စပါးလင္ဆီ⁠ေမႊးစိုက္ပ်ိဳး⁠ျပဳစုနည္း

စပါးလင္ဆီေမႊး

(CITRONELLA)

ျမန္မာအမည္           – စပါးလင္ဆီေမႊးပင္

တရုတ္အမည္           – ရွမ္းေမာင္

အဂၤလိပ္အမည္          – CITRONELLA

ရုကၡေဗဒအမည္         -1. Cymbopogon nar  dus rendle

                                    2.C.waterianus jowidd

မ်ိဳးရင္း                      – Gramineae

အပင္ပံုသ႑ာန္ႏွင့္သဘာဝ

သက္ကယ္ပင္ႏွင့္သ႑ာန္တူသည္။ရန္ကုန္တိုင္းအတြင္း အေလ့က် ေပါက္သည့္ ဂ်ပန္ျမက္ (ျမက္ယား) မ်ိဳးႏွင့္ ပိုမိုတူသည္။ သို႔ေသာ္ စပါးလင္ကဲ့သို႔ ေမႊးသည့္ ရနံ႔မရွိ၊စပါးလင္ဆီေမႊးရံုတစ္ရံုသည္ (၄-၆)ေပအထိ ျမင့္သည္။ ျမန္မာႏိုင္ငံအႏွံ႔အျပားတြင္ ေျမျပန္႔မွ အျမင့္ေပ (၂၀၀၀)အထိ ျဖစ္ထြန္းႏိုင္သည္။

မ်ိဳးကြဲမ်ား

စပါးလင္(ဟင္းစား) (Cymbopogon citratus)ႏွင့္စပါးလင္ ဆီေမႊးဟု ကြဲျပားသည္။စပါးလင္ဆီေမႊးတြင္လည္း ဆီပါဝင္မႈႏႈန္းအရ အမ်ိဳး အစားခြဲျခားၾကသည္။

ေျမအမ်ိဳးအစား

ဆပ္ျပာေပါက္ေသာ ေျမမွတပါး ေရလြယ္ကူေသာ မည္သည့္ ေျမမ်ိဳး၌မဆို ျဖစ္ထြန္းႏိုင္သည္။မိုးမ်ားသည့္ ေဒသရွိ ဂဝံေျမႏွင့္ ဂဝံေအာက္ ခံေျမမ်ိဳးမ်ား၌ ေကာင္းစြာျဖစ္ထြန္းႏိုင္သည္။

ရာသီဥတု

ပူေႏြးေသာရာသီရွိ၍ ေရလြယ္ကူေသာ မိုးမ်ားသည့္ ေဒသမ်ားတြင္ စိုက္ပ်ိဳးၾကသည္။မိုးရာသီ၌ စိုက္ပ်ိဳးေလ့ရွိ ၾကသည္။

မ်ိဳးပြားနည္း

အပင္ႀကီး အျမစ္အံုမွ အဆစ္ပါသည့္ ပင္တက္ကိုဖဲ့၍ တိုက္ရိုက္စိုက္ပ်ိဳးၾကသည္။

စိုက္ပ်ိဳးခ်ိန္

မိုးဦးက် ကဆုန္၊နယုန္(ေမ၊ဇြန္)လ ေျမအစိုဓါတ္ လံုေလာက္ေအာင္ မိုးရြာၿပီးပါက စတင္စိုက္ပ်ိဳးၾကသည္။ ေရသြင္းႏိုင္ပါက တစ္ႏွစ္ပတ္ လံုးစိုက္ပ်ိဳးႏိုင္သည္။

ေပါင္းသတ္ေဆးသံုးစြဲနည္း

Round –up (Glyphosade)ေပါင္းသတ္ေဆးကို မစိုက္မီ (၁၅)ရက္ ႀကိဳတင္၍ ေရတစ္ဂါလံ၌ (၅၀ -၇၅) စီစီ/ဗစ္ပရုတ္ဆီဗူး (၁ ၁/၂- ၂ ၁/၂ )ဘူး ႏႈန္းေဖ်ာ္စပ္ၿပီး ၊တစ္ဧကလွ်င္ေဆး (၂)လီတာ /ပလပ္စတစ္ေရသန္႔ဘူး (၂)ဘူးခန္႔ကို စိုက္ပ်ိဳးမည့္ေျမေပၚရွိ ေပါင္းျမက္မ်ားအား ပက္ဖ်န္းထားပါ။ ေဆးဖ်န္းၿပီးေနာက္ အနည္းဆံုးေနသာခ်ိန္ (၄)နာရီခန္႔ရွိရပါမည္။

ေျမျပဳျပင္နည္္း

ေပါင္းသတ္ေဆးသံုးထားသည့္ ဧရိယာအတြင္း၌ ေရသြင္း(သို႔) မိုးရြာၿပီး အစိုဓါတ္လံုေလာက္ပါက ေျမကိုစတင္ ျပဳျပင္ႏိုင္သည္။ အနည္း ဆံုး ထယ္ (၁)စပ္၊ ထြန္ (၂)စပ္၊ ထြန္ယက္ၿပီးပါက လက္ျဖင့္ (သိုု႔)  ျမက္ေကာက္ထြန္ ထယ္ကိရိယာျဖင့္  ျမက္ေခါင္းမ်ား ကုန္စင္ေအာင္ ေကာက္ရမည္။ ေျမျပင္ခ်ိန္ ျမက္ေခါင္းမ်ား ကုန္စင္ပါက ျပဳစု စရိတ္သက္သာေစသည္။ ေျမျပဳျပင္စဥ္ ထည့္သြင္းမည့္ ေျမခံေျမၾသဇာအခ်ိဳး ကို တစ္ခ်ိန္တည္း  အသံုးျပဳရမည္။ ျမက္ေခါင္းကုန္စင္လွ်င္ (၃)ေပ အက်ယ္ ေျမြရိုးေဘာင္မ်ားကို ေဘာင္ေဖာ္ကိရိယာျဖင့္ (သို႔) ေပါက္ျပား ျဖင့္ စိုက္ေဘာင္မ်ားေဖာ္ျပရမည္။ စိုက္ေဘာင္အျမင့္မွာ ကုန္းက်ပါက (၆)လက္မ ႏွင့္ ေျမနိမ့္ပါက (၁)ေပ အျမင့္ရွိရမည္။

စိုက္ပ်ိဳးျခင္းႏွင့္တစ္ဧကပင္ေရ

ေျမအစိုဓါတ္ လံုေလာက္ခ်ိန္တြင္ လတ္ဆတ္ေသာစပါးလင္ဆီေမႊး သားတက္မ်ားကို စိုက္ေဘာင္ထိပ္၌  စပါးလင္ဆီေမႊး တစ္ပင္ႏွင့္ တစ္ပင္ (၁)ေပခြာ၍ ေအာက္ေျခအဆစ္မ်ား ျမဳပ္သည္အထိ စိုက္ရမည္။ ပင္ေျခ၌ ၾကပ္သိပ္ေအာင္ ဖိႏွိပ္ပါ။အရြက္ဖံုးေအာက္ (၁) လက္မ ခန္႔ထိ ေျမျမဳပ္လွ်င္ မိုးမ်ားခ်ိန္၌ ေျမေအာက္ အဆစ္မ်ား ပုပ္ရိႏိုင္သည္။

ပင္ၾကား၊တန္းၾကား (၃-၁)ေပျဖင့္ တစ္ဧကပင္ေရ (၁၄၅၂၀)ပင္လိုအပ္သည္။

စိုက္ခင္းျပဳစုနည္း

သားတက္မ်ားစိုက္ပ်ိဳးၿပီး ၊ေနာက္တစ္လအတြင္း ပင္ေျခေပါင္းမ်ားကို ႏိုင္ႏွင္းေအာင္ ႏွိမ္ႏွင္းျခင္း၊ယိုင္လဲေသာ ပ်ိဳးပင္မ်ားအား တည့္မတ္ ေပးျခင္း၊ ေျမဆြေပါင္းသင္ျခင္း၊ ရြက္ဖ်န္းေျမၾသဇာဖ်န္းျခင္းႏွင့္ ေပါင္းကင္းစင္ပါက ဘိုင္အိုကြန္ဘိုဇာကဲ့သုိ႔ စက္ရံုထုတ္ေျမၾသဇာမ်ားကို (၄၅)ရက္သားလွ်င္ တစ္ႀကိမ္ေကၽြးေမြးျခင္း လုပ္ငန္းမ်ားကို ေဆာင္ရြက္ရမည္။

ေျမၾသဇာေကၽြးနည္း

ေျမျပဳျပင္ခ်ိန္၌ ထည့္သြင္းရမည့္ အခ်ိဳးျဖစ္ေသာ ထံုး၊ဘုိင္အိုကြန္ပိုဇာ ႏွင့္အားျဖည့္ေျမၾသဇာမ်ားကို တစ္ၿပိဳင္ တည္းေကၽြးပါ။ စိုက္ခင္း ေပါင္းႏုတ္ၿပီး ၊ေျမမဆြမီ ဘိုင္အိုကြန္ပိုဇာႏွင့္ အားျဖည့္ေျမၾသဇာမ်ားကို အနည္းငယ္စီ အႀကိမ္မ်ားမ်ားေကၽြးေပးၿပီးမွ ေျမဆြၿပီးေရသြင္း ပါ။ဇီဝစူပါႏွင့္ အသင့္သံုး အီးအမ္မ်ားကို အပင္ႀကီးထြားမႈလ်င္ ျမန္ေစရန္ တစ္လတစ္ႀကိမ္ ပက္ဖ်န္းေပးရမည္။

  • တစ္ဧကအတြက္ ေျမၾသဇာႏႈန္းထားမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

(က) ထံုး (၁၀ ပိႆာ ဝင္အိတ္)                          – ၁၅ အိတ္

(ခ) ယူရီးယား (၁၁၂ ေပါင္ ဝင္အိတ္)                    -၁.၅ အိတ္

(ဂ)တီစူပါ (၁၁၂ ေပါင္ဝင္အိတ္)                          – ၁အိတ္

(ဃ)ပိုတက္ (၁၁၂ ေပါင္ဝင္အိတ္)                        – ၁.၅ အိတ္

(င) ဘိုင္အိုကြန္ပိုဇာ (၁၅ ပိႆာဝင္အိတ္)              -၂ အိတ္

(စ) အားျဖည့္ေျမၾသဇာ (၁၅ ပိႆာဝင္အိတ္)           – ၂ အိတ္

(ဆ) ဇီဝစူပါ ရြက္ဖ်န္းေျမၾသဇာ (၀.၅) လီတာပုလင္း   – ၅ ပုလင္း

(ဇ) အသင့္သံုးအီးအမ္ (၁) လီတာပုလင္း                 – ၁၀ ပုလင္း

ေရေပးသြင္းနည္း

ရက္ရွည္ၾကာ ေရဝပ္ျခင္းကို မႀကိဳက္ပါ။သို႔ေသာ္ ပင္ေျခေျမႀကီး အျမဲတန္းစိုစြတ္သည္ကို ႏွစ္သက္သည္။ ေရေပးသြင္းႏိုင္ပါက စိုက္ခင္း ေျမ၌ အစိုဓါတ္မျပတ္ရွိေစရပါမည္။

ပိုးမႊားေရာဂါကာကြယ္ႏွိမ္ႏွင္းနည္း

ပိုးမႊားႏွင့္ေရာဂါက်ေရာက္မႈ နည္းပါးပါသည္။

ရိတ္သိမ္းနည္း

တစ္ႏွစ္လွ်င္ (၄) လတစ္ႀကိမ္ (၃) ႀကိမ္  ရိတ္သိမ္းႏိုင္ပါသည္။အရြက္စိုမ်ားကို ေျမျပင္ႏွင့္ကပ္၍ တံစဥ္ျဖင့္ ရိတ္သိမ္းၿပီး ၊စပါးကဲ့သို႔  စည္းေႏွာင္တင္ပို႔ႏိုင္ပါသည္။

စက္ရံုသို႔ပို႔ရမည့္ကာလ

ရိတ္သိမ္းၿပီး စပါးလင္ရြက္စိုမ်ားကို စက္ရံုသို႔ ေန႔ခ်င္းပို႔ပါက ဆီထြက္ႏႈန္းကို ပိုေကာင္းေစပါသည္။

တစ္ဧကအထြက္ႏႈန္း

တစ္ဧကလွ်င္ တစ္ႏွစ္စပါးလင္ဆီေမႊးရြက္စို (၁၀)တန္၊

စိုက္ပ်ိဳးသုတ ပစၥယ (Pissaya Info)

Unicode

စပါးလင်ဆီ⁠မွှေးစိုက်ပျိုး⁠ပြုစုနည်း

======================

စပါးလင်ဆီမွှေး

(CITRONELLA)

မြန်မာအမည် – စပါးလင်ဆီမွှေးပင်

တရုတ်အမည် – ရှမ်းမောင်

အင်္ဂလိပ်အမည် – CITRONELLA

ရုက္ခဗေဒအမည် -1. Cymbopogon nar dus rendle

2.C.waterianus jowidd

မျိုးရင်း – Gramineae

အပင်ပုံသဏ္ဍာန်နှင့်သဘာဝ

သက်ကယ်ပင်နှင့်သဏ္ဍာန်တူသည်။ရန်ကုန်တိုင်းအတွင်း အလေ့ကျ ပေါက်သည့် ဂျပန်မြက် (မြက်ယား) မျိုးနှင့် ပိုမိုတူသည်။ သို့သော် စပါးလင်ကဲ့သို့ မွှေးသည့် ရနံ့မရှိ၊စပါးလင်ဆီမွှေးရုံတစ်ရုံသည် (၄-၆)ပေအထိ မြင့်သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် မြေပြန့်မှ အမြင့်ပေ (၂၀၀၀)အထိ ဖြစ်ထွန်းနိုင်သည်။

မျိုးကွဲများ

စပါးလင်(ဟင်းစား) (Cymbopogon citratus)နှင့်စပါးလင် ဆီမွှေးဟု ကွဲပြားသည်။စပါးလင်ဆီမွှေးတွင်လည်း ဆီပါဝင်မှုနှုန်းအရ အမျိုး အစားခွဲခြားကြသည်။

မြေအမျိုးအစား

ဆပ်ပြာပေါက်သော မြေမှတပါး ရေလွယ်ကူသော မည်သည့် မြေမျိုး၌မဆို ဖြစ်ထွန်းနိုင်သည်။မိုးများသည့် ဒေသရှိ ဂဝံမြေနှင့် ဂဝံအောက် ခံမြေမျိုးများ၌ ကောင်းစွာဖြစ်ထွန်းနိုင်သည်။

ရာသီဥတု

ပူနွေးသောရာသီရှိ၍ ရေလွယ်ကူသော မိုးများသည့် ဒေသများတွင် စိုက်ပျိုးကြသည်။မိုးရာသီ၌ စိုက်ပျိုးလေ့ရှိ ကြသည်။

မျိုးပွားနည်း

အပင်ကြီး အမြစ်အုံမှ အဆစ်ပါသည့် ပင်တက်ကိုဖဲ့၍ တိုက်ရိုက်စိုက်ပျိုးကြသည်။

စိုက်ပျိုးချိန်

မိုးဦးကျ ကဆုန်၊နယုန်(မေ၊ဇွန်)လ မြေအစိုဓါတ် လုံလောက်အောင် မိုးရွာပြီးပါက စတင်စိုက်ပျိုးကြသည်။ ရေသွင်းနိုင်ပါက တစ်နှစ်ပတ် လုံးစိုက်ပျိုးနိုင်သည်။

ပေါင်းသတ်ဆေးသုံးစွဲနည်း

Round –up (Glyphosade)ပေါင်းသတ်ဆေးကို မစိုက်မီ (၁၅)ရက် ကြိုတင်၍ ရေတစ်ဂါလံ၌ (၅၀ -၇၅) စီစီ/ဗစ်ပရုတ်ဆီဗူး (၁ ၁/၂- ၂ ၁/၂ )ဘူး နှုန်းဖျော်စပ်ပြီး ၊တစ်ဧကလျှင်ဆေး (၂)လီတာ /ပလပ်စတစ်ရေသန့်ဘူး (၂)ဘူးခန့်ကို စိုက်ပျိုးမည့်မြေပေါ်ရှိ ပေါင်းမြက်များအား ပက်ဖျန်းထားပါ။ ဆေးဖျန်းပြီးနောက် အနည်းဆုံးနေသာချိန် (၄)နာရီခန့်ရှိရပါမည်။

မြေပြုပြင်နည်း

ပေါင်းသတ်ဆေးသုံးထားသည့် ဧရိယာအတွင်း၌ ရေသွင်း(သို့) မိုးရွာပြီး အစိုဓါတ်လုံလောက်ပါက မြေကိုစတင် ပြုပြင်နိုင်သည်။ အနည်း ဆုံး ထယ် (၁)စပ်၊ ထွန် (၂)စပ်၊ ထွန်ယက်ပြီးပါက လက်ဖြင့် (သို့) မြက်ကောက်ထွန် ထယ်ကိရိယာဖြင့် မြက်ခေါင်းများ ကုန်စင်အောင် ကောက်ရမည်။ မြေပြင်ချိန် မြက်ခေါင်းများ ကုန်စင်ပါက ပြုစု စရိတ်သက်သာစေသည်။ မြေပြုပြင်စဉ် ထည့်သွင်းမည့် မြေခံမြေသြဇာအချိုး ကို တစ်ချိန်တည်း အသုံးပြုရမည်။ မြက်ခေါင်းကုန်စင်လျှင် (၃)ပေ အကျယ် မြွေရိုးဘောင်များကို ဘောင်ဖော်ကိရိယာဖြင့် (သို့) ပေါက်ပြား ဖြင့် စိုက်ဘောင်များဖော်ပြရမည်။ စိုက်ဘောင်အမြင့်မှာ ကုန်းကျပါက (၆)လက်မ နှင့် မြေနိမ့်ပါက (၁)ပေ အမြင့်ရှိရမည်။

စိုက်ပျိုးခြင်းနှင့်တစ်ဧကပင်ရေ

မြေအစိုဓါတ် လုံလောက်ချိန်တွင် လတ်ဆတ်သောစပါးလင်ဆီမွှေး သားတက်များကို စိုက်ဘောင်ထိပ်၌ စပါးလင်ဆီမွှေး တစ်ပင်နှင့် တစ်ပင် (၁)ပေခွာ၍ အောက်ခြေအဆစ်များ မြုပ်သည်အထိ စိုက်ရမည်။ ပင်ခြေ၌ ကြပ်သိပ်အောင် ဖိနှိပ်ပါ။အရွက်ဖုံးအောက် (၁) လက်မ ခန့်ထိ မြေမြုပ်လျှင် မိုးများချိန်၌ မြေအောက် အဆစ်များ ပုပ်ရိနိုင်သည်။

ပင်ကြား၊တန်းကြား (၃-၁)ပေဖြင့် တစ်ဧကပင်ရေ (၁၄၅၂၀)ပင်လိုအပ်သည်။

စိုက်ခင်းပြုစုနည်း

သားတက်များစိုက်ပျိုးပြီး ၊နောက်တစ်လအတွင်း ပင်ခြေပေါင်းများကို နိုင်နှင်းအောင် နှိမ်နှင်းခြင်း၊ယိုင်လဲသော ပျိုးပင်များအား တည့်မတ် ပေးခြင်း၊ မြေဆွပေါင်းသင်ခြင်း၊ ရွက်ဖျန်းမြေသြဇာဖျန်းခြင်းနှင့် ပေါင်းကင်းစင်ပါက ဘိုင်အိုကွန်ဘိုဇာကဲ့သို့ စက်ရုံထုတ်မြေသြဇာများကို (၄၅)ရက်သားလျှင် တစ်ကြိမ်ကျွေးမွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်။

မြေသြဇာကျွေးနည်း

မြေပြုပြင်ချိန်၌ ထည့်သွင်းရမည့် အချိုးဖြစ်သော ထုံး၊ဘိုင်အိုကွန်ပိုဇာ နှင့်အားဖြည့်မြေသြဇာများကို တစ်ပြိုင် တည်းကျွေးပါ။ စိုက်ခင်း ပေါင်းနုတ်ပြီး ၊မြေမဆွမီ ဘိုင်အိုကွန်ပိုဇာနှင့် အားဖြည့်မြေသြဇာများကို အနည်းငယ်စီ အကြိမ်များများကျွေးပေးပြီးမှ မြေဆွပြီးရေသွင်း ပါ။ဇီဝစူပါနှင့် အသင့်သုံး အီးအမ်များကို အပင်ကြီးထွားမှုလျင် မြန်စေရန် တစ်လတစ်ကြိမ် ပက်ဖျန်းပေးရမည်။

တစ်ဧကအတွက် မြေသြဇာနှုန်းထားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(က) ထုံး (၁၀ ပိဿာ ဝင်အိတ်) – ၁၅ အိတ်

(ခ) ယူရီးယား (၁၁၂ ပေါင် ဝင်အိတ်) -၁.၅ အိတ်

(ဂ)တီစူပါ (၁၁၂ ပေါင်ဝင်အိတ်) – ၁အိတ်

(ဃ)ပိုတက် (၁၁၂ ပေါင်ဝင်အိတ်) – ၁.၅ အိတ်

(င) ဘိုင်အိုကွန်ပိုဇာ (၁၅ ပိဿာဝင်အိတ်) -၂ အိတ်

(စ) အားဖြည့်မြေသြဇာ (၁၅ ပိဿာဝင်အိတ်) – ၂ အိတ်

(ဆ) ဇီဝစူပါ ရွက်ဖျန်းမြေသြဇာ (ဝ.၅) လီတာပုလင်း – ၅ ပုလင်း

(ဇ) အသင့်သုံးအီးအမ် (၁) လီတာပုလင်း – ၁၀ ပုလင်း

ရေပေးသွင်းနည်း

ရက်ရှည်ကြာ ရေဝပ်ခြင်းကို မကြိုက်ပါ။သို့သော် ပင်ခြေမြေကြီး အမြဲတန်းစိုစွတ်သည်ကို နှစ်သက်သည်။ ရေပေးသွင်းနိုင်ပါက စိုက်ခင်း မြေ၌ အစိုဓါတ်မပြတ်ရှိစေရပါမည်။

ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းနည်း

ပိုးမွှားနှင့်ရောဂါကျရောက်မှု နည်းပါးပါသည်။

ရိတ်သိမ်းနည်း

တစ်နှစ်လျှင် (၄) လတစ်ကြိမ် (၃) ကြိမ် ရိတ်သိမ်းနိုင်ပါသည်။အရွက်စိုများကို မြေပြင်နှင့်ကပ်၍ တံစဉ်ဖြင့် ရိတ်သိမ်းပြီး ၊စပါးကဲ့သို့ စည်းနှောင်တင်ပို့နိုင်ပါသည်။

စက်ရုံသို့ပို့ရမည့်ကာလ

ရိတ်သိမ်းပြီး စပါးလင်ရွက်စိုများကို စက်ရုံသို့ နေ့ချင်းပို့ပါက ဆီထွက်နှုန်းကို ပိုကောင်းစေပါသည်။

တစ်ဧကအထွက်နှုန်း

တစ်ဧကလျှင် တစ်နှစ်စပါးလင်ဆီမွှေးရွက်စို (၁၀)တန်၊

စိုက်ပျိုးသုတ ပစ္စယ (Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *