BREAKING NEWS

ရန်ကုန်⁠မြို့ လမ်းပိတ်ဆို့မှု မိုးပျံရထားနဲ့ေ⁠ဖြရှင်းဖို့ ဂျပန်နဲ့ တိုင်ပင်⁠နေ⁠ပြီ

ရန်ကုန်မြို့ထဲကနေ မင်္ဂလာဒုံလေဆိပ်ကို ဖြတ်ပြီး ဟံသာဝတီလေဆိပ်ကို ဆက်သွယ်မယ့် မိုးပျံရထားလမ်းကို တောင် – မြောက် ဖောက်လုပ်မှာဖြစ်လို့ဂျပန်နိုင်ငံနဲ့ ဆွေးနွေးနေတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောတယ်။

ဝန်ကြီး ဦးသန့်စင်မောင်က ‘မိုးပျံက ဘယ်မှာစဉ်းစားရမလဲဆိုတော့ ရန်ကုန်မှာ စဉ်းစားရမယ်၊ အဲဒီအတွက် ကျွန်တော်တို့ အခု ဂျပန်က ဝန်ကြီးနဲ့ ကျွန်တော်နဲ့ တိုင်ပင်ထားတာရှိတယ်”လို့ လွှတ်တော်အစည်းအဝေးပြီးဆုံးချိန် မီဒီ ယာ တွေကို ပြောပါတယ်။

လောလောဆယ် ရန်ကုန်နဲ့ မင်္ဂလာဒုံဖြတ်ပြီး တောင်မြောက် UMRT စနစ်ဆောက်လုပ်ဖို့ စီစဉ်နေတာပါ။  ရန်ကုန်မြို့ရဲ့ တချို့လမ်းကျဉ်း နေရာတွေမှာတော့ ကားလမ်းအောက်ကနေ မြေအောက်မီးရထားလမ်းဖောက်လုပ် ဖို့လည်း ဆွေးနွေးနေတဲ့အချက်ထဲ မှာ ပါဝင်ပါတယ်။

“ခြောက်လမ်းဆိုတာ တကယ်တမ်းပြောရရင် ကျဉ်းတယ်၊ အဲဒီတော့ မြေအောက်ကသွားတယ်၊တချို့နေရာ မြေမရှိရင် မော်တော်ကား လမ်းအောက်ကသွားမယ်၊အဲဒါကအလွယ်ဆုံးပဲတိုက်တွေအောက်မှာဆို အုတ်မြစ်တွေနဲ့ တော်တော်ခက်တယ်၊ အဲဒီဟာမျိုး ဘယ်ဟာက ဖြစ်သင့်တာ လဲပေါ့” လို့ ဝန်ကြီးကဆိုပါတယ်။

သူက “နောက်တစ်ခါက မြေပေါ်က သွားတဲ့ဟာ ၊ မြေထဲက သွားတဲ့ဟာကလဲရှိမယ်၊ တချို့ တော်တော်များများ metro (မြေအောက် မီးရထားစနစ်) တွေက မြေအောက်လဲသွားရတယ်၊ မြေပေါ်လဲသွားရတယ်၊ သူ့ရဲ့ ပထဝီအနေ အထား မြေအနေအထားအရ သွားပါ တယ်” လို့ ဆက် ပြောပါတယ်။

သည်ရထားလမ်းဖောက်လုပ်နိုင်ရေး မတ်လမှာ ထပ်မံဆွေးနွေးကြဦးမှာဖြစ်ပါတယ်။

မြေအောက် ရထားဖောက် လုပ်မှုတွေက ကုန် ကျစရိတ်များ တာ ကြောင့် ပြည်သူ လူထုအမှန်တကယ်အကျိုးရှိမှာ လားဆိုတာကို  ကြည့် ရမှာဖြစ်ပါတယ်။ ပြည် သူ အမှန်တကယ် အကျိုးရှိရင် တော့ အစိုးရအတွက် အရင်းများတဲ့ လုပ်ငန်းဖြစ်ပေမဲ့လည်း နှစ်ရှည်ပြန်လည် ရရှိ မှုကို ကြည့်ပြီး နိုင်ငံတကာကူညီငွေတွေချေးငွေတွေနဲ့ ဆောင်ရွက်ဖို့ စဉ်းစားကြရ တာ ဖြစ်ပါတယ်။

ရထားလမ်းဖောက်လုပ်မှုတွေမှာ မြေပြင်ပေါ်မှာ တစ်ကျပ်ဆိုရင် လေထဲမှာ ၁၀၊ မြေအောက်မှာ ၁၀ဝ၊ ၁၀ ဆ ကွာတယ်လို့ သိရပါတယ်။

ဝန်ကြီးက “လုပ်ဖို့ရာက အမြဲတမ်း access flexible ဖြစ် မဖြစ် ပေါ့၊ ငွေရေးကြေးရေးက ဖြစ် မဖြစ် အင်ဂျင်နီယာ ဆာဗေး အရင်လုပ်တယ်၊ လုပ်ပြီးတော့မှ ငွေရေးကြေး ရေးအရ flexible ဖြစ် မှ သူများ နိုင်ငံတွေကလဲ ကူညီမှာ ၊ သူများ နိုင်ငံတွေကလဲ အလကား အကူအ ညီကို ဘယ်တော့မှမရဘူး၊  effect ရှိမှ စီးပွားရေးတွက်ခြေ ကိုက်မှ ၊ အရင်းသည် နှစ် ၃၀ လောက်ကြာရင် ကျေမယ်ဆိုရင် တော့ လုပ်နိုင် တယ်˘ လို့ ရှင်းပြ တယ်။

ရန်ကုန်မြို့တွင်း ကားလမ်းတွေ ပိတ်လာတာနဲ့အမျှ မီးရထားတွေကို ပြည်သူလူထုအသုံးပြုမှု မြင့်တက်လျက် ရှိတဲ့ ကာလလည်း ဖြစ်နေ ပါတယ်။ အချိန်မှန်ဆိုက်ရောက် ထွက်ခွာနိုင်မှုနဲ့ ရထား သန့်ရှင်းရေးတွေ ကောင်းလာဖို့ကို ပြည်သူတွေက တိုက်တွန်းနေကြပေမဲ့ အသင့် အတင့်ရှိတဲ့ ဝန်ဆောင်မှုတစ်ရပ်အပေါ် ပြည်သူတွေက မီးရထားကို မှီခိုသွားလာမှုတွေ မြင့်တက်နေတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေ အနေတွေအရ မီးရထားစနစ်ကောင်းမွန်လာတာနဲ့ စီးပွားရေး တွက်ခြေကိုက်မှုကလည်း ရှိလာမှာဖြစ်ပါ တယ်။

Credit – ကုမုဒြာ





Leave a Reply

Your email address will not be published. Required fields are marked *