⁠ရေသတ္တ၀ါ⁠နှင့် စားပင်သီးပင်တွဲဖက်စိုက်ပျိုး⁠မွေး⁠မြူသည့်စနစ် ပထမ ဆုံး⁠ဆောင်ရွက်မည်

ရေသတ္တ၀ါမွေးမြူရေးလုပ်ငန်းနှင့် စားပင်သီးပင်တွဲဖက် မွေးမြူစိုက်ပျိုးသည့် စနစ်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးအနေဖြင့် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ ငါးလုပ်ငန်းဦးစီးဌာန (နေပြည်တော်)မှသိရပါတယ်။

ရေသတ္တ၀ါမွေးမြူရေးလုပ်ငန်းနှင့် စားပင်၊ သီးပင် တွဲဖက်မွေးမြူစိုက်ပျိုးသည့် ကနဦးသရုပ်ပြ စီမံကိန်း (၂)ခုကို ရန်ကုန်တိုင်းဒေသကြီးနှင့် နေပြည်တော်မှာ ဆောင်ရွက်နေတယ်လို့ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ပြောပါတယ်။

“Aquaponic စနစ်နဲ့ ပတ်သက်တဲ့ Modern Farm ကို ရန်ကုန်၊ ငါးလုပ်ငန်း သင်တန်းကျောင်းရှေ့မှာ ဆောင်ရွက်ထားတယ်။ နေပြည်တော် မှာလည်း ဒါနဲ့ ပတ်သက်တဲ့ ဟာကို စပြီးဆောင်ရွက်နေတယ်။ ဆောင်ရွက်နေဆဲဖြစ် တဲ့အတွက် နောက်ကျရင် ပီပီပြင်ပြင် ဖြစ်လာမှာပါ။ ကျန်ပြည်နယ်တိုင်းတွေ ကိုလည်း ဆောင်ရွက်ပေးသွားမှာပါ။ လက်ရှိက အားလုံးလေ့လာသိရှိပြီးတော့မှ စိတ်ဝင်စား မှုဖြစ်လာအောင် ပထမဆုံးဆောင်ရွက်နေခြင်း ဖြစ်တယ်”

Aquaponic စနစ်ကို အကောင်အထည် ဖော်ခြင်းဖြင့် မြေဧရိယာ အနည်းငယ် တက်နိုင်သူ၊ မြေဧရိယာ မရှိသူများအနေဖြင့် တစ်နိုင်တစ် ပိုင် ရေသတ္တ c၀ါမွေးမြူရေးလုပ်ဆောင်နိုင်သကဲ့သို့ စားပင်သီးပင်တွဲ ဖက်စိုက်ပျိုးနိုင်တာ ကြောင့် လယ်သမားများအနေဖြင့် အပို ၀င်ငွေရရှိလာနိုင်မှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

အဆိုပါစနစ်ကို အီတလီနိုင်ငံ၏ နည်းပညာဖြင့်ပညာရှင်များမှ ဆောင်ရွက်လျက် ရှိနေတာလည်း ဖြစ်ပါတယ်။ယင်းစီမံကိန်းနဲ့ပတ်သက်ပြီး ပြည်သူလူထု စိတ်ဝင်စားမှုနှင့် ဒေသခံများရဲ့ အကျိုးဖြစ်ထွန်းမှုပေါ်မူတည်ပြီး ပညာပေးတိုးချဲ့ ဆောင်ရွက်သွားရန်ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရပါတယ်။ရေသတ္တ၀ါများနဲ့ စားပင်သီးပင်တွဲဖက်စိုက်ပျိုးရာမှာ မြန်မာပြည်တွင်ရှိသည့် သဘာဝပစ္စည်းများအတိုင်း လုပ်ဆောင်နိုင်ပြီး ပစ္စည်းကုန်ကျစရိတ်များပြား မှုမရှိသည့်အတွက် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ပါက အောင်မြင်နိုင်မှာ ဖြစ်တယ်လို့ တက်ရောက်လာသည့် တောင်သူတစ်ဦးက ပြောပါတယ်။

၂၀၁၇ခုနှစ် မှ စတင်ဆောင်ရွက်နေတဲ့ ကနဦးသရုပ်ပြစီမံကိန်းမှ ရရှိလာမည့် ရလဒ်များပေါ်မူတည်၍ Aquaponic စနစ်ကို ကျယ်ကျယ်ပြန့််ပြန့် ဖြစ်စေရန် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

အေးအေးကျော် (Pissaya_Info)





Leave a Reply

Your email address will not be published. Required fields are marked *