BREAKING NEWS

ဘန်ကောက်ဆေးရုံက လက်လျှော့လိုက်ရတဲ့ အဆိုတော် ခိုင်ထူးရဲ့ ကျန်းမာရေးအခြေအနေ

အဆိုတော် ခိုင်ထူးရဲ့ ကျန်းမာရေးအခြေအနေကတော့ ဘန်ကောက်ဆေးရုံကနေ လက်လျော့လိုက်ရပြီလို့ သိရပါတယ်။ Pancreas Cancer ကို လက်လျှော့လိုက်ရတဲ့ အနေအထားဖြစ်နေပြီး ဝေဒနာသက်သာအောင်ပဲ လုပ်ပေးနိုင်မယ့် အနေအထားဖြစ်နေတာ ကြောင့် ဘန်ကောက်ေ ဆးရုံကနေ ရန်ကုန်ကို ပြန်ခေါ်လာပြီလို့  ဥက္ကာဦးသာရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ရေရှည်ကုသနိုင်ဖို့အတွက် ငွေအားများများလိုအပ်တာကြောင့် တတ်နိုင်သမျှကို ကူညီပေးဖို့အတွက်ကိုလည်း နှိုးဆော်ထားတာ တွေ့ရ ပါတယ်။

အဆိုတော် ခိုင်ထူးအတွက် ပရိသတ်တွေကော အနုပညာမောင်နှမတွေ အားလုံးကပါ စိုးရိမ်နေကြပါတယ်။ စိုးရိမ်မှုနဲ့အတူ နီးစပ်ရာ အနုပညာညီအစ်ကိုမောင်နှမများအားလုံး ကလည်း အဆိုတော် ခိုင်ထူးဆေးကုသမှုအတွက် ဝိုင်းဝန်းကူညီပေးခဲ့ကြ တာလည်း တွေ့ရပါတယ်။

အဆိုတော် ခိုင်ထူးဟာ ဇူလိုင်(၃၁)ရက်နေ့ကတည်းက ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပြီး သြဂုတ်(၅)ရက်နေ့မှာတော့ MAI လေကြောင်းနဲ့ ဘန်ကောက် Samethevaj ဆေးရုံမှာ ဆေးကုသမှု ခံယူဖို့အတွက် ထွက်ခွာသွားခဲ့ တာ ဖြစ်ပြီး သြဂုတ်(၇)ရက်

နေ့ညနေမှာဘန်ကောက်ကနေ ရန်ကုန်ကို ပြန်လည်သယ်ဆောင်လာတော့မှာ ဖြစ်ပါတယ်။

Photo : ဥက္ကာဦးသာ ဖေ့စ်ဘွတ်

Credit – Duwun

 





Leave a Reply

Your email address will not be published. Required fields are marked *