BREAKING NEWS

အထွက်ကောင်း ပေါ်ဆန်း စပါးမျိုးသစ် ထုတ်လုပ်မှု လုပ်ငန်း

ကမ္ဘာ ပေါ်တွင် စပါးမျိုးပေါင်းများစွာ စိုက်ပျိုးထုတ်လုပ်လျက် ရှိသော်လည်း အရည်အသွေးကောင်း စပါးမျိုးအဖြစ် ထုတ်လုပ်လျက်
ရှိသည့် အရေအတွက်မှာ လွန်စွာ နည်းပါးပါသည်။ နိုင်ငံတကာမှ အရည်အသွေးကောင်း စပါးမျိုးအဖြစ် အသိအမှတ်ပြု ထုတ်လုပ်
လျက် ရှိသည့် အဓိက စပါးမျိုးများမှာ အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံများမှ စိုက်ပျိုးထုတ်လုပ်သည့် ဘာစမာတီ စပါးမျိုးများနှင့် ထိုင်းနိုင်
ငံမှ ထုတ်လုပ်သည့် စပယ်ဆန်မျိုးများသာ ဖြစ်ကြသည်။ ဘာစမာတီ-၃၇၀ ကို ၁၉၃၃ ခုနှစ်က အိန္ဒိယနိုင်ငံ (ယခု ပါကစ္စတန် နိုင်ငံပိုင်
ဒေသ) တွင်လည်းကောင်း၊ စပယ်ဆန်ကို ၁၉၅၀ ခုနှစ်တွင် ထိုင်းနိုင်ငံ အရှေ့ပိုင်း၌ လည်းကောင်း၊ ဒေသစပါး မျိုးများမှ Pureline sel
ection နည်းဖြင့် ရွေးချယ်ထုတ်လုပ်ခဲ့ကြပါသည်။ အလားတူ မြန်မာနိုင်ငံတွင်လည်း လူကြိုက်အများဆုံးဆန်ဖြစ်သည့် ပေါ်ဆန်း
မွှေးကို ၁၉၄၄ ခုနှစ်တွင် မြောင်းမြဗဟိုခြံ၌ ဒေသစပါးမျိုးမှ ရွေးချယ်ရရှိခဲ့သည့်  D-44-8 စပါးမျိုးလိုင်းမှတစ်ဆင့် မျိုးပွား အမည်ပေး
ထုတ်လုပ်ခဲ့သည်ဟု မှတ်တမ်းများတွင် ဖော်ပြထား ရှိပါသည်။

ထို့နောက်ပိုင်းတွင် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံများမှ ပညာရှင်များသည် ဘာစမာတီစပါးမျိုးကို အထွက်ကောင်း စပါးမျိုးများနှင့် စပ်မျိုး
စပါးအဖြစ် ထုတ်လုပ်ခဲ့ကြ ပါသည်။ ထိုင်းနိုင်ငံတွင်လည်း KDML-105 စပါးမျိုးကို အခြေခံသည့် အထွက်ကောင်းစပါးမျိုးတချို့ ထုတ်
လုပ်နိုင် ခဲ့သည်။ အလားတူ ဂျပန်နိုင်ငံတွင်လည်း လူကြိုက်အများဆုံး ဒေသစပါးမျိုးဖြစ်သည့် ကိုရှိဟိကရိစပါးမျိုးကို ယိုင်လဲမှုဒဏ်
ခံနိုင်စေရန်နှင့် ရာသီမရွေးစိုက်ပျိုးနိုင်ရန် အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင်မူ ပေါ်ဆန်းမွှေးစပါးမျိုးကို ဗြိတိသျှ
အစိုးရလက်ထက်ဖြစ်သည့် ၁၉၄၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီးနောက် နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း စိုက်ပျိုးရေးဌာနမှ မျိုးသန့်အ
ဖြစ် သန့်စင်မျိုးပွားဖြန့်ဖြူးပေး ခြင်းမှလွဲ၍ အခြားတိုးတက်ပြုပြင်မှုများကို ထိရောက်စွာမဆောင်ရွက်နိုင်ခဲ့ပါ။

၂၀၁၁ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်ခဲ့သည့် ကမ္ဘာ့ဆန်စပါးညီလာခံတွင် မြန်မာနိုင်ငံမှ ပေါ်ဆန်းဆန်သည် World’s Best Rice
ဆုကို ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ပြည်ထောင်စုနယ်မြေအပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၅ ခုရှိသည့်အနက် ၁၀ ခုတွင်
ပေါ်ဆန်းစပါးမျိုးများကို အနည်း နှင့်အများ စိုက်ပျိုးလျက်ရှိကြသည်။ စာရင်း များအရ ၂၀၁၃ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ပေါ်ဆန်းစပါး
စုစုပေါင်း ဧက ၉ ဒသမ ၉ သိန်းကျော် စိုက်ပျိုးခဲ့ပြီး၊ အများစုကို ဧရာဝတီတိုင်းဒေသကြီး ဧက ၆ ဒသမ ၄ သိန်းနှင့် စစ်ကိုင်းတိုင်း             ဒေသကြီး ဧက ၂ ဒသမ ၈ သိန်းတွင် စိုက်ပျိုးခဲ့သည်။ ပေါ်ဆန်းစပါး စိုက်ပျိုးမှုပမာဏမှာ အဆင့်မြင့်စပါးအဖြစ် သတ်မှတ်စိုက်ပျိုးလျက်
ရှိသည့် စပါးမျိုးများ ဧရိယာ၏ ၃၂ ရာခိုင်နှုန်းခန့် ရှိသည်။

ပေါ်ဆန်းစပါးမျိုးကို ရာသီမရွေးစိုက်ပျိုးနိုင်သည့် အထွက်ကောင်းစပါးမျိုးအဖြစ် ပြောင်းလဲထုတ်လုပ်ပေးနိုင်မည်ဆိုပါက တောင်သူ
လယ်သမားများနှင့် စားသုံးသူများအတွက် များစွာအကျိုးရှိနိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ရာ စိုက်ပျိုးရေးဦးစီး ဌာနအောက်ရှိ အပင် ဇီဝ နည်းပညာ ဗဟိုဌာနမှ ပညာရှင်များသည် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ရာသီမရွေး စိုက်ပျိုးနိုင်သည့် အထွက်ကောင်းပေါ်ဆန်းစပါး
မျိုး ထုတ်လုပ်ရရှိရေးအတွက် နည်းလမ်းများ ရှာဖွေပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။ ပေါ်ဆန်းမွှေးစပါးမျိုးကို အထွက်ကောင်း
စပါးမျိုးအဖြစ် မထုတ်လုပ်နိုင်ခဲ့သည့် အကြောင်းအရင်းမှာ နည်းပညာအရ ခက်ခဲနက်နည်းမှုကြောင့်ပင် ဖြစ်ပါသည်။ အထူးသဖြင့်
ပေါ်ဆန်းမွှေးစပါးမျိုး၏ မွှေးကြိုင်သည့်ရနံ့၊ ဆန်အရည်အသွေးနှင့် စားသုံးမှု အရည်အသွေးတို့ကို ပျောက်ပျက်မသွားအောင် ထိန်း
သိမ်းထားပြီး အထွက်ကောင်းစပါးမျိုးများ၏ လက္ခဏာများကို ဖြည့်စွက်ထည့်သွင်းထားရသည့် လုပ်ငန်း မှာ နည်းပညာမျိုးစုံပေါင်း
စပ်ဆောင်ရွက်ရန် လိုအပ်ပြီး၊ များစွာအချိန်ယူဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ကာ အောင်မြင်ရန်အခွင့်အလမ်းလည်း လွန်စွာ
နည်းပါး ပါသည်။

အပင်ဇီဝနည်းပညာ ဗဟိုဌာနမှ ပညာရှင်များသည် အထက်ဖော်ပြပါ အခက်အခဲများကို အမှုမထားဘဲ အထွက်ကောင်း ပေါ်ဆန်း
စပါးမျိုးသစ် ထုတ်လုပ်နိုင်ရေးအတွက် ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ ကနဦးသုတေသနလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၀
ပြည့်နှစ်၊ မတ်လမှ ဧပြီလအတွင်း စိုက်ပျိုးရေးဦးစီးဌာနမှ မဟာသိပ္ပံသင်တန်းသားတစ်ဦး အပါအ၀င် ၀န်ထမ်းများသည် ပေါ်ဆန်း
စပါးမျိုးများ အဓိကစိုက်ပျိုးသည့် ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၁၆ ခုသို့ ကွင်းဆင်းပြီး ပေါ်ဆန်းစပါးမျိုးကွဲ နမူနာ ၃၈ ခုနှင့် ရွှေဘို ခရိုင်မှ ရွှေဘိုပေါ်ဆန်းနမူနာတစ်ခု စုစု ပေါင်း ပေါ်ဆန်းစပါးမျိုးကွဲနမူနာ ၃၉ ခုကို စုဆောင်းခဲ့ကြပါသည်။ စုဆောင်းရရှိသည့်  ပေါ်
ဆန်းစပါး မျိုး နမူနာများကို ၂၀၁၀ ပြည့်နှစ်တွင် မိုးရာသီတွင် ပုသိမ်မြို့နယ်၌ စိုက်ပျိုးရေးဦး စီးဌာနအောက်ရှိ သရောင်းချောင်းစပါး
မျိုးသန့်ခြံတွင် သုတေသန ဆောင်ရွက်ပုံနည်းလမ်းများနှင့်အညီ စိုက်ပျိုးပြီး ရုပ်လက္ခဏာများကို လေ့လာခဲ့ပါသည်။ အချက်အ
လက် များကို Descriptors for Wild and Cultivated Rice (Oryza app.) (2007) တွင် ဖော်ပြထားသည့်  ညွှန်းကိန်းများနှင့်အညီ မှတ်တမ်းယူခဲ့သည်။ ရရှိလာသည့် အချက်အလက်များအား မှတ်တမ်းတင်ခြင်းနှင့် စိစစ်သုံးသပ်ခြင်း လုပ်ငန်းများကို အပင်
ဇီဝနည်းပညာဗဟိုဌာနမှ ပညာရှင်များက ဆောင်ရွက်ခဲ့ပါသည်။

အပင်လက္ခဏာ ကွဲပြားမှုများအပေါ်မူတည်၍ မြန်မာနိုင်ငံတွင် ပေါ်ဆန်းစပါး အနည်းဆုံး ၂၄ မျိုးခန့် စိုက်ပျိုးလျက်ရှိသည်ဟု ယူဆ
ရပါသည်။ ပေါ်ဆန်းစပါးမျိုးများကို အပင် ၅၀ ရာခိုင်နှုန်း ပန်းပွင့်ရက်ပေါ်မူတည်၍ အောက်တိုဘာလ ပထမပတ်၊ အောက်တိုဘာလ
တတိယပတ်နှင့် နိုဝင်ဘာလ စတုတ္ထပတ်ခန့်တွင် ပန်းပွင့်သော မျိုးဟူ၍ အုပ်စုသုံးစု ခွဲခြားနိုင်ခဲ့ပါသည်။ နေ့တာတုန့်ပြန်မှု အနည်း
ဆုံးဖြစ်ပြီး၊ အောက်တိုဘာလ ပထမပတ်တွင် ပန်းပွင့်သော မျိုးများသည် နေ့တာတုန့်ပြန်မှု အနည်းဆုံးဖြစ်ပြီး၊ အောက်တိုဘာလ
တတိယပတ်တွင် ပန်းပွင့်သောမျိုးများ သည် အလယ်အလတ်ဖြစ်ကာ၊ နိုဝင်ဘာလ စတုတ္ထပတ်တွင် ပန်းပွင့်သော မျိုးများသည်
နေ့တာတုန့်ပြန်မှု အများဆုံးဖြစ် သည်။ သို့ဖြစ်ရာ စုဆောင်းရရှိခဲ့သည့် ပေါ်ဆန်းစပါးမျိုး နမူနာများအား နေ့တာတုန့် ပြန်မှုအနည်း
ဆုံးမျိုး ငါးမျိုး၊ အလယ် အလတ် ၁၇ မျိုးနှင့် နေ့တာတုန့်ပြန်မှု အများ ဆုံး ၁၇ မျိုးဟူ၍ ခွဲခြားနိုင်ခဲ့ပါသည်။

ဂျပန်နိုင်ငံရှိ PGC မှ ဆောင်ရွက်ခဲ့ သည့် Genome Breeding ဆောင်ရွက်ပုံ အကျဉ်းမှာ ကိုရှိဟိကရိ စပါးမျိုးကို အပင်အရပ်ပု
စေရန်အတွက် Sd-1 ဗီဇပါရှိသည့် အင်ဒီကာစပါးမျိုးနှင့် မျိုးစပ်ပြီး၊ ရရှိလာသည့် အပင်များအနက်မှ ၎င်းင်းဗီဇပါရှိသည့် အပင်
များကို SNP နည်းဖြင့် ရွေးချယ်ကာ Backcross ပြုလုပ်ခဲ့ပါသည်။ ထိုသို့ ပြု လုပ်ပြီး ရရှိလာသည့် အပင်များကို နေ့တာ တုန့်ပြန်မှု
မရှိစေရန်အတွက် အနှံထွက်ချိန် ကို ထိန်းချုပ်သည့် QTL ပါရှိသော အခြား အင်ဒီကာစပါးမျိုးတစ်ခုနှင့် ထပ်မံမျိုးစပ်ကာ SNPနည်း
ဖြင့် နောက်တစ်ကြိမ် ရွေးချယ်ပြီး Backcross  ပြုလုပ်ခဲ့ခြင်းဖြစ် ပါသည်။ တစ်နည်းအားဖြင့် SNP marker အများအပြားကို အသုံး
ပြုပြီး ဆောင်ရွက်သည့် Marker assisted backcross breeding နည်းဖြစ်ပါသည်။

အပင်ဇီဝနည်းပညာ ဗဟိုဌာနအနေနှင့် မျိုးစပ်ရန်အတွက် ပေါ်ဆန်းစပါးမျိုးများကို နေ့တာတုန့်ပြန်မှု၊ စားသုံးမှု အရည်အသွေးနှင့်
ရနံ့ပါဝင်မှု အခြေအနေများအရ ရွေးချယ်ခဲ့ပါသည်။ ရွေးချယ်ထားသော ပေါ်ဆန်းစပါးမျိုးများကို အပင်အရပ်ပုစေသည့် Sd-1 ဗီဇပါ
ရှိသော အင်ဒီကာ အထွက်ကောင်းစပါးမျိုးနှင့် မျိုးစပ်ပါသည်။  မျိုးစပ်ပြီးရရှိလာသည့် အပင်များအနက်မှ အပင်ပုပြီး၊ စပါးစေ့အ
ရွယ်နှင့် ပုံသဏ္ဌာန်တွင် ပေါ်ဆန်းစပါးနှင့် တူသည့်အပင်များကို မျက်မြင်ကြည်ရှု၍ ရွေးချယ်ခဲ့ပါသည်။ အကြောင်းတိုက်ဆိုင်စွာပင်
ရွေးချယ်ခဲ့သည် အပင်များမှာ နေ့တာတုန့်ပြန်မှုမရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ထို့အတွက်ကြောင့် ရရှိလာသည့် အပင်များ
ကို နေ့တာတုန့်ပြန်မှု မရှိစေရန်အတွက် အနှံထွက်ချိန်ကို ထိန်းချုပ်သည့် QTL ပါ ရှိသော စပါးမျိုး တစ်ခုနှင့် ထပ်မံမျိုးစပ်ရန်မလို
အပ်တော့ပါ။

ထိုသို့ အကြိမ်ကြိမ်ဆောင်ရွက်ပြီး နောက် ရရှိလာသည့် အပင်များမှ စပါးစေ့များအား ရနံ့ပါရှိမှု၊ ဆန်အရည်အသွေးနှင့် စားသုံးမှု
အရည်အသွေးလက္ခဏာများကို စစ်ဆေးပြီး ပေါ်ဆန်းစပါးမျိုးနှင့် တူညီသည့် အပင်များကို ရွေးချယ်ခဲ့ပါသည်။ မျိုးစပ်ခြင်းနှင့် ရွေး
ချယ်ခြင်းလုပ်ငန်းများကို ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီးနောက် နေ့တာတုန့်ပြန်မှုမရှိဘဲ အပင်အရပ်ပုကာ ဆန်
အရည်အသွေးနှင့် စားသုံးမှု အရည်အသွေးတွင် ပေါ်ဆန်းနှင့် တူသည့် စပါးမျိုးလိုင်းတချို့ကို ရွေးချယ်ခဲ့ ပါသည်။

ရရှိလာသည့် သုတေသန အဆင့်စပါးမျိုးလိုင်းတချို့ကို ၂၀၁၅ ခုနှစ်၊ နွေ စပါးရာသီတွင် ဧရာဝတီ၊ ရန်ကုန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး များရှိ မြို့နယ်သုံးခုမှ တောင်သူကွင်းနှင့် ဌာနပိုင်ကွင်းများတွင် စမ်းသပ်စိုက်ပျိုးလေ့လာခဲ့ပါသည်။

စိုက်ပျိုးခဲ့သည့် စမ်းသပ်မျိုးလိုင်းများမှာ ဧပြီလ ပထမပတ်တွင် ပန်းပွင့်ကြ သော်လည်း အတူယှဉ်တွဲစိုက်ပျိုးခဲ့သည့် ပေါ် ဆန်းစပါး
မျိုးများမှာ နေ့တာရှည်မှုကြောင့် ပန်းမပွင့်နိုင်ခဲ့ပါ။ ၎င်းင်းမျိုးလိုင်းများကို အပင်သက်တမ်း ၁၂၀ ရက်တွင် ရိတ်သိမ်းပြီး ထွက်ရှိလာ
သည့် စပါးမျိုးကို မျိုးအလိုက် နို့ဆီဗူးနှစ်ဗူးဆီခန့် ကြိတ်ခွဲကာ ဆန် အရည်အသွေးစစ်ဆေးပါသည်။ ထို့နောက်ချက်ပြုတ်ကာ ရနံ့ပါ
ရှိမှု၊ ထမင်းသားတက်မှု၊ စားသုံးမှု အရည်အသွေးနှင့် ညအိပ်အထားခံမှုစသည့် အချက်များကို စစ်ဆေး ပြီးနောက် ပေါ်ဆန်းမွှေး
နှင့် အနီးစပ်ဆုံး တူညီသည့် စပါးမျိုးလိုင်းတစ်ခုကို ရွေးချယ်ခဲ့ပါသည်။

ယခုအခါတွင် ပေါ်ဆန်းမွှေးစပါးမျိုးကို ၁၉၄၄ ခုနှစ်၌ ထုတ်လုပ်ခဲ့ပြီး၊ နှစ်ပေါင်း၇၀ ကျော်ကြာပြီးနောက် ရာသီမရွေးစိုက်ပျိုးနိုင်
သည့် အထွက်ကောင်းပေါ်ဆန်း စပါးမျိုးထုတ်လုပ်နိုင်ရန် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ယခု အဆင့်အထိ တက်လှမ်းဆောင်ရွက်နိုင်ခဲ့ခြင်း၏ အဓိကအကြောင်းအရင်းများမှာ (၁) ပေါ်ဆန်းစပါးမျိုးများ၏ နေ့တာတုန့် ပြန်မှု၊ ဆန်အရည်အ
သွေး၊ စားသုံးမှု အရည်အသွေးနှင့် အမွှေးရနံ့ပါရှိမှု လက္ခဏာများ ကို ဖော်ထုတ်စစ်ဆေးနိုင်ခဲ့ခြင်း၊ (၂) အပင်အရပ်ပုစေသည့် Sd-1
ဗီဇပါရှိသော အထွက် ကောင်းစပါးမျိုးနှင့် မျိုးစပ်နိုင်ခဲ့ခြင်းနှင့် (၃) ပညာရှင်များ၏ မဆုတ်မနစ်ကြိုးပမ်း မှုများကြောင့်ပင် ဖြစ်ပါ
သည်။

သို့ရာတွင် ယခုထုတ်လုပ်လိုက်သည့် ပေါ်ဆန်းစပါး မျိုးသစ်မှာSingle nucleotide polymorphism (SNP) ကဲ့သို့သော ခေတ်မီ
နည်းပညာများကိုလည်း အသုံးမပြု နိုင်ခဲ့ကြောင်း  ပေါ်ဆန်းမွှေးစပါးမျိုးနှင့် ရာနှုန်းပြည့်မတူညီနိုင်သော်လည်း အနီးစပ်ဆုံး တူညီ
အောင်ဆောင်ရွက်ထားရှိပါသည်။ မည်သို့ပင်ဖြစ်စေ စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ အပင်ဇီဝနည်းပညာ ဗဟိုဌာနမှ ပညာရှင်များ
အနေနှင့် မည်သည့်ပြည်တွင်းပြည်ပ အဖွဲ့အစည်းများထံမှ အကူအညီများ မရရှိစေကာမူ တောင်သူလယ်သမားများနှင့် စားသုံး
သူများအကျိုးကို ရှေးရှု၍ လုပ်ငန်းများ အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရ
ပါသည်။

Source by – The Farmer





Leave a Reply

Your email address will not be published. Required fields are marked *