BREAKING NEWS

မျက်ကြည်လွှာနဲ့ ခန္ဓာကိုယ်ကို လှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်

သရုပ်ဆောင် ရွှေပိုးအိမ်ရဲ့ မွေးနေ့ကတော့ သြဂုတ်လ(၁၅)ရက်နေ့ ဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့လေးမှာ မွေးနေ့အလှူ အဖြစ် လှိုင်သာယာသစ်တံခါးကျောင်းတိုက်မှာ မွေးနေ့ ကုသိုလ်အဖြစ်သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းမှာ ဖြစ်ပါတယ်။

ဒါ့အပြင် မွေးနေ့အမှတ်တရအဖြစ်  မျက်ကြည်လွှာနဲ့ ဆေးပညာအတွက် အသုံးပြုနိုင်ရန် ခန္ဓာကိုယ်ကို ဒီနေ့ (သြဂုတ်လ၁၄ရက်)က သွားရောက်လှူဒါန်းခဲ့ပါတယ်။

“မွေးနေ့မတိုင်ခင် အကြို ရက် ၁၄.၈.၂၀၁၇ မနက်မှာ ကန်တော်ကြီးပတ်လမ်းက မျက်စိ ဆေးရုံမှာ မျက်ကြည်လွှာ လှူဒါန်းပါမယ်။ အဲဒီ  နေ့ပဲ နေ့လယ်ပိုင်းမှာ ဆေး (၁)မြို့မကျောင်းလမ်း DeadBody လက်ခံဌာနမှာ သွားလှူပါမယ်။ ကိုယ်သေရင် သုံးမရတဲ့ အပုပ်ကောင် ခန္ဓာကိုယ်ကို ဆေးပညာအတွက် အကျိုးပြုခွင့်ရလို့ ကျေနပ်တယ်။ မျက်ကြည်လွှာ လည်း အဲဒီလိုပါပဲ။ အလင်းမရ သူတွေအတွက် ရွှေပိုး မျက်ကြည် လွှာသုံးလိုက်ရလို့ အလင်းပြန်ရရှိ သွားမယ်ဆိုရင် ကျေနပ်ပါတယ်’’ ဆိုပြီး သူမရဲ့ အလှူကို ပြောပြထားပါတယ်”

မွေးနေ့ကိုတော့ ထူးထူးခြားခြား စီစဉ်ထားတာမျိုးမရှိပဲ သံဃာတော်များဆွမ်းကပ်လှူဒါန်းပြီး မိသားစုနဲ့ ဖြတ်သန်းသွားဖို့ ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပြက္ခဒိန်များနဲ့ ဗီစီဒီများ ရိုက်ကူးဖို့ လက်ခံထားတဲ့ ရွှေပိုးအိမ်ကတော့ ခရီးသွားအစီအစဉ်တစ်ခု ရိုက်ကူးဖို့ လည်း ရှိတယ်လို့ သိရပါတယ်။

Source by –  7day Daily

Photo Credit –  ရွှေပိုးအိမ် ဖေ့စ်ဘွတ်





Leave a Reply

Your email address will not be published. Required fields are marked *