အ⁠သေးစားငါး⁠မွေး⁠မြူ⁠ရေးလုပ်ငန်းများ ထပ်မံ၍ အ⁠ကောင်အထည်⁠ဖော်⁠ဆောင်ရွက်သွားမည်

 ပြည်တွင်းအခြေစိုက် NGO တစ်ခုဖြစ်တဲ့ World Fish အနေနဲ့ အသေးစားငါးမွေးမြူရေး လုပ်ငန်းများကို ထပ်မံ၍ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
ငါးလုပ်ငန်းအခြေခံသည့် သုတေသနလုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ၊အသေးစားငါးမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း World Fish မှ Country Manager Michael J.Akester က ပြောပါတယ်။
“စပါးခင်းထဲမှာငါးရှိတယ်၊ စပါးခင်းထဲမှာ ငါးထည့်ပေးခြင်းအားဖြင့် စပါးစိုက်တောင်သူတွေ ငါးတွေပိုရလာမယ်။ စပါးနဲ့ငါးတွဲရက်မွေမြူ တာကို သုတေသနလုပ်ငန်းတွေစလုပ်နေပြီ။ တိုးချဲ့ဆောင်ရွက်ဖို့ကို မကြာခင်မှာ စီမံကိန်းတစ်ရပ်အနေနဲ့ ဆောင်ရွက်သွားမှာပါဖြစ်ပါ တယ်။”
ငါးနှင့် စပါးတွဲဖက်မွေးမြူမှုဟာ အောင်မြင်မှုရှိကြောင်း ဒေါက်တာမြင့်စိန်က ပြောပါတယ်။
“ငါးနှင့် စပါး တွဲဖက်မွေးမြူတာ ဒီနှစ်တော့တော်တော်အောင်မြင်ပါတယ်။ ငါးတွေဆိုလည်း အကြီးကြီးတွေရတယ်။ ဒီနည်းလမ်းက စမ်းပြီးလုပ်နေတာတော့ကြာပါပြီ။ ကျန်တဲ့တောင်သူတွေကိုလည်း မကြာခင်မှာ ချပြဖို့ရှိပါတယ်။ အရင်ဆုံးဒီလိုနည်းနဲ့မွေးချင်ရင် ကျွန်တော်ဆီအရင်လာပြီး ကြည့်စေချင်တယ်”
မြန်မာနိုင်ငံတွင် အသေးစားမွေးမြူရေးလုပ်ငန်းများပေါ်ပေါက်လာစေရန်အတွက် သြစတြေးလျနိုင်ငံနှင့် အီယူနိုင်ငံတို့မှ ထောက်ပံ့မှုများ ပေးနေပြီး World Fish မှ အဓိကတာဝန်ယူလုပ်ဆောင်နေကြောင်း၊ World Fish မှ စီမံကိန်းမျာကို ၂၀၁၂ခုနှစ်မှ စတင်၍ ၂၀၁၆ ခုနှစ်ထိ လုပ်ဆောင်မှုများရှိပြီး ဆက်လက်၍လည်း စီမံကိန်းများလုပ်ဆောင်သွားရန်ရှိကြောင်း၊ ၄င်းအဖွဲ့အစည်းအနေဖြင့်လည်း ငါးလုပ်ငန်းနှင့် ပတ်သတ်၍ စီမံခန့်ခွဲမှုဥပဒေများ လုပ်ကိုင်နေပြီး အသေးစားငါးဖမ်းလုပ်ငန်း၊ ရေချိုငါးဖမ်းလုပ်ငန်း၊ ကမ်းခြေဒေသငါးဖမ်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်မှုများရှိကြောင်း လည်း သိရပါတယ်။
အေးအေးကျော် (Pissaya)




Leave a Reply

Your email address will not be published. Required fields are marked *