BREAKING NEWS

ကုန်စည် ပိုလျှံမှုကြောင့် တရုတ် အစိုးရက ယခုနှစ်အတွင်း ပြောင်းဝယ်ယူရေး စီမံချက် ရပ်ဆိုင်းတော့မည်

တရုတ်အစိုးရသည် ပြောင်းအရန်စာရင်း အလွန်အမင်းမြင့်တက်လာသဖြင့် ပြောင်းဝယ်ယူ သိုမှီးရေးအစီအစဉ်ကို ယခုနှစ်အတွင်း
ရပ်ဆိုင်းသွားကာ အခြားထောက်ပံ့ရေး အစီအစဉ်များနှင့် အစားထိုးသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းဌာန၏
သတင်းထုတ်ပြန်ချက်အရသိရသည်။တရုတ်အစိုးရသည် နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်အဖွဲ့အစည်းများအား တောင်သူထံမှ ပြောင်းကိုဈေး ကွက် ပေါက်ဈေးအတိုင်းဝယ်ယူသွားစေမည် ဖြစ်ကာ တောင်သူများအတွက် ချေးငွေအထောက်အပံ့များ ပေးအပ်သွားမည် ဖြစ်   ကြောင်းရှင်ဟွာသတင်းဌာနကအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်၏ထုတ်ပြန်ချက်ကိုကိုးကား၍   ရေးသား ဖော်ပြခဲ့သည်။

တရုတ်အစိုးရသည် သီးနှံပြောင်းလဲစိုက်ပျိုးရေးကို အားပေးသွားမည် ဖြစ်သလို လက်ရှိပြောင်းအရန်စာရင်းကိုလည်း လျှော့ချ
သွားမည် ဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။ ၎င်းပြုပြင်ပြောင်းလဲမှုသည် ၂၀၁၆-၁၇ ခုနှစ် ရာသီတွင် အကျုံးဝင်မည် ဖြစ်ကြောင်းသိရသည်။ တရုတ်အစိုးရသည် ပြည်တွင်းပြောင်းရောင်းဝယ်ဖောက်ကားမှုကို ဈေးကွက်အခြေအနေ
အရ လည်ပတ်သွားစေရေးအတွက် အစိုးရ၏ ပြောင်းဝယ်ယူသိုမှီးရေးအစီအစဉ်ကို ပြန်လည်ဆန်းစစ်သွားမည် ဖြစ်ကြောင်း ပြီးခဲ့
သည့် ဇန်န၀ါရီလက ပြောကြားခဲ့သည်။ တရုတ်အစိုးရသည် ၂၀၀၈ ခုနှစ်က စတင်၍ ပြောင်းထုတ်လုပ်မှုအပေါ် ထောက်ပံ့အားပေး
မှု ပြုလုပ်ခဲ့ပြီး လယ်ယာလုပ်ငန်းဝင်ငွေကို အကာအကွယ်ပေးရေးအတွက် သီးနှံကို ပေါက်ဈေးထက် တိုးမြှင့်ဝယ်ယူမှု ပြုလုပ်ခဲ့
သည်။

၎င်းနောက်ပိုင်း တရုတ်နိုင်ငံ၏ ပြည်တွင်းပြောင်း ထုတ်လုပ်မှုသည် ၃၅ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး တရုတ်၏ ပြောင်းထုတ်
လုပ်မှုနှင့် စားသုံးမှုမှာ အမေရိကန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယအများဆုံးနိုင်ငံအဖြစ်ရပ်တည်လာနိုင်ခဲ့သည်။“ယခုအခါ
တရုတ်တောင်သူတွေဟာ ဘယ်သီးနှံကို စိုက်ပျိုးရမလဲ၊ အစိုးရက ဘယ်လောက်ထောက်ပံ့မလဲ၊ အစိုးရထောက်ပံ့မှုဟာ ပြောင်း
ဈေးကျဆင်းမှု ကြောင့် ဖြစ်ပေါ်မယ့်ဆုံးရှုံးမှုကို ကာကွယ်နိုင်မလားဆိုတာ သုံးသပ်နေကြပါတယ်” ဟု Shanghai JC Intellig-
ence Co မှ သီးနှံသုတေသီ Yan Zhang က ပြောကြား ခဲ့သည်။ ပြီးခဲ့သည့် တနင်္လာနေ့က ဒါလီယံကုန်စည်ဈေးကွက်တွင် ဖြစ်
ပေါ်သည့် စက်တင်ဘာလ ပြောင်းကြိုပွိုင့်ဈေးနှုန်းသည် ကနဦးက ၃ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ ပြီးနောက် သုည ဒသမ ၎
ရာခိုင်နှုန်း မြင့်တက်ကာ တစ်တန်လျှင် ၁,၅၇၅ ယွမ်တွင် ရပ်တည်ခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်း ပြောင်းဈေးနှုန်းများမှာ ၁၇ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့သည်။ ရှင်ဟွာသတင်းဌာန၏ ရေးသားချက်နှင့် စပ်လျဉ်း
၍ တရုတ် ကောက်ပဲသီးနှံ စီမံခန့်ခွဲရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကမူ မှတ်ချက်ပြောကြားရန် ငြင်းဆန်ခဲ့သည်။ ထို့ပြင် အမျိုးသား
ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်ထံသို့ ဖုန်းဆက်စုံစမ်းမှု ပြုလုပ်ခဲ့သော်လည်း ဌာနက အကြောင်းပြန်ကြား
ခဲ့ခြင်းမရှိပေ။ တရုတ် စိုက်ပျိုးရေး ၀န်ကြီး Han Changfu က တရုတ်နိုင်ငံ အနေဖြင့် အထွက်နှုန်း နည်းပါးသည့် ပြောင်းစိုက်
ဧရိယာ များကို လျှော့ချသွားရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ယခုလအတွင်း ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရသည် ပြောင်းလက်ကျန်များ လျှော့ချနိုင်ရေးအတွက် ပြီးခဲ့သည့် စက်တင်ဘာလက အစိုးရပြောင်းဝယ်ဈေးနှုန်း
ကို ၁၀ ရာခိုင်နှုန်း လျှော့ချရန် ကြေညာခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ၏ ၂၀၁၅-၁၆ ခုနှစ်ရာသီကုန် ပြောင်းစာရင်းမှာ တန်
ချိန် ၁၁၁ ဒသမ ၅ သန်း ရှိနိုင်မည်ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဒေတာများအရ သိရသည်။

Source by – The Farmer





Leave a Reply

Your email address will not be published. Required fields are marked *