BREAKING NEWS

စက်⁠လှေ⁠နှင့်⁠ကျောက်တင်သ⁠င်္ဘော တိုက်မိ⁠ပြီး အနည်းဆုံး လူ⁠ပေါင်း ၂၀ ⁠သေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ နဝဒေးတစ်ဘက်ကမ်း ငဝန်မြစ်အတွင်းမှာ စက်လှေနဲ့ ကျောက်တင်သင်္ဘော တစ်စင်း တိုက်မိခဲ့ပြီး အနည်းဆုံးလူပေါင်း ၂၀ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယနေ့ ဧပြီလ ၇ ရက်နေ့ မြန်မာစံတော်ချိန် ၈း၁၀ နာရီအချိန်ခန့်မှာ ဒီမတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ ရှာဖွေ ကယ် ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံ မီးသတ်ကယ်ဆယ်ရေးဌာနရဲ့ သတင်း ထုတ်ပြန် ချက်အရ လက်ရှိအချိန်ထိ သေဆုံးသွားတဲ့ လူပေါင်း ၂၀ ရဲ့ ရုပ်အလောင်းတွေကို ဆယ်ယူထားနိုင်ခဲ့ပြီလို့ သိရပါတယ်။ ငဝန်မြစ်အတွင်း ငွေကြယ်ပွင့်စက်လှေနဲ့ နဒီဆွေဇင်ကျောက်တင်သင်္ဘောတို့ တိုက်မိခဲ့တာဖြစ်ပါတယ်။

စက်လှေနစ်မြုပ်မှုကနေ လူပေါင်း ၃၀ ခန့်လွတ်မြောက်သွားတယ်လို့ သိရပါတယ်။ သေဆုံးသူ ၂၀ ဦးထဲမှာ အမျိုးသားလေးဦး၊ အမျိုးသမီး ဆယ့်ခြောက်ဦး ပါဝင်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ လူမှုကွန်ယက်ပေါ်မှာ လတ်တလော ပျံ့နှံ့နေတဲ့ သတင်းတွေအရ ငွေကြယ်ပွင့် သင်္ဘောပေါ်မှာ ခရီးသည် ၅၀ ခန့်လိုက်ပါလာတယ်လို့ သိရပါတယ်။

၇.၄.၂၀၁၇ ရက်နေ့၊ ၂၀း၁၀ အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ နဝဒေးတစ်ဘက်ကမ်း ငဝန်မြစ်အတွင်း ပုသိမ်တမံချောင်းကမ်းနီအနီး ငွေကြယ်ပွင့်စက်လှေနှင့် နဒီဆွေဇင်ကျောက်တင်သင်္ဘောတို့ တိုက်မိမှုဖြစ်ပွားပြီး စက်လှေနစ်မြုပ် မှုဖြစ် ပွားကြောင်း သတင်းရရှိသဖြင့် ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိရာ လက်ရှိအချိန်အထိ ၃၀ဦးခန့် လွတ်မြောက်ခဲ့ပြီး၊ သေဆုံးသူ ကျား ၄ဦး၊ မ ၁၆ဦး၊ စုစုပေါင်း ၂၀ဦး၏ ရုပ်အလောင်းများအား ဆယ်ယူထားနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျှက်ရှိပါသည်။

Source by – Mizzima

Photos Credit – Mizzima





Leave a Reply

Your email address will not be published. Required fields are marked *