BREAKING NEWS

ဗိုလ်အောင်ဒင်နာမည် ကိစ္စ နှစ်ဦးနှစ်ဖက်ကြားနားလည်မှု ရပြီးကျေအေး

ဗိုလ်အောင်ဒင်သီချင်း စပ်ဆိုရေးသားတာနဲ့ပတ်သက်ပြီး ကာယကံရှင်ဘက်က မကျေနပ်တဲ့အတွက် မြန်မာနိုင်ငံဂီတအစည်းရုံး မှာ တိုင်ကြားခဲ့ပြီး ဒီကနေ့ တေးရေးဆရာနဲ့ညှိနှိုင်းဖြေရှင်းတဲ့အခါမှာ နှစ်ဦးနှစ်ဖက် နားလည်မှုရပြီး ကျေအေးလိုက်ပြီလို့ဒီကနေ့ပြုလုပ်တဲ့ ဆွေးနွေးညှိနိုင်းပွဲကနေ သိရပါတယ်။

“ ကျွန်မတို့အခုနှစ်ဦးနှစ်ဖက်ဖြေရှင်းတဲ့အခါမှာ ဒီသီချင်းကို ရေးတဲ့သဟအောင်က သူကဒီသီချင်းကိုရေး တဲ့အခါမှာ မသိလို့ရေးခဲ့တာပါ။ သူများကို ထိခိုက်စေချင်တဲ့ သဘောမျိုးနဲ့ရေး ခဲ့တာမဟုတ်ပါဘူးလို့ ကျွန်မတို့ကို ရှင်းပြပါတယ်။ ကျွန်မတို့ဘက်ကနေပြီးတော့လည်း အဲ့ သည်လိုထိခိုက်စေချင်တဲ့ရည်ရွယ်ချက်နဲ့မလုပ်ခဲ့တဲ့အတွက် နှစ်ဦးနှစ်ဖက်နားလည်ပြီး ကျေနပ်ခွင့်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ဒီကလေး အသက်နဲ့စာရင် ဗိုလ်အောင်ဒင် ဇာတ်လမ်းကို မမှီခဲ့ဘူးဆိုတာ လည်းနားလည်ခွင့်လွတ်ပေး ခဲ့တာဖြစ်ပါတယ်”လို့ ဗိုလ်အောင်ဒင်ဖန် တီးခဲ့သူဒါရိုက်တာရွှေဒုံးဘီအောင် သားရဲ့ဇနီးဒေါ်အေးအေးပိုက ပြောပါတယ်။

လူအများကြားမှာ ခေတ်စားနေတဲ့ တေးသံရှင် မနောရဲ့ ဗိုလ်အောင်ဒင် လို လူကြမ်းသီချင်း နဲ့ပတ်သတ်ပြီး မူလ ဖန်တီးသူရဲ့ ခွင့်ပြုချက် မရယူဘဲ ဗိုလ်အောင်ဒင်အမည်ကိုသုံးစွဲခဲ့တာကြောင့် ဒါရိုက်တာ ရွှေဒုံးဘီအောင် ရဲ့ သမီးဖြစ်သူ မခင်သန့်စင်အောင်က ဧပြီလ က ၅ ရက်နေ့မှာ ဂီတစည်းရုံးကို တိုင်ကြားခဲ့ပါတယ်။

ဒီကနေ့မှာ မြန်မာနိုင်ငံဂီတအစည်းရုံးမှာ နှစ်ဦးဖက်ကြား တွေ့ဆုံညှိနိုင်းခဲ့ပြီးနောက် မီဒီယာတွေနဲ့တွေ့ဆုံခဲ့ပါတယ်။

“ကျွန်တော်က ဗိုလ်အောင်ဒင်ဇာတ်လမ်းကို မှီလည်းမမှီခဲ့ပါဘူး။ ဗိုလ်အောင်ဒင်ဇာတ်လမ်းခွေတွေ၊ ဇာတ်ထုတ်တွေကိုသာကြားဖူးတာပါ။ ဒီသီချင်းကိုရေးခဲ့တာကလည်း သူများကိုထိခိုက်စေချင်တဲ့ရည်ရွယ် ချက်နဲ့ရေးတာမဟုတ်ကြောင်းကိုလည်း အန်တီတို့အမတို့ကို ရှင်းပြ ပြီးတောင်းပန်ခဲ့တာဖြစ်ပါတယ်။ဆရာကြီး ရွှေဒုံးဘီအောင်ကိုလည်း ကန်တော့ပြီးတောင်းပန်ခဲ့တာဖြစ်ပါတယ် ။ကြေးမုံသတင်းစာ ထဲကိုလည်း  ထည့်ပြီးတောင်းပန်ထားပါတယ်”လို့တေးသံရှင် မနောသီဆိုခဲ့တဲ့ဗိုလ်အောင်ဒင်လိုလူကြမ်း သီချင်းကိုရေးသား သူတေးရေးသဟာအောင်ကပြောပါတယ်။

“ သီချင်းတစ်ပုဒ်ကိုရေးလိုက်ပြီဆိုရင် အဆိုတော်တွေက ၀ယ်ယူပြီးဆိုမှပဲ။ ၀ယ်ယူတဲ့သီချင်းက မပေါက်တာပေါက်တာက ကျွန်တော် တို့နဲ့မဆိုင်ပါဘူး။ သက်ဆိုင်တဲ့တစ်စုံတစ်ယောက်က မကျေနပ်လို့ တိုင်ကြားခဲ့ရင် ကျွန်တော်တို့ တေးရေးတွေနဲ့ ပဲဆိုင်တာပါ”လို့ တေးရေး သဟအောင်ကပြောပါတယ်။

၁၉၃၉ ခုနှစ်မှာ ဗိုလ်အောင်ဒင် ဇာတ်ကားဝတ္တု၊ ဇာတ်ညွှန်း၊ဒါရိုက်တာအဖြစ် ဒါရိုက်တာ ရွှေဒုံး ဘီအောင်က စီစဉ်ရိုက်ကူးခဲ့ပြီးဒီကနေ့ အထိ မြန်မာပြည်သူကြားမှာ ဗိုလ်အောင်ဒင် နာမည်ဟာ ရင်းနှီးနေဆဲ လူသိများနေဆဲဖြစ်ပါ တယ်။

Credit_နှင်းနှင်း (Kumudra)





Leave a Reply

Your email address will not be published. Required fields are marked *