BREAKING NEWS

ဆွမ်းဆန်တော် အလှူအတွက် ကိုယ်တိုင်အလှူလိုက်ခံနေတဲ့ ဂျင်းနီ

အဆိုတော် ဂျင်းနီကတော့ ဆွမ်းဆန်တော် အလှူခံပွဲအတွက် ကိုယ်တိုင် အလှူခံထွက်နေတယ်လို့ ဆိုပါတယ်။

စစ်ကိုင်း တောင်ရိုးနဲ့ မန္တလေးမြို့ရှိ သံဃာတော်အပါးခြောက်သောင်းကျော်ကို လှူဒါန်းမယ့် သီတဂူဆရာတော်ဦး ဆောင်တဲ့ မလွန်ဆန် လှူအသင်း ကြီးရဲ့ တစ်နှစ်မှာ တစ်ကြိမ် ကြုံတောင့်ကြုံခဲ ကုသိုလ်ထူးကို ကိုယ်တိုင်အလှူခံထွက်ပြီး ဒါနပါရမီ ဖြည့်ခဲ့ပါပြီဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

သြဂုတ်လ(၁၄)ရက်နဲ့ (၁၅)ရက် နှစ်ရက်လုံးကို လမ်းမတော်မြို့နယ်မှာ အလှူခံမယ်လို့လည်း ဂျင်းနီက ပြောထား ပါသေးတယ်။

“ဒီ​နေ့နဲ့မနက်​ဖြန်​၂ရက်​လုံး လမ်းမ​တော်​မြို့နယ်​တွင်​အလှူခံပါမည်​ .. လမ်းမ​တော်​မှ ချစ်​သူငယ်​ချင်းများလည်း မနက်​ဖြန်​ လှူနိုင်​ပါသည်​.” ဆိုပြီး ပြောထားပါတယ်။

ဖေ့စ်ဘွတ်က သူငယ်ချင်းများလည်း လာရောက်လှူဒါန်းနိုင်ပါတယ်ဆိုပြီး အလှူခံထားပါသေးတယ်။

“Fb မှချစ်​သူငယ်​ချင်းများလည်း ကြုံ​တောင့်​ကြုံခဲကုသိုလ်​ထူးကို မရလိုက်​မရှိရ​လေ​အောင်​ .. လာ​ရောက်​လှူဒန်းနိုင်​ပါသည်​။ ဆန်​တစ်​တင်း ကို ၁​သောင်းကျပ်​တည်းပါ အလှူတစ်​ခုတည်းနဲ့ သံဃာအပါး ၆​သောင်း​ကျော်​ကို ဆွမ်း​ကြွေးကပ်​လှူ ရာ​ရောက်​ပါတယ်​ ။  မြတ်​​သော ဒါနပြုခြင်းဖြင့်​ လိုအင်​ဆန္ဒ​တွေပြည့်​ဝကြပါ​စေ “လို့ ဆက်လက်ရေးသားထားပါတယ်။

ဂျင်းနီဟာ ငယ်ငယ်ကတည်းက အနုပညာလောကနဲ့ မစိမ်းတဲ့ သူတစ်ယောက်ဖြစ်ပြီး ဂီတလောကမှာလည်း ပရိသတ်အားပေးမှု အခိုင်အမာရရှိထား တစ်ဦးဖြစ်ပါတယ်။

Source by – Duwun

Photo Credit – ဂျင်းနီ ဖေ့စ်ဘွတ်





Leave a Reply

Your email address will not be published. Required fields are marked *