BREAKING NEWS

Foot drop ခြေဖဝါး မ မရခြင်း

ခြေဖဝါးရဲ့ရှေ့ပိုင်းကို အပေါ်မလို့မရတာကိုခေါ်တယ်။ လမ်းလျှောက်ရင် ဒရွတ်ဆွဲနေမယ်။ လမ်းလျှောက်တဲ့အခါ အမြင့်တက်တဲ့အခါ ပေါင်ကို အရင်ကထက်ပိုမြှောက်ရတယ်။ ကြာရင် ခြေချောင်းလေးတွေ ထုံလာတတ်ပါတယ်။

အောက်ခံရောဂါတခုခုကနေ ဆက်ဖြစ်တာဖြစ်တယ်။ ကြွက်သားနဲ့ အာရုံကြောအပြင် ခန္ဓာဗေဒချို့ယွင်းချက်တွေကို စဉ်းစားရတယ်။ တခါ တလေ ယာယီသာဖြစ်ပြီး ကောင်းသွားတယ်။ တချို့မှာတော့ ရာသက်ပန်ဖြစ်တယ်။ ဆောရီး။ တဖက်တည်းသာ ဖြစ်တာများတယ်။

ဖြစ်စေနိုင်တဲ့အကြောင်းခံများ

၁။ Nerve injury အာရုံကြောထိခိုက်မိခြင်းဖြစ်တဲ့ခြေဖဝါးအာရုံကြောကဖြစ်တယ်။ တချို့မှာ ခါးရိုးထဲကအာရုံကြောကဖြစ်တယ်။

၂။ Muscle or nerve disorders ကြွက်သားရောဂါများMuscular dystrophy ခေါ် မွေးရာပါ ကြွက်သားအားနည်းခြင်း။ Polio ပိုလီယို ရောဂါ။ Charcot-Marie-Tooth disease ရောဂါ။

၃။ Brain and spinal cord disorders ဦးနှောင်နှင့်အာရုံကြောရောဂါများAmyotrophic lateral sclerosis (ALS) ရောဂါ။ Multiple sclerosis ရောဂါနဲ့ Stroke ဆထုတ်ရခြင်း။

Peroneal nerve အာရုံကြောနဲ့ဆိုင်တယ်။ ဒူးဘေးကနေသွားတယ်။ အနေအထိုင်လွဲမှားတာကနေ ဆက်ဖြစ်တာရှိတယ်။

Crossing  your legs အချိန်ကြာ တင်ပလ္လင်ခွေထိုင်ခြင်း

Prolonged kneeling အချိန်ကြာ ဒူးထောက်ထိုင်ခြင်း။

Plaster casts ခြေထောက်ကို ပလာစတာတပ်ထားရခြင်း။

ကုသတာမှာ ဖြစ်စေတဲ့အကြောင်းခံကို ကုသရမယ်။

Braces or splints တပ်ပေးနည်း။

Physical therapy ဖီဇစ်ကယ်ကုသနည်း။

Stretching exercises ခြေဆန့်လေ့ကျင့်ခန်း။

Nerve stimulation အာရုံကြောနှိုးဆွပေးနည်း။

Surgery ခွဲစိတ်ကုသနည်း။

နေထိုင်ရာမှာ မွမ်းမံထားစရာတွေလိုအပ်တယ်။ ကြမ်းပြင် ကြမ်းခင်း ချော်မလဲအောင်လုပ်ထားပါ။ ကော်ဇော အခင်း အနေတော်တာ သုံးပါ။ လျှပ်စစ် ခလုတ် ဝိုင်ယာတွေနဲ့ ကင်းလွတ်ပါစေ။ အလင်းရောင်လုံလောက်ပါစေ။ သွားရာလာရာ လမ်းနဲ့ လှေကား မြင်သာအောင် ပြုပြင်ထားပါ။

Credit  – ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် >>>>>> IUCD ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ ပစ္စည်း





Leave a Reply

Your email address will not be published. Required fields are marked *