးရာသီတွင် လိုအပ်မှ ရေဖျန်းပေးပါ။ ရောဂါနှင့် ပိုးမွှားကျရောက်လျှင် လိုအပ်သောဆေးများ ပက်ဖျန်းအသုံးပြုသင့်ပါသည်။

အပင်များကြီးထွားလာလျှင် ယိုင်လဲမှုမရှိစေရန် ၀ါးကြမ်းကွက် (သို့မဟုတ်) ပိုက်ကွန်ဖြင့် ထိန်းပေးရမည်။ အပင်သေများ၊ အကိုင်းခြောက် များကို ဖယ်ရှားပေးရန်လိုအပ်ပါသည်။ လေ၀င်လေထွက်ကောင်းအောင် ပြုလုပ်ပေးပါ။ ရေမ၀ပ်စေရန် အရေးကြီးပါသည်။

ကျရောက်တတ်သော ပိုးမွှားရောဂါများနှင့် ကာကွယ်နည်း

သစ်ခွပင်များ ကြီးထွားလာသည်နှင့်အမျှ ပိုးမွှားရောဂါမှာလည်း ကျရောက်တတ်ပါသည်။ ကျရောက်ဖျက်ဆီးတတ်သည့် ပိုးမွှားရောဂါနှင့် ကာကွယ်နည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရိတ်သိမ်းခြင်း

အပင် (၃)နှစ်သက်တမ်းရှိလျှင် အရွက်များပါသော ရိုးတံများ ပေါ်လာမည်။ ၄င်းအရိုးများကို အပင်ရင်းမှ (၂လက်မ) ချန်ပြီး ဖြတ်ယူပါ။ အရွက်မကြွေသော်လည်း (၃)နှစ်သက်တမ်းရှိပြီး အပင်အုံတွင် သားတက်များရှိလျှင် ဖြတ်ယူရိတ်သိမ်းနိုင်သည်။ ရိတ်သိမ်းသော အပင် အုံတွင် သားတက်သစ်အတွက် အရွက်ရှိရိုးတံ (Cane) (၃)ခု အနည်းဆုံးရှိရန် လိုအပ်ပါသည်။ သို့မှသာ နောက်သားတက်အတွက် ကြီး ထွားရန် အထောက်အကူရရှိမည်ဖြစ်ပါသည်။

အခြောက်ခံခြင်း

ရိတ်သိမ်းပြီးသော သစ်ခွရိုးတံများကို စုစည်းပြီး ရေနွေးဖျောပေးပါ။ ထို့နောက် ဆယ်ယူပြီး အမြှေးပါးများ ပျောက်သွားအောင် လက်ဖြင့် ပွတ်ပေးရပါမည်။ ရေစင်စင်ဆေးပြီးသော ရိုးတံများသည် အခြောက်ခံရန်အတွက် အနည်းဆုံး (၁၀)ချောင်းစီ အပြားလိုက် ၀ါးနှီးနှင့် ချည်   ပေးခြင်းဖြင့် အခြောက်ခံရန် အသင့်အနေအထားတွင် ရှိပြီဖြစ်ပါသည်။

အခြောက်ခံ မီးဖိုထဲတွင်  သစ်ခွရိုးစည်းများကို အနည်းဆုံး (၂-၃)ထပ်မျှစီထည့်ပြီး အပေါ်မှဂုံနီအိတ်ပါးဖြင့် အုပ်ပေးထားရမည်။ သစ်ခွ စည်းများကို ထောင်ပြီးအခြောက်ခံလျှင်လည်း ရနိုင်ပါသည်။ မီဖိုအောက်မှ မီးကျည်ခဲများကို ထည့်ပေးပြီး အကြာခဏ ရိုးစည်းများကို အထက်အောက်လှန်ပေးရပါမည်။

အချိန် (၄)နာရီကြာအောင် မီးကင်ခြင်းဖြင့် အစိုဓါတ် (၁၀%) ရှိသည့် သစ်ခွခြောက်များကို ရရှိနိုင်ပါသည်။ အခြောက်မီးကင်ရာတွင်   အောက်မီးများမပြင်းရန် သစ်ခွရိုးများ အထက်အောက်လှန်ပေးရန် လိုအပ်ပါသည်။ ထိုကဲ့သို့ မလုပ်လျှင် သစ်ခွရိုးတံများကျွမ်း၍ မီး လောင်တတ်ပါသည်။

ထုတ်ပိုးသိုလှောင်ခြင်း

အခြောက်ခံဖိုမှ အခြောက်ခံပြီးသော သစ်ခွခြောက်စည်းများကို လေသလှပ်ခံပြီး မြွေရေခွံအိတ်များတွင်စီ၍ထည့်ပါ။ တစ်အိတ်လျှင် အနည်းဆုံး (၇-၅)ပိဿာရှိရန် လိုအပ်ပါသည်။ ၄င်းအိတ်များကို လေ၀င်လေထွက်ကောင်းပြီး စွတ်စိုမှုမရှိသော သိုလှောင်ရုံတွင် နံရံ များနှင့်ခွာ၍ အောက်ခံခုံပေါ်တွင် ကမာစီထားပါ။ သိုလှောင်ရုံတွင် (၂)လ ထက်ပို၍ သိုလှောင်ခြင်းမပြုရပါ။ မိုးမမိရန်နှင့် ရေမစိုရန် အထူးသတိပြုရန် လိုအပ်ပါသည်။

 စိုက်ပျိုးရေးဦးစီးဌာန





Leave a Reply

Your email address will not be published. Required fields are marked *