BREAKING NEWS

ရာသီဥတု ပြောင်းလဲခြင်းကို ပိုတက်စီယမ် ဓာတ်မြေဩဇာဖြင့် ထိန်းကျောင်းခြင်း

ရာသီဥတုပြောင်းလဲခြင်းဒဏ်ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုကို ခံစားနေကြရသော်လည်း များစွာသော စိုက်ပျိုးသူ တို့မှာ ထိုအခက်အခဲများကို လက်တွေ့ကျကျရင်ဆိုင်နိုင်မည့်နည်းများကို သတိမမူခဲ့ကြပေ။ အိန္ဒိယနိုင်ငံသား  နိုဘယ်လ်ဆုရ စီးပွားရေးပညာရှင်က အိန္ဒိယနိုင်ငံတွင်  ပြဿနာရာကျော်ရှိနေသည်။ ထိုပြဿနာများကို  ဖြေရှင်းရန်လည်း နည်းလမ်းပေါင်း သန်းချီ၍ရှိသည်ဟုဆိုသည်။ ရာသီဥတုပြောင်းလဲခြင်းကြောင့် မိုးကာလတွင်ရေကြီးရေလျှံဖြစ်ရသည်။   ဆောင်းနှင့်နွေတွင် အပူချိန်လွန်ကဲပြီးရေပြတ်လပ်သည့်အဖြစ်ကို ခံစားရသည်။ ဤအခြေအနေမျိုး၌ပင် စိုက်ပျိုးသူများအနေနှင့် စိုက်ပျိုးရေးကို   အောင်မြင်စွာ လုပ်ဆောင်ရအုံးမည်ဖြစ်သည်။

ထိုသို့မပြုလုပ်နိုင်ပါက စီးပွားရေး၊ကျန်းမာရေး၊လူမှုရေးများထိခိုက်ရုံမက အဆုံးတွင် အသက်ဆက်လက်ရှင်သန်ရေးကိုပါ ထိခိုက်နိုင်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်းသန်း၄၅၀၀၊ ကမ္ဘာကြီးတည်စမှပင် ယနေ့တိုင်အောင်ရာသီဥတုများ   ပြောင်းလဲခဲ့ သည်။ပြောင်းလဲလာသောရာသီဥတုတွင် လိုက်လျောညီထွေစွာ ဆက်လက်အသက်မရှင်နိုင်သော သတ္တဝါများနှင့် အပင်များမှာ
မျိုးတုန်းပျောက်ကွယ်ကြရသည်။ ဤသည်ကို ဇီဝဗေဒပညာရှင်များက သဘာဝ၏ရွေးချယ်မှု Natural Selection ဟု   ခေါ်သည်။မြန်မာတို့ကမတော်သူသေ၊တော်သူနေSivival of the fillestဟု ဘာသာပြန်ကြသည်။ လူသားမျိုးစိတ်များ၊ လူသားမျိုးနွယ်များပင် သမိုင်းတလျောက်တွင် ပျောက်ကွယ် ခဲ့ကြသည်။ ယခုကျန်ရှိနေသော လူသားမျိုးစိတ်တစ်ခုတည်းမှ အချို့သောမျိုးနွယ်များမကြာမြင့်မီကာလအတွင်းပျောက်ကွယ်ခဲ့ကြသည်။

မြန်မာပြည်မြောက်ပိုင်းတွင် နေထိုင်ခဲ့ကြသော တရုတ်လူမျိုးများမှာ လွန်ခဲ့သောဆယ်စုနှစ်အနည်းငယ်ကပင် မျိုးတုန်း
ပျောက်ကွယ်သွားခဲ့ပြီးဖြစ်သည်။ ရာသီဥတုပြောင်လဲခြင်းမှာ ကမ္ဘာ့နေရာအနှံ့တွင်ဖြစ်ပေါ်နေသော်လည်း သက်ရောက်မှု များမှာ တူညီမှုမရှိပါ။ နေရာဒေသနှင့် အချိန်ကာလအရကွာခြားမှုကြီးမားစွာရှိနေသည်။ Heterogenous ရာသီဥတုပြောင်းလဲခြင်း   ကြောင့်ဖြစ်ပေါ်လာသော စိုက်ပျိုးရေးဆိုင်ရာ အခက်အခဲများကို ကျေလွှားရန်စိုက်ပျိုးသူတိုင်းတွင် ကြိုတင်ပြင်ဆင်မှုများ ရှိရန်လိုအပ်သည်။ ထို့ကြောင့် ကြောင်လည်ပင်းတွင် ခေါင်းလောင်းဆွဲရမည့်ကြွက်တို့၏ အကြံအစည်မျိုးကား လက်တွေ့တွင် အသုံးတည့်မည်မဟုတ်ပေ။ အိန္ဒိယစီးပွားရေးပညာရှင်ကဲ့သို့ပင် ပြဿနာတစ်ခုကို ဖြေရှင်းရန်နည်းလမ်းများစွာ    ရှိပါလိမ့်မည်။ ဤဆောင်းပါးတွင် ပိုတက်စီယမ်မြေ သြဇာများ အသုံးပြု၍ ရာသီဥတုပြောင်းလဲခြင်းကို ဖြေရှင်းရန် တင်ပြခြင်း   ဖြစ်သည်။

ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ရန် ဤနည်းမှာ တစ်ခုတည်းသောနည်းမဟုတ်ပါ။ မတူကွဲပြားသောနည်းပေါင်းများစွာ
မှ တစ်နည်းသာဖြစ်ပါသည်။

ပိုတက်စီယမ်မြေဩဇာ

=============

ပိုတက်စီယမ်သည် ကမ္ဘာ့မြေသားတွင် သတ္တမမြောက်အများဆုံးဒြပ်စင်ဖြစ်သည်။ ဤမျှများပြားသော ဒြပ်စင်ဖြစ်သည့်တိုင်
အောင် စိုက်ပျိုးမြေများစွာနှင့် သီးနှံပင်များအတွက် မလုံလောက်မှုရှိတတ်သည်။ ထို့ကြောင့် စိုက်ပျိုးထားသော သီးနှံများတွင်
ပိုတက်စီယမ်ချို့တည့်မှုဖြစ်ပေါ်ပြီး ထိခိုက်မှုများ ၊အထွက်နှုန်းကျဆင်းမှုများဖြစ်လေ့ရှိသည်။ ပိုတက်စီယမ်မှာ အပင်များ မရှိမဖြစ် လိုအပ်သော ဒြပ်စင်၁၇ မျိုးအနက် အဓိကအများလိုအုပ်စု Primary Macro Element မှဒြပ်စင်တစ်မျိုးဖြစ်သည်။ ထိုအုပ်စုမှ အခြားဒြပ်စင်နှစ်မျိုးမှာ နိုက်ထရိုဂျင် N နှင့်ဖော့စဖရပ် P တို့ဖြစ်သည်။ စိုက်ပျိုးသူများအနေနှင့် မိမိတို့စိုက်ပျိုးသော သီးနှံများကို မြေဩဇာကျွေးရာတွင် ထို N-P-K ကိုအဓိကထား ကျွေးကြသည်။

အပင်များ၏ ပင်ပိုင်းအင်္ဂါများဖြစ်သော အရွက်၊အကိုင်း၊ပင်စည် များ ကြီးထွားရန် နိုက်ထရိုဂျင်မြေဩဇာကို အသုံး
ပြုကြပြီး အပင်များ၏ လိင်အင်္ဂါများဖြစ်သော အပွင့်၊အသီး၊အစေ့များကြီးထွားရန် ဖော့စဖရပ်ကို အသုံးပြုကြသည်။ စိုက်ပျိုးသူအများက ပိုတက်စီယမ်ကိုကား အလေးထားကျွေးရန် ပျက်ကွက်ကြသည်။ ဤသို့ဖြစ်ရခြင်းမှာ ပိုတက်စီယမ်   မြေဩဇာများ၏ အခန်းကဏ္ဍနှင့် အာနိသင်ကို ကောင်းစွာမသိကြခြင်းကြောင့်လည်းဖြစ်သည်။ ထို့ပြင်ပိုတက်စီယမ်၏ သက်ရောက်မှုကို နိုက်ထရိုဂျင်မြေဩဇာများကဲ့သို့ ရက်အနည်းငယ်အတွင်း ထင်သာမြင်သာမတွေ့ရှိရခြင်းကြောင့်ဖြစ်သည်။ ပိုတက်စီယမ်၏ကြီးမားသော အကျိုးသက်ရောက်မှုကို သီးနှံရိတ်သိမ်းချိန်တွင်သာ တွေ့နိုင်၍  အလေးမထားမိကြခြင်း   ဖြစ်သည်။ ပိုတက်စီယမ်၏ အကျိုးသက်ရောက်မှုကို အုပ်စု ၄ မျိုးဖြင့်ခွဲခြားတင်ပြနိုင်သည်။

ပိုတက်စီယမ်သည် သီးနှံပင်များ၏ ကျန်းမာခြင်း Health အတွက် အရေးကြီးသည်။ ကျမ်းမာခြင်းဆိုသည်မှာ ရာသီဥတုနှင့်
ရောဂါပိုးမွှားဒဏ်ကို ခံနိုင်စေရုံမက ပူလွန်းခြင်း၊အေးလွန်းခြင်း၊ရေများလွန်းခြင်း၊ရေငတ်ခြင်း၊လေပြင်းတိုက်ခတ်ခြင်း
စသည့်ဒဏ်များကို ခံနိုင်ရည်ရှိစေခြင်းဖြစ်သည်။ ပိုတက်စီယမ်အနေနှင့် သီးနှံပင်များ၏အရည်အသွေး Quality ကိုလည်း
ကောင်းမွန်စေသည်။ မတူကွဲပြားသောသီးနှံများအလိုက် မတူကွဲပြားသောအရည်အသွေးများ ကိုယ်စီရှိနေကြသည်။
နှင်းဆီပန်းတစ်ပွင့်၏ အရည်အသွေးနှင့် ရွှေဖယုံသီးတစ်လုံး၏ အရည်အသွေးမတူနိုင်ပါ။နှင်းဆီပန်း၏အရည်အသွေး
များမှာမွှေးရမည်၊ လှပရမည်၊ အရောင်စိုပြေတောက်ပရမည်၊ တာရှည်ခံရမည်။ရွှေဖယုံသီးတစ်လုံးတွင် ရှိရမည့်အရည်အသွေး
များမှာကား  အရွယ်ကြီးရမည်၊ အလေးချိန်စီးရမည်၊ အသားထူရမည်၊ စားကောင်းရမည်၊ စေးရမည်ဖြစ်သည်။ ပိုတက်စီယမ်   မြေဩဇာများ၏ အခြားအာနိသင်တစ်မျိုးမှာ အလင်းမှီအစာဖွဲ့ခြင်းPhotosynthesis နှုန်းကို   ကောင်းစေခြင်းဖြစ်သည်။ အရွက်များသည် နေရောင်ခြည်၏ စွမ်းအင်ကို အသုံးပြုပြီး လေထဲမှ ကာဘွန်ဒိုင်အောက်ဆိုက်နှင့် အမြစ်မှစုပ်ယူရရှိသော   ရေတို့ဓာတ်ပြုပြီးကစီ(သကြား)ကိုဖြစ်စေသည်။ ဤဖြစ်စဉ်ကို အလင်းမှီအစာဖွဲ့ခြင်းဟု ခေါ်သည်။ ပိုတက်စီယမ်သည် ထိုဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း ထိုဖြစ်စဉ်တွင် အရေးပါသော ကဏ္ဍအချို့မှ ပါဝင်နေသည်။ ထို့ကြောင့် ပိုတက်စီယမ်မှာသီးနှံအထွက်နှုန်းကိုသာမက  ဇီဝဓာတုဖြစ်စဉ်များတွင် အရေးပါကြောင်းတွေ့ရှိရသည်။

သကြားမုန်လာ(Suger Beet)၊ အာလူး၊ ပီလောပီနံ၊ ကန်ဇွန်းဥ တို့ကဲ့သို့မြေအောင်းအင်္ဂါများတွင် သိုလှောင်စာ အမြောက်အမြား သိုလှောင်သော သီးနှံမျိုးတွင် ပိုတက်စီယမ်ကို အခြားသီးနှံများထက်ပို၍ လိုအပ်သည်။ သုတေသီများ ၏လေ့လာချက်အရစပါးကဲ့သို့ နှံစားသီးနှံပင်များ၏ကြီးထွားနှုန်းအမြင့်ဆုံးကာလ၌ပင်   စိုက်ခင်းတစ်ဟက်တာ(၂.၄၇ ဧက)တွင်တစ်ရက်၌ပိုတက်စီယမ် ၆ ကီလိုစားသုံးပြီး၊ သကြားမုန်လာစိုက်ခင်းက ၈ ကီလိုစားသုံးကြောင်း တွေ့ရှိရသည်။ ပိုတက်စီယမ်၏ စတုတ္ထသက်ရောက်မှုမှာကား အလင်းမှီအစာဖွဲ့ခြင်းဖြစ်စဉ်ဖြင့် အရွက်အတွင်းဖြစ်ပေါ်လာသော ကစီ(သကြား) Photosynlhateများကို အစာသိုလှောင်အင်္ဂါများဖြစ်သော အစေ့၊အသီး၊ဥ များစီသို့ရွှေ့ပြောင်းပေးခြင်းTranslocation ပင်ဖြစ်သည်။ ပိုတက်စီးမ်မှ ထိုသို့အစာများရွှေ့ပြောင်းခြင်းကိစ္စအတွက် အဓိကတာဝန်ရှိသည့်ဒြပ်စင်ဖြစ်သည်။

အကယ်၍ ထိုသို့အရွက်အတွင်းဖြစ်ပေါ်လာသော အစာများကို သိုလှောင်အင်္ဂါများဆီသို့မပို့ဆောင်နိုင်ပါက အလင်းမှီ အစာဖွဲ့ခြင်းပါတန့်ဆိုင်းသွားမည်ဖြစ်သည်။ ပိုတက်စီယမ်လုံလောက်စွာ စားသုံးရသောစပါးကဲ့သို့ နှံစားသီးနှံများ၏ အစေ့အရည်အတွက်ကို တိုးစေသည်။ တစ်စေ့ခြင်း၏ အလေးချိန်ကိုလည်း တိုးစေသည်။

ပိုတက်စီယမ်မြေဩဇာ အသုံးပြုရန် လိုအပ်ခြင်းအကြောင်း
=================================
စိုက်ခင်း၏မြေဆီလွှာအတွင်းရှိနေသော ပိုတက်စီယမ်အနည်းငယ်ကိုသာ သီးနှံပင်များအနေနှင့် စုပ်ယူစားသုံနိုင်သည်။ ထိုသို့ စားသုံးနိုင်သော ပိုတက်စီယမ်တို့မှာ မြေဆီလွှာရေထဲတွင်ပျော်ဝင်ပြီးသော ပိုတက်စီယမ်များသာဖြစ်သည်။ ထိုသို့
ရေပျော်ပြီး သောပိုတက်စီယမ်(သို့မဟုတ်)အပင်များက ချက်ချင်းစားသုံးနိုင်သော ပိုတက်စီယမ်ပမာဏမှာ အပင်များလိုအပ်   သောပမာဏထက်များစွာ လျော့နည်းနေသည်။မြေဆီလွှာအတွင်းရှိနေသော အခြားပိုတက်စီယမ်များမှာ အပင်များစားသုံး
နိုင်သော ရေပျော်အဆင့်သို့ရောက်ရန် အချိန်အတန်ကြာလိုအပ်သည်။ ထိုသို့ချက်ချင်းမစားသုံးနိုင်သေးသော ပိုတက်
စီယမ်များစားသုံးနိုင်သော ရေပျော်အဆင့်သို့ရောက်ရှိရန်မှာ အချိန်အတန်လိုအပ်ခြင်း၊ ပျော်ဝင်လာသော ပိုတက်စီယမ် ပမာဏထက် အပင်၏ လိုအပ်မှုကများစွာ ပိုများနေခြင်းကြောင့် အခက်ကြုံရသည်။

ဤအခြေအနေတွင် ပိုတက်စီယမ်မြေဩဇာများကို အသုံးပြုခြင်းကအမှန်ကန်ဆုံးနှင့် အကောင်းဆုံးလုပ်ရပ်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးစအချိန်အထိ ပိုတက်စီယမ်မြေဩဇာများကို စားသုံးခြင်းကိုအလေးမထားမိခဲ့ကြပေ။ ဓာတ်မြေဩဇာ လုပ်ငန်းများတွင်နိုက်ထရိုဂျင်မြေဩဇာများကိုသာ အလေးထားသုံးစွဲလာခဲ့ကြသည်။ ဓာတ်မြေဩဇာများအသုံးပြုရာတွင်   မြေဆီလွှာကိုဓာတ်ခွဲခြင်း၊ ကွန်ပြူတာများအသုံးပြု၍ အသုံးပြုရမည့်ပမာဏကို တိကျစွာမတွက်ချက်နိုင်သေးခင်ကာလများက မဩဇာအသုံးပြုမှုမှာ ပူးတွဲဆက်နွယ်စီမံအသုံးချမှု Integrated FertilizerManagement မရှိခဲ့ပေ။၁၉၉၅ ခုနှစ်လွန်သော အခါမှ ထိုစနစ်ဖြင့် အသုံးပြုလာသောအခါဓာတ်မြေဩဇာအသုံးပြုမှုပမာဏလျော့ကျသွားသည်။

ဓာတ်မြေဩဇာလေလွင့်မှုများ လျှော့ချနိုင်ခြင်းကြောင့်ဖြစ်သည်။ ပိုတတ်စီယမ်ဓာတ်မြေဩဇာအသုံးပြုရာတွင်လည်း   မြေဆီလွှာမှ အပင်ကစုပ်ယူစားသုံးသောပမာဏနှင့် လိုက်လျောညီထွေသောပမာဏကိုသာ ထပ်ကျွေးရန် လိုအပ်သည်။ အကယ်၍နိုက်ထရိုဂျင်သော်လည်းကောင်း ဖော့စဖရပ်သော်လည်းကောင်း လိုအပ်သည့်ပမာဏထက်ပိုသွားပါက သီးနှံပင်အားဆိုးကျိုးဖြစ်စေသော်လည်း ပိုတက်စီယမ်မှာကား ထိုသို့သောသက်ရောက်မှုမျိုး မရှိပေ။ သို့သော် မလိုအပ်ဘဲ ပိုသုံးခြင်းကစီးပွားရေးအရ ဆုံးရှုံးမှုကိုဖြစ်စေသည်။ ပိုတက်စီယမ်သည် အရွက်မှဆဲလ်များကို တင်းကားစေခြင်းကြောင့် အရွက်များပိုမိုပြန့်ကားခြင်း၊ ပိုမိုထောင်မတ်ခြင်းကြောင့် အလင်းရောင်ပိုရရှိပြီး အဆုံးတွင် အလင်းမှီအစာဖွဲ့နှုန်းကိုတိုးစေသည်။

ပိုတက်စီယမ်သည် အပင်များအား အခြားသောအာဟာရဒြပ်စင်များကို ပိုမိုစုပ်ယူရန် အားပေးသည်။အဆုံးတွင်အထွက်တိုး    စေသည်။ ပိုတက်စီယမ်သည် ရေကို အပင်အတွင်းထိန်းသိမ်းသိုမှီးရာတွင် အထောက်အကူဖြစ်စေသောကြောင့်
အပင်အား ရေငတ်ဒဏ်မှ ကာကွယ်ပေးသည်။ ပိုတက်စီယမ်သည် အပင်၏ လေပေါက်ငယ်Stomaများ၏ အဖွင့်အပိတ်ကို ထိန်းချုပ်နိုင်ခြင်းကြောင့် အပင်မှရေဆုံးပါးမှုကို စတိုမာများပိတ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ပိုတတ်စီယမ်သည် အပင်များ အတွင်းမှရေဆုံးပါးမှုကို ကာကွယ်နိုင်သဖြင့် အသက်ရှင်စဉ်၌သာမက ခူးဆွတ်ပြီးစအပင်များလွယ်ကူစွာ မနွမ်းဘဲ တာရှည် လန်းဆန်းစေနိုင်သည်။ ပိုတက်စီယမ်သည် အပင်များအားရုပ်ပိုင်းဆိုင်ရာခိုင်ခန့်၍ အထောက်အကူဖြစ်စေသဖြင့် ရာသီဥတု   ပြင်းထန်သောဝန်းကျင်တွင် လွယ်ကူစွာ ထိခိုက်မှုမဖြစ်စေပါ။

ပိုတက်စီယမ်မြေဩဇာများ
===============
အထင်ရှားဆုံးပိုတက်စီယမ်ပါဝင်သည့် မြေဩဇာPotassium Carrier သုံးမျိုးမှာ ပိုတက်စီယမ်နိုက်ထရိတ်၊ ပိုတက်စီယမ် ဆာလ်ဖိတ်၊မြူးရီးရိတ်အောဖ့်ပိုတက်တို့ဖြစ်သည်။ ထိုပိုတက်မြေဩဇာ ၃ မျိုးအနက်  ပိုတက်စီယမ်နိုက်ထရိတ်မှာ အကောင်းဆုံးဖြစ်ပြီး၊ ဒုတိယအနေနှင့် ပိုတက်စီယမ်ဆာလ်ဖိတ်ဖြစ်ပြီး ပိုတက်စီယမ်ကလိုရိုဒ်မှာ အညံ့ဆုံးဖြစ်သည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်ဖြေရှင်းရာတွင် ပိုတက်စီယမ်ဓာတ်မြေဩဇာများ၏ အာနိသက်ကွာခြားမှုကို
စိုက်ပျိုးသူအနေနှင့် သတိပြုသင့်သည်။မြူးရီးရိတ်အောဖ့်ပိုတက်တွင် ပါဝင်သောကလိုရင်းအဆိပ်သင့်မှုကို လျော့ချရန်
ကယ်လ်စီယမ်မြေဩဇာများကို အသုံးပြုကြသည်။ ကလိုရင်းပါသောအခြားဓာတ်မြေဩဇာများကိုလည်း ရှောင်ကြသည်။

လူနှင့်တိရ စ္ဆာန်များအတွက်ပိုတက်စီယမ်

========================

ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို စိုက်ပျိုးသီးနှံများသာမက လူနှင့်တိရစ္ဆာန်များလည်း ခံစားရသည်။ ပိုတက်စီယမ်ချို့တည့် မှုကြောင့်(သို့မဟုတ်)ပိုတက်စီယမ်ချို့တည့်သော စိုက်ပျိုးရေးထွက်ကုန်များကို စားသုံးရသောလူနှင့်တိရ စ္ဆာန်များ၏
ကျန်းမာရေးကို ကြီးမားစွာထိခိုက်စေသည်။ ပိုတက်စီယမ်မှာ လူနှင့်တိရ စ္ဆာန်တို့၏ ကိုယ်ခန္ဓာထဲတွင် ဆိုဒီယမ်(အိမ်သုံးဆား)
နှင့် ၂:၁ ရှိရန် လိုအပ်ကြောင်း ဆေးပညာရှင်များ၏ သုတေသနအရသိရှိရသည်။ အကယ်၍ပိုတက်စီယမ် နှင့် ဆိုဒီယမ်
အချိုးမှာ၂:၁မဟုတ်ဘဲ ဆိုဒီယမ်ကလိုအပ်သည်ထက်များလာပါက  သွေးတိုးရောဂါဖြစ်စေပါသည်။ အာရုံကြောများ ၊ကြွက်သားများနှင့် နှလုံးခုန်ခြင်းကိုပါထိခိုက်စေသည်။

သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်တွင် ပိုတက်စီယမ် ၁၂၀ ရှိရန် လိုအပ်သည်။ အကယ်၍ လူနှင့်တိရ စ္ဆာန်များအနေနှင့်
ပိုတက်စီယမ်ကို လုံလောက်စွာစားသုံးရပါက ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို ပို၍ခံနိုင်ရည်ရှိမည်ဖြစ်သည်။ သီးနှံအမျိုးအစား   ပေါ်လိုက်၍ ယင်းတို့အတွင်းပါဝင်သော ပိုတက်စီယမ်ပမာဏမတူကြပေ။ လူတို့စားသုံးသော အစာများတွင် ပိုတက်
စီယမ် အကြွယ်ဝဆုံးသောအစာမှာ ဌက်ပျောသီးဖြစ်သည်။ သာမန်ဌက်ပျောသီးတစ်လုံးတွင် ပိုတက်စီယမ်ဝ.၄ ဂရမ် ပါဝင်သည်။ ထိုပမာဏမှာ လူတစ်ယောက်တစ်ရက်တာစားသုံးရန် လိုအပ်သည့် ပိုတက်စီယမ်၏ ၁၁ % သာဖြစ်သည်။ ဌက်ပျောသီး အောက်ပိုတက်စီယမ်ကြွယ်ဝသော သီးနှံနှစ်မျိုးမှာ အာလူး နှင့် မုန်လာဥနီ တို့ဖြစ်သည်။

သာမာန်အာလူးတစ်လုံးတွင် ပါဝင်သော ပိုတက်စီယမ်ပမာဏမှာ လူတစ်ယောက်တစ်နေ့တာလိုအပ်ချက်၏ ၂၁ %   ဖြစ်သည်။နွားနို့မှာလည်း ပိုတက်စီယမ်ကြွယ်ဝသော အစားအစာတစ်မျိုးဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို ခံနိုင်ရည်
ရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာလုပ်ကိုင်နိုင်ရန် အကြောင်းတစ်ရပ်အနေဖြင့် ပိုတက်စီယမ်မြေဩဇာများ အသုံးပြုခြင်းကို တင်ပြခြင်းဖြစ်ပါသည်။ စိုက်ပျိုးသူလူသားနှင့်မွေးမြူရေးတိရ စ္ဆာန်များအတွက်ပါ ပိုတက်စီယမ်၏ အရေးပါ
ပုံကို ပူးတွဲဖော်ပြပါသည်။

Credit – ဦးဖရက်သိန်းဖေ





Leave a Reply

Your email address will not be published. Required fields are marked *