BREAKING NEWS

မကွေးတိုင်း ဒေသကြီး၊ စကုမြို့နယ်တွင် ရာသီဥတု ပူပြင်းမှုကြောင့် ကောက်ရိုးမှို စိုက်ပျိုးမှု ရပ်နားထားရ

မကွေးတိုင်း ဒေသကြီး၊ မင်းဘူး ခရိုင်၊ စကု မြို့နယ်တွင် ရာသီဥတု ပူပြင်းမှုကြောင့် ဧပြီလဆန်းမှ စတင်၍ ကောက်ရိုးမှို စိုက်ပျိုးမှု
ခေတ္တ ရပ်နားထား ရကြောင်း မြန်မာနိုင်ငံ အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့မှ သိရသည်။ မြန်မာ
နိုင်ငံအလယ်ပိုင်းတွင် အပူချိန် မြင့်တက်မှုကြောင့် ကောက်ရိုးမှို စိုက်ပျိုးသည့် တောင်သူများအနေဖြင့် အရှုံးပေါ်မည်ကို စိုးရိမ်
သောကြောင့် ရပ်ဆိုင်း ထားရခြင်း ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ဘက်မှာ နေပူလို့ စိုက်ပျိုးမှု ခဏရပ်ထားရတယ်။ မကွေးမှာ ရာသီဥတုပြင်းထန်တယ်။ ၈ ရက်နေ့ကစပြီး အပူချိန်
သိသိသာသာ တက်လာတာ။တအားပူပြင်းလို့ တစ်ကြိမ်ပြန်စိုက်ပြီး ရပ်လိုက်ရတယ်။ ဧပြီလဆန်းမှာ စိုက်ပျိုးမှုကို ရပ်နားလိုက်
တာပါ”ဟု မြန်မာနိုင်ငံ အော်ဂဲနစ် စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်း ချသူများအစုအဖွဲ့၏ မကွေးတိုင်းတာဝန်ခံ ဦးမျိုးနိုင်က ပြော
သည်။ အဆိုပါ ဒေသတွင် ကောက်ရိုးမှို စိုက်ပျိုးရေးကို ပြန်လည် စတင်ရန် ရာသီဥတု ပြင်းထန်မှုဒဏ်ကို ခံနိုင်ရန်နှင့် အရိပ်ရရှိ
စေရန် ၀ါးဖြင့်ပြုလုပ်သည့် အဆောက်အဦးများ ဆောက်လုပ်ကာ မေလအတွင်း ပြန်လည် စိုက်ပျိုး သွားမည်ကြောင်း သိရသည်။
“ရာသီဥတုအရ တအားအပူချိန် များတဲ့ အခါ ကောက်ရိုး မှိုစိုက်ပျိုးတာကို ရပ်သင့်တယ်။

ပူတဲ့အခါစိုက်ပျိုးရင် အထွက် ကြာတယ်။ အပူချိန် ၃၀ ဒီဂရီစင်တီဂရိတ် လောက်ဆိုရသေးတယ်လေ။ အခုက အပူ ချိန် ၄၀ ဒီဂရီစင်တီဂရိတ်ကျော်နေတယ်ဆို တော့ အထွက်နှေးတာပေါ့”ဟု စိုက်ပျိုးရေး ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီရှိန်
ကပြောသည်။ ကောက်ရိုးမှိုစိုက်ပျိုးရာတွင်  ၄ ပေ၊ ၈ ပေ တစ်ဘောင်လျှင် နှစ်သောင်းကျပ် ကုန်ကျပြီး ခြောက်ပိဿာမှ ၁၀
ပိဿာကြား ထွက်ရှိပြီး  တစ်ပိဿာလျှင် ကျပ်လေး ထောင်ရရှိကြောင်း သိရသည်။ ၈ ပေ၊ ၄ ပေ ခန့် မြေနေရာတွင် ကောက်ရိုး
မှို တစ်ဘောင် စိုက်ပျိုးနိုင်ပြီး မြေသြဇာအဖြစ် အလွယ်တကူ ရရှိနိုင်သည့် နွားချေး၊ ကောက်ရိုး၊ မြက်ခြောက်တို့ အသုံးပြုနိုင်
ကြောင်း သိရသည်။

Source by – The Farmer





Leave a Reply

Your email address will not be published. Required fields are marked *