BREAKING NEWS

တရားမဝင်ကုန်စည်စီးဆင်းမှု တားဆီးထိန်းချုပ်⁠ရေးစီမံချက် မတ် (၁)ရက် စမည်

 တရားမဝင်ကုန်စည်စီးဆင်းမှု တားဆီးထိန်းချုပ်ရေးစီမံချက်အား မတ် (၁)ရက်မှစ၍ အကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ကပြောပါတယ်။

မနေ့က ကျင်းပတဲ့ တရားမဝင်ကုန်စည်များ တားဆီးထိန်းချုပ်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများ ညှိနှိုင်းအစည်းအဝေး ပွဲမှာ ပြည်ထောင်စုဝနကြီး ဦးကျော်ဝင်းက အထက် ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အကောက်ခွန် ဦးစီးဌာနအနေနဲ့ တရားမဝင်ကုန်စည် သယ်ဆောင်မှုများ တားဆီးရေးကိုရေရှည်နှင့် ကာလတိုလုပ်ငန်းစဉ် (၂) ရပ်ဖြင့် တားဆီးထိန်းချုပ်သွားမှာဖြစ်ပြီး၊ အစီအမံအား ပထမအဆင့် ကချင်ပြည်နယ်၊ ဒုတိယအဆင့် ရှမ်း၊ ကရင်၊ ပဲခူးတိုင်းဒေသကြီး၊ တတိယ အဆင့် စစ်ကိုင်း၊ တနင်္သာရီ တိုင်းဒေသကြီးတွေမှာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရပါတယ်။

နယ်စပ်ဂိတ်များတွင် ကုန်စည်စီးဆင်းမှုအား နှစ်ဖက်နိုင်ငံ အကောက်ခွန်ဦးစီးဌာနတို့ ညှိနှိုင်းကာ ခွင့်ပြုသင့် / ခွင့်မပြုသင့်သည့် ပစ္စည်းများ အားညှိနှိုင်း သွားရန်ဖြစ်ကြောင်း၊ ပြည်တွင်း တရားမဝင် ကုန်စည်များ မရောင်းချနိုင်ရန် အသိပညာပေးလုပ်ငန်းစဉ်များ ဆောင်ရွက်သွား ရန်ဖြစ်ကြောင်း၊ တရားဥပဒေနှင့် အညီ လုပ်ကိုင် ဆောင်ရွက်နိုင်သည့် ကုန်စည်စီးဆင်းမှု လမ်းကြောင်းမှန်ပေါ်သို့ ရောက်အောင် ဆွဲ တင်ရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အဲ့ဒီအစည်းအဝေးပွဲမှာ ပြောပါတယ်။

စစ်ဆေးဂိတ်များတွင်စစ်ဆေးသည့် သတင်းများနှင့် ဖမ်းဆီးရရှိသည့်သတင်းများအား အချိန်နှင့်တစ်ပြေးညီထုတ်ပြန်နိုင်ရေးမီဒီယာများနှင့် ဆက်သွယ်ဆောင်ရွက်ထားပြီး၊ ဖမ်းဆီးရမိတဲ့ ပစ္စည်းရဲ့ ၅၀ရာခိုင်နှုန်း ကိုဆုချီးမြှင့်မည်ဖြစ်ပြီး ပါဝင်ဖမ်းဆီးသည့် ဝန်ထမ်းများအား ဂုဏ်ယူချီးမြှင့်ခြင်းဖြစ်ကြောင်း လည်း သိရပါတယ်။

Source by –  MOI




Leave a Reply

Your email address will not be published. Required fields are marked *