BREAKING NEWS

⁠မြန်မာ့ဆန်တန်ချိန် (၅၀၀၀၀)ဝယ်ယူရန် ဖိလစ်ပိုင်⁠နိုင်ငံမှ တင်ဒါကမ်းလှမ်း

ဖိလစ်ပိုင်နိုင်ငံမှ မြန်မာ့ဆန်တန်ချိန် (၅၀၀၀၀)ကိုဝယ်ယူရန် တင်ဒါကမ်းလှမ်းမှုများရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှသိရပါတယ်။

မြန်မာ့ဆန်တန်ချိန် (၅၀၀၀၀)ကို အရည်အသွေးပြည့်မှီရန်နဲ့ ဈေးနှုန်းသက်သက်သာသာ ဝယ်ယူနိုင်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံက တင်ဒါ ကမ်းလှမ်းမှုများရှိခဲ့တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက် အတွင်းဝန်ဦးခင်မောင်လွင်ကပြောပါ  တယ်။

“ဖိလစ်ပိုင်နိုင်ငံကနေ အနိမ့်ဆုံးဈေးနှုန်းနဲ့တင်ပို့နိုင်ဖို့အတွက် တင်ဒါ ကမ်းလှမ်းတာပေါ့။ တင်ဒါပေးတာပေါ့။ ဒီကဆန် စက်ပိုင်ရှင် အသင်းနဲ့ ဆန်ကုန်သည် Exporter တွေနဲ့ တွေ့ပြီးတော့ ပေးနိုင်တဲ့ဈေးနှုန်း နဲ့သင်္ဘောတင်နိုင်မယ့် ကာလနဲ့ တန်ချိန်တွေကို သူတို့ ဘာသာ ညှိနှိုင်းပြီးတော့ ဖိလစ်ပိုင်နိုင်ငံဘက်ကို ပြန်အကြောင်း ကြားထားတာ။ တင်ဒါထဲမှာသင်္ဘာတင်မယ့် ကာလတွေပါတယ်။ ကိုယ်တွေဘက်ကလည်း ကိုယ်ပေးနိုင်မယ့် ဈေးနှုန်းနဲ့ တန်ချိန်ကို အကြောင်းကြားပေးထားတယ်။တင်ပို့နိုင်မယ့် မြန်မာ့ဆန်အရည် အသွေးကလည်း ၂၅ မှတ်တန် ပြည့်မှီရမှာပေါ့”

ဖိလစ်ပိုင်နိုင်ငံရဲ့ တင်ဒါကမ်းလှမ်းမှုအဆင်ပြေပါက ၂၀၁၇ ခုနှစ် အောက်တိုဘာလနဲ့နိုဝင်ဘာလများကို တင်ပို့ နိုင်ရန်မှန်းထားပြီးရောင်း ချနိုင်မယ့်တန်ချိန် (၅၀၀၀၀)နဲ့ သတ်မှတ်ဈေးနှုန်းကို ပြန်လည်အကြောင်းကြား ထားကြောင်း စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှသိရပါတယ်။

ယခင်ဘဏ္ဍာနှစ်ကလည်း ဖိလစ်ပိုင်နိုင်ငံမှ တင်ဒါကမ်းလှမ်းမှုရှိခဲ့သော်လည်း သတ်မှတ်ဈေးနှုန်းမှာ အဆင်ပြေမှု မရှိတဲ့အတွက် မတင် ပို့နိုင်ခဲ့ကြောင်း ၊ ယခုဘဏ္ဍာနှစ်မှာလည်း  ထပ်မံ၍ တင်ဒါကမ်းလှမ်းမှုရှိခဲ့တဲ့အတွက် တင်ပို့မှုအဆင်ပြေရန် မျှော်မှန်းထားကြောင်း လည်းစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။

အေးအေးကျော် (Pissaya Info)





Leave a Reply

Your email address will not be published. Required fields are marked *