BREAKING NEWS

⁠နှလုံးကျန်းမာ⁠ရေး⁠ကောင်း⁠သော ဗာဒံသီးအဆန်

“အစာလည်းဆေး၊ ဆေးလည်းအစာ” ဟူသော ဆိုရိုးစကားရှိ၏ ။ လူတို့၏ ကျန်းမာရေးကောင်းရန်အစားအစာကို ဂရုတစိုက်ရွေးချယ်၍ စားကြရ၏။ အထူးသဖြင့် အသီးအရွက်များသည် လူတို့၏ ကျန်းမာရေးကောင်းရန် အထောက်အကူ အများဆုံးပြုကြောင်း ကျန်းမာရေး ပညာရှင်များကပြော ကြသည်။

အစာအဟာရသုတေသီပညာရှင်တစ်ဦးက အပူပိုင်းဒေသတွင် အများဆုံး ပေါက်ရောက်လျက်ရှိသော ဗာဒံသီးအတွင်းပိုင်းရှိ ဗာဒံဆန် (ဗာဒံသီး အ ဆန်) သည် လူတို့၏ နှလုံးကျန်းမာရေးကို အထောက်အကူပြုကြောင်း ထုတ်ဖော်လိုက်၏။ အဆိုပါ ဗာဒံသီးအဆန်ကို လှော်၍ စားနိုင်သလို ချောကလက်တွင် တည့်၍ စားသုံးလျှင် ပိုကောင်းသည်ဟု အဆိုပါ သုတေ သီ ပညာရှင်က ပြောဆို၏။

ဗာဒံသီးအဆန်ထဲတွင် ကလိုရီပါရှိပြီး၊ ပြည့်ဝအဆီ၊ ကာဘိုဟိုက်ဒရိတ် ဖိုင်ဘာအမျှင်၊ ပရိုတင်း၊ သကြားဓာတ်တို့ပါရှိပြီး၊ ကိုလတ်စထရော လုံးဝ မပါဟု သိရ၏။ စင်ကာပူနိုင်ငံတွင် အချို့အိမ်ရှင်မ များသည် မိမိတို့နေအိမ် များ၌ ဗာဒံသီးအဆန်များ ပါဝင်သော ချောကလတ်များကို ပြုလုပ်၍ စားနေ ကြ၏။

Pissaya_Info





Leave a Reply

Your email address will not be published. Required fields are marked *