BREAKING NEWS

ပရိသတ်တွေကို မညာချင်တဲ့ အိစိကွေး

ငယ်စဉ်ကတည်းက အနုပညာလောကထဲမှာ နေရာတစ်နေရာရလာတဲ့ ကလေးသရုပ်ဆောင် အိစိကွေးကတော့ အခုဆို တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ဖြေဆိုထားပြီးပါပြီ။

ဇာတ်ကားရိုက်ကူးမှုတွေနဲ့ ပတ်သက်ပြီး မတွေ့ရသေးပေမဲ့လည်း ဂီတနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ ရှိနေပါတယ်။ ဂီတပိုင်းမှာလည်း ဝါသနာပါသူ အိစိကွေးကတော့ စီးရီးခွေထွက်ဖို့ကိုလည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လူပျိုဝင်ခါစ အရွယ်ဖြစ်နေတဲ့အတွက် ဇာတ်ကားရိုက်ကူးဖို့ အဆင်မပြေသေးတာကြောင့် သရုပ်ဆောင်ပိုင်းကို နားထားကာ ဂီတပိုင်းကို ဦးစားပေးလုပ်နေပါတယ်တဲ့။

“အခုက စပ်ကူးမတ်ကူးအရွယ်ဖြစ်နေတော့ ရုပ်ရှင်လည်းရိုက်လို့မရသေးတဲ့အတွက် အိစိ သီချင်းတွေကို ပိုလုပ်သွားမှာပါ။ လက်ရှိမှာ သီချင်းတွေကို သေချာပြန်လုပ်ဖြစ်နေတယ်။short film လေးတွေရိုက်ဖို့ရှိတယ်။ကိုယ်ပိုင်အယ်လ်ဘမ်ထွက်ဖို့ သီချင်းတွေစုနေပါတယ်။ တစ်ပုဒ်ချင်းကိုလည်း အွန်လိုင်းမှာတင်ပေးဖို့ ကြိုးစားနေပါတယ်။EDM ပုံစံသီချင်းတွေဖြစ် သွားမှာပါ။ တဖြည်းဖြည်းနဲ့မှ ရုပ်ရှင်ရိုက်တဲ့ ဘက်ကို ပြန်ကူးဖြစ်မှာပါ။ပရိတ်သတ်တွေ ဟိုးငယ်ငယ်လေးကတည်းက အားပေးခဲ့လို့ အိစိကွေးဖြစ်လာတယ်။ ဒါကြောင့် အိစိဘက်က လည်းအကောင်းဆုံးကြိုးစားသွားမှာပါ” လို့ Myanmar People Magazine ကို ဖြေဆိုထားပါတယ်။

အနုပညာပိုင်းတွေနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ သင်တန်းတွေတက်ပြီး သေချာလေ့လာသွားမှာ ဖြစ်သလို ပရိသတ်တွေကို ညာပြီး သရုပ်ဆောင်တဲ့သူ မဖြစ်အောင် အစစ်အမှန်ရသကို ပေးနိုင်တဲ့သူ ဖြစ်အောင် ကြိုးသားသွားမယ်လို့ဆိုပါတယ်။

အိစိကွေးကတော့ ငယ်စဉ်ကတည်းက ဇာတ်ကားတော်တော်များများမှာ ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Source  by – Myanmar People Magazine

Photo  Credit – အိစိကွေး ဖေ့စ်ဘွတ်





Leave a Reply

Your email address will not be published. Required fields are marked *