BREAKING NEWS

ဝမ်းသာမှု ၊ ဂုဏ်ယူမှု ၊ စာနာမှုတွေနဲ့ ပြည့်နှက်နေတဲ့ အန်ဒါဟာရဲရား ရဲ့ ယူရိုပါလိဂ်ဖိုင်နယ်အပြီး ပြောစကားများ

 “မနေ့ကမနက်ဟာ ကျွန်တော်တို့အတွက် ထိတ်လန့် ကြေကွဲဖွယ် မနက်ခင်းဖြစ်ခဲ့ပါတယ် ။ မန်ချက်စတာဗုံးကွဲမှုဟာ ကျွန်တော်တို့ကို အရမ်းဝမ်းနည်းစေခဲ့ပါတယ် ။ ဘောလုံးနဲ့ ဘ၀ကြီးဟာ အတူတူပါပဲ ။ ရွေးချယ်ခွင့်ဆိုတာ မရှိပါဘူး ။ မနေ့ကတစ်နေ့လုံး ကျွန်တော်တို့ ကောင်းကောင်း မလေ့ကျင့်နိုင်ခဲ့ကြပါဘူး ။ တကယ်တကယ်ကို ခက်ခဲခဲ့တာပါ”

“ဒါပေမယ့် နည်းပြက ကျွန်တော်တို့ကို ပြောပါတယ် ။ မန်ချက်စတာဖြစ်ရပ်က လူတွေအတွက် လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာက ဖိုင်နယ် မှာ အနိုင်ကစားပြီး သူတို့အတွက် ဖလားကိုင်မြောက်ပေးဖို့ပါပဲ ။ ဒါကြောင့် အခုလို အနိုင်ရရှိအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြတာပါ ။ ဒါက ဖလားတစ်လုံးပါပဲ ၊ ဘောလုံးပွဲတစ်ပွဲပါပဲ ။ ဒါပေမယ့် ဒါတွေက သူတို့တွေကို အားပေးနိုင်မယ် ဆိုရင် ၊ အ ထောက်အပံ့ဖြစ်စေနိုင်ခဲ့မယ်ဆိုရင် ၊ ၁% လောက်ပဲ အားတက်စေခဲ့မယ်ဆိုရင် ကျွန်တော်တို့အတွက် လုံလောက်ခဲ့ပါပီ”

“ဗုံးက မန်ချက်စတာမှာ ပေါက်ခဲ့တာပါ ။ ဒါပေမယ့် သက်ရောက်မှုကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပါ ။ ဒီဖြစ်ရပ်က အားလုံးကို စည်းလုံးစေခဲ့ပါတယ် ။ ငြိမ်းခြမ်းမှုအတွက် တောင်းဆိုလာစေခဲ့ပါတယ် ။ နောက်ထပ်တိုက်ခိုက်မှုတွေ ၊ နောက်ထပ်သေဆုံးမှု တွေကို မမြင်ချင်တော့ပါဘူး”

“ကမ္ဘာကြီးမှာ ဒီလိုဖြစ်ရပ်မျိုးတွေကို မလိုချင်မိပါဘူး ။ အချင်းချင်းလေးစားသမှု ရှိတဲ့ လောကကြီးကိုပဲ အလို ရှိတာပါ ။ ကျွန်တော်တို့က ဘောလုံးသမားတွေပါပဲ ။ ဒါပေမယ့် ကျွန်တော်တို့မှာ ပရိသတ် အချို့ ရှိပါတယ် ။ အားလုံး ကောင်းမွန်တဲ့ ကမ္ဘာလောကကြီးဖြစ်လာ အောင် အတူတကွ လုပ်ဆောင်ပေးကြဖို့ ဒီနေရာကနေ ကျွန်တော် ပြောလိုပါတယ်”

“နိုင်ပွဲအတွက်ကတော့ အရမ်းကို ပျော်ရွှင်မိပါတယ် ။ ဒါက ဥရောပ ပြိုင်ပွဲလေ ၊ ယူရိုပါလိဂ် ဖလားလေ ။ ခင်ဗျားတို့ ဒီဖလားကို နေ့တိုင်း မရနိုင်ပါဘူး ။ ဒီဖလားဟာ မန်ချက်စတာက စတေးခံခဲ့ရသူတွေအတွက် ရည်စူးပါတယ်” “ဒီအောင်မြင်မှုက ကျွန်တော်တို့နဲ့ ထိုက်တန် ပါတယ် ။ အသင်းကြီးတစ်သင်းရဲ့ ကစားပုံမျိုးနဲ့ ကျွန်တော်တို့ ကစားသွားခဲ့တာပါ ။ တကယ်ကို စိတ်နှစ်ပြီး ၊ တကယ်ကို စနစ်ကျကျ ကစား သွားခဲ့တာပါ ။ အေဂျက် က အသင်းကောင်းတစ်သင်းပါ” “ကျွန်တော် အရမ်းအရမ်းကို ပျော်ရွှင်နေပါတယ် ။ ဘာလို့လည်းဆိုတော့ လွန် ခဲ့တဲ့ ၄ နှစ်တုန်းက ဒီလိုဖိုင်နယ်ပွဲမှာ ကျွန်တော် ရှုံးနိမ့်ခဲ့ရလို့ပါပဲ”

#အန်ဒါဟာရဲရား ( မန်ချက်စတာ ယူနိုက်တက် )

Ref : MEN

Photo : MEN

#Sports_Myanmar





Leave a Reply

Your email address will not be published. Required fields are marked *