BREAKING NEWS

စေတာ္ဘယ္ရီသီး အရည္အေသြးေကာင္းမြန္ၿပီး အထြက္ႏႈန္းတိုးတက္ျမင့္မားေစသည့္အခ်က္မ်ား

၁။ ေဒသ၊ ေရေျမ၊ ရာသီဥတုႏွင့္ ကိုက္ညီၿပီး အလံုးႀကီး၍ အၾကမ္းခံႏိုင္ေသာ မ်ိဳးမ်ားကို ေရြးခ်ယ္စိုက္ပ်ိဳးပါ။

(ခ်န္ဒလာ၊ ေဘာ္ဆိုဘရန္ဒီ၊ ေဒါက္ကလပ္စ္၊ စကၤာပူမ်ိဳးမ်ား)

၂။ က်န္မာသန္စြမ္းၿပီး အရည္အေသြးႏွင့္ အထြက္ႏႈန္းေကာင္းမြန္ေသာ မိခင္ပင္မမွ သားတက္ (runner) မ်ားကို စိုက္ ပ်ိဳးပါ။

၃။ ပ်ိဳးပင္တြင္ အရြက္ (၄) ရြက္အနည္းဆံုး ရွိခ်ိန္မွ စိုက္ခင္းသို႔ ေရြ႕စိုက္ပါ။

၄။ စိုက္ေဘာင္အရြယ္မစား (၄×၆×၈) တြင္ ပင္ၾကား (၁၀×၁၀) အကြာ ဇစ္ဇက္ပံုစနစ္ျဖင့္ တစ္ဧကအပင္ (၃၆၀၀၀) ၀င္ဆန္႔ေအာင္ စိုက္ပ်ိဳးပါ။

၅။ စိုက္ခင္းတြင္ ခ်စိုက္ရာတြင္ စေတာ္ဘယ္ရီအျမစ္ဆံု (rown) ကို ေျမႀကီးႏွင့္ အညီ စိုက္ပ်ိဳးပါ။

၆။ စိုက္ေဘာင္ျပင္ခ်ိန္တြင္ သဘာ၀ေျမၾသဇာႏွင့္ ဓါတ္ေျမၾသဇာကို ထည့္သြင္းေပးပါ။ ေရြ႕ေျပာင္းစိုက္ၿပီး (၂) ပတ္ သားမွ စတင္၍၊ ပထမအႀကိမ္ အသီးစတင္ဆြတ္ခူးသည္အထိ ၃.၅% KNO3 ေဖ်ာ္ရည္ျဖင့္ (၂) ပတ္ (၁) ႀကိမ္ ပက္ဖ်န္းေပးပါ။

၇။ စိုက္ေဘာင္ျပင္ခ်ိန္တြင္ ေပါင္းသတ္ေဆးအသံုးျပဳ၍၊ ေပါင္းျမက္ကာကြယ္ႏွိမ္နင္းျခင္းကို ႀကိဳတင္ေဆာင္ရြက္ ေပး ပါ။ (သို႔မွသာ အပင္သက္တမ္းတစ္ေလွ်ာက္ ေပါင္းျမက္ႏွိမ္နင္းရျခင္းမွ သက္သာေစမည္ ျဖစ္ပါသည္။)

၈။ ပန္းပြင့္ခ်ိန္တြင္ အပင္ပတ္လည္ေျမႀကီးေပၚတြင္ ေကာက္ရိုးျဖင့္ စိုက္ေဘာင္ကိုဖံုးအုပ္ေပးပါ။ (စေတာ္ဘယ္ရီ အသီးႏွင့္ ေျမႀကီးထိပါက အသီးပုပ္ရိတတ္ပါသည္။)

၉။ အပင္မ်ားၾကား ေျမဆြျခင္းကို လိုအပ္သလိုေဆာင္ရြက္ပါ။ (အျမစ္၀န္းက်င္ ေလ၀င္ေလထြက္ေကာင္းမွ အပင္ သန္စြမ္းၿပီး အာဟာရဓါတ္စုပ္ယူမႈမ်ားႏိုင္ကာ အသီးအရြယ္အစားႀကီးၿပီး သီးထြက္ေကာင္းေစပါသည္။)

၁၀။ စိုက္ေဘာင္ေျမျပင္ခ်ိန္တြင္ ေျမေဟာင္းပိုးသတ္ေဆးထည့္သြင္း ကာကြယ္ေပးပါ။

၁၁။ ပိုးသတ္ေဆး၊ မႈိသတ္ေဆးမ်ား ဖ်န္းရာတြင္ အရြက္ေအာက္ဘက္အထိ ေဆးျပန္႔ႏွံ႔ ေရာက္ရွိေစရန္ Mist Blower ၊ Power Sparayer ေဆးဖ်န္းပံုးမ်ားကို အသံုးျပဳပါ။

၁၂။ အသီးမ်ား အနီေရာင္ မရင့္မီအခ်ိန္တြင္ ဆြတ္ခူးပါ။ (စေတာ္ဘယ္ရီသီးမ်ားအား (၅) ရက္ (၁) ႀကိမ္၊ ရက္ေပါင္း (၆၀) ခန္႔ ပံုမွန္ဆြတ္ခူးပါ။)

စိုက္ပ်ိဳးေရးနည္းပညာ

Unicode

စတော်ဘယ်ရီသီး အရည်အသွေးကောင်းမွန်ပြီး အထွက်နှုန်းတိုး တက် မြင့်မားစေသည့်အချက်များ

========================================================

၁။ ဒေသ၊ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီး အလုံးကြီး၍ အကြမ်းခံနိုင်သော မျိုးများကို ရွေးချယ်စိုက်ပျိုးပါ။

(ချန်ဒလာ၊ ဘော်ဆိုဘရန်ဒီ၊ ဒေါက်ကလပ်စ်၊ စင်္ကာပူမျိုးများ)

၂။ ကျန်မာသန်စွမ်းပြီး အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော မိခင်ပင်မမှ သားတက် (runner) များကို စိုက် ပျိုးပါ။

၃။ ပျိုးပင်တွင် အရွက် (၄) ရွက်အနည်းဆုံး ရှိချိန်မှ စိုက်ခင်းသို့ ရွေ့စိုက်ပါ။

၄။ စိုက်ဘောင်အရွယ်မစား (၄×၆×၈) တွင် ပင်ကြား (၁၀×၁၀) အကွာ ဇစ်ဇက်ပုံစနစ်ဖြင့် တစ်ဧကအပင် (၃၆၀၀၀) ဝင်ဆန့်အောင် စိုက်ပျိုးပါ။

၅။ စိုက်ခင်းတွင် ချစိုက်ရာတွင် စတော်ဘယ်ရီအမြစ်ဆုံ (rown) ကို မြေကြီးနှင့် အညီ စိုက်ပျိုးပါ။

၆။ စိုက်ဘောင်ပြင်ချိန်တွင် သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာကို ထည့်သွင်းပေးပါ။ ရွေ့ပြောင်းစိုက်ပြီး (၂) ပတ် သားမှ စတင်၍၊ ပထမအကြိမ် အသီးစတင်ဆွတ်ခူးသည်အထိ ၃.၅% KNO3 ဖျော်ရည်ဖြင့် (၂) ပတ် (၁) ကြိမ် ပက်ဖျန်းပေးပါ။

၇။ စိုက်ဘောင်ပြင်ချိန်တွင် ပေါင်းသတ်ဆေးအသုံးပြု၍၊ ပေါင်းမြက်ကာကွယ်နှိမ်နင်းခြင်းကို ကြိုတင်ဆောင်ရွက် ပေး ပါ။ (သို့မှသာ အပင်သက်တမ်းတစ်လျှောက် ပေါင်းမြက်နှိမ်နင်းရခြင်းမှ သက်သာစေမည် ဖြစ်ပါသည်။)

၈။ ပန်းပွင့်ချိန်တွင် အပင်ပတ်လည်မြေကြီးပေါ်တွင် ကောက်ရိုးဖြင့် စိုက်ဘောင်ကိုဖုံးအုပ်ပေးပါ။ (စတော်ဘယ်ရီ အသီးနှင့် မြေကြီးထိပါက အသီးပုပ်ရိတတ်ပါသည်။)

၉။ အပင်များကြား မြေဆွခြင်းကို လိုအပ်သလိုဆောင်ရွက်ပါ။ (အမြစ်ဝန်းကျင် လေဝင်လေထွက်ကောင်းမှ အပင် သန်စွမ်းပြီး အာဟာရဓါတ်စုပ်ယူမှုများနိုင်ကာ အသီးအရွယ်အစားကြီးပြီး သီးထွက်ကောင်းစေပါသည်။)

၁၀။ စိုက်ဘောင်မြေပြင်ချိန်တွင် မြေဟောင်းပိုးသတ်ဆေးထည့်သွင်း ကာကွယ်ပေးပါ။

၁၁။ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ ဖျန်းရာတွင် အရွက်အောက်ဘက်အထိ ဆေးပြန့်နှံ့ ရောက်ရှိစေရန် Mist Blower ၊ Power Sparayer ဆေးဖျန်းပုံးများကို အသုံးပြုပါ။

၁၂။ အသီးများ အနီရောင် မရင့်မီအချိန်တွင် ဆွတ်ခူးပါ။ (စတော်ဘယ်ရီသီးများအား (၅) ရက် (၁) ကြိမ်၊ ရက်ပေါင်း (၆၀) ခန့် ပုံမှန်ဆွတ်ခူးပါ။)

စိုက်ပျိုးရေးနည်းပညာ





Leave a Reply

Your email address will not be published. Required fields are marked *